မင်္ဂလာပါဗျာ ဝေယံအိမ်သစ်လေးမှ ကြိုဆိုပါတယ် ဒီကနေ့ဟာပျော်ရွှင်စရာနေ့လေးဖြစ်ပါလို့ဆုတောင်းလိုက်ပါတယ် ကျွန်တော့အိမ်သစ်ကလေးဟာ တော်လို့တတ်လို့ ပြုလုပ်ထားခြင်းမဟုတ်ပါ လေ့လာသင်ယူရင်းနဲ့ ဖြန့်ဝေမူများလုပ်နေခြင်းဖြစ်ပါသည် အားလုံးကိုကျေးဇူးတင်ပါတယ်

Friday, November 9, 2012

ထွက်သွားသူ ပြန်လာစေသောနည်းတစ်ခု





ထို့ကြောင့် ကျွန်ုပ်သည် မည်သည့်နိုင်ငံတွင် မဆို လုပ်ရလွယ်ကူသော ထွက်သွားသူ ပြန်လာစေသော အောက်ဖော်ပြပါ ယတြာနည်းကို ထပ်မံ၍ ဖော်ပြပေးလိုက်ရပါသည်။ အဆင်ပြေကြပါစေဟုသာ တိုးတိတ်ငြင်သာစွာ တစ်ယောက်တည်း ဆုတောင်းပေးလိုက်ပါသတည်း။

တနင်္ဂနွေသားသမီး အိမ်အမြန်ပြန်လာစေရန်....
ကြာသပတေးနေ့တွင် နံက် (၆း၀၀) မှ နံက် (၇း၃၀) အတွင်း မြောက်အရပ်ကို မျက်နှာမူကာ သောကြာနံအစားအစာ အစ်ခုခုကို (ဥပမာ-သီးသီး၊ သစ်တော်သီးစသည်) စားရင် ပြန်လာစေဖို့ ဆုတောင်းလိုက်ပါ။

တနင်္လာသားသမီး အိမ်အမြန်ပြန်လာစေရန်....
သောကြာနေ့တွင် နံက် (၆း၀၀) မှ နံက် (၇း၃၀) အတွင်း အနောက်တောင် အရပ်ကို မျက်နှာမူကာ စနေနံအစားအစာ တစ်ခုခုကို (ဥပမာ-နွားနို့၊ ထန်းလျှက်စသည်) စားရင် ပြန်လာစေဖို့ ဆုတောင်းလိုက်ပါ။

အင်္ဂါသားသမီး အိမ်အမြန်ပြန်လာစေရန်....
စနေနေ့တွင် နံက် (၆း၀၀) မှ နံက် (၇း၃၀) အတွင်း အရှေ့မြောက်အရပ်ကို မျက်နှာမူကာ တနင်္ဂနွေနံ အစားအစာ တစ်ခုခုကို (ဥပမာ-အုန်းသီး- အုန်းရည်စသည်) စားရင်း ပြန်လာစေဖို့ ဆုတောင်းလိုက်ပါ။

ဗုဒ္ဓဟူးသားသမီး အိမ်အမြန်ပြန်လာစေရန်....
တနင်္ဂနွေနေ့တွင် နံက် (၆း၀၀) မှ နံက် (၇း၃၀) အတွင်း အရှေ့ အရပ်ကို မျက်နှာမူကာ တနင်္လာနံအစားအစာ တစ်ခုခုကို (ဥပမာ-ကြံ၊ ၊ ကော်ဖီ၊ ကိတ်မုန့် စသည်) စားရင် ပြန်လာစေဖို့ ဆုတောင်းလိုက်ပါ။

ကြာသပတေးသားသမီး အိမ်အမြန်ပြန်လာစေရန်....
တနင်္လာနေ့တွင် နံက် (၆း၀၀) မှ နံက် (၇း၃၀) အတွင်း အနောက်တောင် အရပ်ကို မျက်နှာမူကာ အင်္ဂါနံအစားအစာ တစ်ခုခုကို (ဥပမာ-ဇီးသီး၊ ဇီးယိုစသည်) စားရင် ပြန်လာစေဖို့ ဆုတောင်းလိုက်ပါ။

သောကြာသားသမီး အိမ်အမြန်ပြန်လာစေရန်....
အင်္ဂါနေ့တွင် နံက် (၆း၀၀) မှ နံက် (၇း၃၀) အတွင်း တောင်အရပ်ကို မျက်နှာမူကာ ဗုဒ္ဓဟူးနံ အစားအစာ တစ်ခုခုကို (ဥပမာ-လဘက် ၊ လဘက်ရည်စသည်) စားရင် ပြန်လာစေဖို့ ဆုတောင်းလိုက်ပါ။

စနေသားသမီး အိမ်အမြန်ပြန်လာစေရန်....
ဗုဒ္ဓဟူးနေ့တွင် နံက်(၆း၀၀) မှ နံက် (၇း၃၀) အတွင်း အနောက်အရပ်ကို မျက်နှာမူကာ ကြာသပတေးနံ အစားအစာ တစ်ခုခုကို (ဥပမာ- ပေါင်မုန့်- ပဲပြုတ်စသည်) စားရင် ပြန်လာစေဖို့ ဆုတောင်းလိုက်ပါ။

No comments:

Post a Comment