မင်္ဂလာပါဗျာ ဝေယံအိမ်သစ်လေးမှ ကြိုဆိုပါတယ် ဒီကနေ့ဟာပျော်ရွှင်စရာနေ့လေးဖြစ်ပါလို့ဆုတောင်းလိုက်ပါတယ် ကျွန်တော့အိမ်သစ်ကလေးဟာ တော်လို့တတ်လို့ ပြုလုပ်ထားခြင်းမဟုတ်ပါ လေ့လာသင်ယူရင်းနဲ့ ဖြန့်ဝေမူများလုပ်နေခြင်းဖြစ်ပါသည် အားလုံးကိုကျေးဇူးတင်ပါတယ်

Monday, November 5, 2012

မြို့နယ် ၂၆ မြို့နယ်၌ GSM တယ်လီဖုန်း ဆက်သွယ်မှုအား ယာယီ ဆိုင်းငံ့ သွားမည်

MRTV4



ရန်ကုန်တိုင်း ဒေသကြီး အတွင်း GSM , ZTE Network မြို့နယ် ၂၆ မြို့နယ်မှာ GSM တယ်လီဖုန်းများ ဆက်သွယ်မှုကို မိနစ်ပိုင်းခန့် ယာယီ ဆိုင်းငံ့ သွားမှာ ဖြစ်တယ်လို့ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းရဲ့ သတင်း ထုတ်ပြန်ချက် အရ သိရပါတယ်။ ဒီလို ယာယီ ဆိုင်းငံ့ သွားမယ့် မြို့နယ်များ ကတော့ အလုံ၊ လမ်းမတော်၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ ဗိုလ်တစ်ထောင်၊ ပုဇွန်တောင်၊ တာမွေ၊ ဗဟန်း၊ တောင်ဥက္ကလာ၊ လှိုင်၊ ကမာရွတ်၊ စမ်းချောင်း၊ ဒဂုံ၊ မင်္ဂလာ တောင်ညွှန့်၊ သင်္ဃန်းကျွန်း အစရှိတဲ့ မြို့နယ်တွေ ဖြစ်ပါတယ်။ ဒါ့အပြင် သုဝဏ္ဏ၊ ဒေါပုံ၊ သာကေတ၊ သန်လျင်၊ ခရမ်း၊ သုံးခွ၊ ဒလ၊ တွံတေး၊ ဆိတ်ကြီး ခနောင်တို၊ ကွမ်းခြံကုန်းနဲ့ ကော့မှူး အစရှိတဲ့ မြို့နယ်များ မှာလည်း မိနစ်ပိုင်းခန့် ဆက်သွယ်မှု ယာယီ ဆိုင်းငံ့ သွားမှာ ဖြစ်ပါတယ်။ အခုလို ဆက်သွယ်မှု ယာယီ ဆိုင်းငံ့ရာ မှာတော့ လာမယ့် နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက် ၂ နာရီမှ ၂ နာရီ ၁၀ မိနစ်ထိ ၁၀ မိနစ်ခန့် ယာယီ ဆိုင်းငံ့ သွားမှာ ဖြစ်ပါတယ်။ ဒီလို ဆက်သွယ်မှု ယာယီ ဆိုင်းငံ့ ရတာဟာ အဆိုပါ အချိန်အတွင်း ရန်ကုန်မြို့ ZTE- GSM( UMTS) စနစ်ကို MGW Capacity Expansion ပြုလုပ်ဖို့ အတွက် ဖြစ်တယ်လို့ သိရပါတယ်။

No comments:

Post a Comment