မင်္ဂလာပါဗျာ ဝေယံအိမ်သစ်လေးမှ ကြိုဆိုပါတယ် ဒီကနေ့ဟာပျော်ရွှင်စရာနေ့လေးဖြစ်ပါလို့ဆုတောင်းလိုက်ပါတယ် ကျွန်တော့အိမ်သစ်ကလေးဟာ တော်လို့တတ်လို့ ပြုလုပ်ထားခြင်းမဟုတ်ပါ လေ့လာသင်ယူရင်းနဲ့ ဖြန့်ဝေမူများလုပ်နေခြင်းဖြစ်ပါသည် အားလုံးကိုကျေးဇူးတင်ပါတယ်

Saturday, December 1, 2012

စကားပြောနည်း


ချစ်သူ သိစေလို

  သို့...

               ချစ်သူ 

                                     ငါ့နံဘေးမှာ

             နင်မရှိပေမယ့်

                                       ငါ့အတွးမှာ

           နင်ရှိနေပါတယ်။

                                     နင့်နဘေးမှာ

           ငါ့ရှိတဲ့အခါ 

                                         နင့်အတွေးမှာ

             ငါရှိနိုင်ပါတော့မလား။

                                                 သြော်..............

             အနေဝေးတဲ့ ဒုက္ခ

                                               တကယ်တော့မလွယ်ပါ့လားဟာ။

      by / Kaung Kalay    waiyan...   '-'.

မိမိပုံကိုဒေါင်လိုက်မျဉ်းကြောင်းလေးလုပ်နည်း






ဟုတ်ကဲ့ .. ရလာတဲ့ပုံကို CTRL+J နှိပ်ပြီး ပွားလိုက်ပါ ...



list ကျလာရင် solid color ကိုရွေးလိုက်ပါ



ပြီးရင် Foreground color ကို အနက် / အဖြူဖြစ်အောင်လို့ .. အောက်မှပြထားတဲ့အတိုင်းလုပ်ပါ ..





ပြီးသွားရင် .. အောက်က setting လေးအတိုင်းထားပြီး .. rectangle တစ်ခုဆွဲလိုက်ပါမယ် ..


FAKE MAIL



သယ်ရင်းတို့အတွက်နောက်ရုံသက်သက်သာလျှင်ရည်ရွယ်ပါသည်။
ကျနော်ပေးတဲ့ လင့်လေးကနေသွားပြီးတော့ လုပ်လို့ရပါတယ်ဗျာ..လင့်လေးက ဒီနေရာလေးမှာပါ...

From Name မှာကိုကြိုက်တဲ့နာမည်ထည့်ပေါ့ ဥပမာ မိုးနတ်မင်းကိုထည့်ပါ... From Email မှာလည်းကြိုက်တဲ့ Email အတုထည့်ပါ ဥပမာ moenattmin@gmail.com ကိုထည့်ပါ..To နေရာတော့ ကိုစချင်နောက်ချင်တဲ့ သူငယ်ချင်းတယောက်ရဲ့ Email အစစ်ကိုထည့်ပေးပါ...Subject နေရာမှာတော့ ပို့မယ်စာရဲ့ခေါင်းစဉ် ကိုထည့်ပေးပါ...ကျန်တာတွေကတော့ဖြည့်စရာ မလိုပါဘူး သတိပေးချင်တာကတော့ Reply To နေရာမှာ ကို့ရဲ့ Email Address အစစ်အမှန်ကို မထည့်မိဖို့ပါပဲ..ထည့်လိုက်ရင်ကို့ရဲ့ Email address ကိုသိနိုင်လို့ပါ..
Text မှာတော့ပြောချင်တဲ့အကြောင်းအရာတွေ ရိုက်ထည့်လိုက်ပါ..
ပြီးရင်စာလိမ်လေးဖြည့်ပြီး Send ကိုကလစ်လိုက်ရင် ကိုယ့်သူငယ်ချင်းရဲ့ Email ထဲကို စာလေးရောက်သွားပါလိမ့်မယ်....စနောက်ဖို့အတွက်ပဲ ဝေမျှပေးတာပါဗျာ....
အဆင်ပြေကြပါစေ....

Hard Disk Space များများရအောင်




ကွန်ပျူတာ တစ်လုံးမှာ hard disk ရဲ့ လုပ်ဆောင်မှု့ ဟာ အရေးပါလှပါတယ် မိမိရဲ့ hard disk မှာ free space နည်းနေရင် ကွန်ပျူတာ လုပ်ဆောင်မှု့ နှေးလာခြင်း၊ program များ run ရာတွင် ကြန့်ကြာခြင်းတို့ ဖြစ်ပေါ်လာလေ့ရှိပါတယ်…. Window တစ်ခု စတင် လိုက်တဲ့ အခါကတည်းက default disk setting ကို
Waste capacity ကို များစွာပေးထား တာပါ ကျွန်တော် တို့က အဲဒီမလိုအပ်တဲ့ wasted capacity ကို လျှော့ချ လိုက်ခြင်း အားဖြင့်
free space များများရရှိအောင် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်..

Facebook Mail များMailထဲဝင်လာတာ မလိုအပ်ရင်


  • ပထမဦးဆုံး မိမိ facebook account ကိုဝင်လိုက်ပါ။ ပြီးတော့ ပုံထဲကအတိုင်း ၀င်ပြီးတာနဲ့ Group ဆိုတာကို ပုံထဲကအတိုင်း တွေ့အောင်ရှာပါ. ပြီးတာနဲ့ အောက်ကပုံထဲကအတိုင်း Leave Group ကို နှိပ်ပေးလိုက်ပါ. ပုံကိုသိပ်မမြင်ရရင် ကလစ်နှိပ်လိုက်ပါ ပုံကြီးထွက်လာပါလိမ့်မယ်.

ပုံ(၁)


  • ပြီးတာနဲ့ အောက်ကပုံအတိုင်း ပေါ်လာပါလိမ့်မယ် .


  • အဲ့ပုံမှာလဲ Leave Group ကို ထပ်ပြီးတော့ နှိပ်ပေးလိုက်ပါ.

Computer နှင့်ဆိုင်သော Connector အကြောင်း


ကျွန်တော်တို့ဆိုဒ်မှာ အများအားဖြင့် ကွန်ပျူတာနဲ့ ပက်သက်ရင် အခြေခံနဲ့ ဆိုင်တဲ့အကြောင်းအရာ၊ ၀င်းဒိုးနဲ့ဆိုင်တဲ့ အကြောင်းအ၇ာလေးတွေပဲ အများအားဖြင့် မျှဝေသွားမှာပါ အခုလည်း ကျတော်ပြန်လည် ဝေမျှလိုတာကတော့ Hard ware နဲ့ဆိုင်တဲ့ အကြောင်းအရာ သိသင့်တာလေးတွေကို အခြေခံကျကျ ရေးသားရှင်းပြထားပေးတဲ့ အကြောင်းအရာလေးတွေကို ကျတော်ဖတ်မိသလို ကျတော့်ဆိုဒ်ကို လာလည်တဲ့ သူငယ်ချင်းများလည်း လေ့လာမှတ်သားလို့ရအောင် တစ်ဆင့်ပြန်လည် ဝေမျှခြင်းဖြစ်ပါတယ်။ ဘယ်အရာမဆို အခြေခံခိုင်ခိုင်မာမာရှိမှ အောက်ခြေခိုင်ခံ့မှ တစ်ဆင့်ပီးတစ်ဆင့် တက်တဲ့အခါ အစစအရာရာ အဆင်ပြေမှာဖြစ်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း သဘောကျနှစ်သက်မိလို့ မှတ်စုအနေနဲ့ရော တစ်ဆင့်ပြန်လည် ဝေမျှလိုတဲ့ သဘောနဲ့ပါ တင်ပေးလိုက်ပါတယ်။ သိပြီးသား ကျွမ်းကျင်ပီးသား သူများအတွက် လုံးဝမရည်ရွယ်ပဲ မူကြိုအဆင့်များကိုသာ ရည်ရွယ်ပါသည်။ ဘာကြောင့်လဲဆိုတော့ ကျတော်လည်း မူကြိုအဆင့်မှ မတက်နိုင်သေးသောကြောင့်ပါ....:D

အထက်ကပုံမှာဆိုရင် သာမှန်အားဖြင့် Desktop computer တစ်လုံးရဲ့  Case နောက်ဖက်မှာမြင်တွေ့  ရမည့် connector များဖြစ်ပါတယ်…ဒီ connector တွေဟာ built in connector တွေဖြစ်ပြီး သူတို့ မှာ standard color နဲ့  standard size လေးတွေရှိပါတယ်..ဥပမာအားဖြင့် ps/2 keyboard connector သည် အပြာရောင် သတ်မှတ်ထားပြီး pin အားဖြင့် 6pin mini din connector ဖြစ်ပါတယ်..ဒါက desktop ကွန်ပျူတာရဲ့ ဘယ် motherboard မဆို ဒီအတိုင်းသတ်မှတ်ထားတာဖြစ်ပါတယ်..ဒါမှလည်း ကီးဘုတ်ထုတ်တဲ့ company တွေ mouse ထုတ်တဲ့ company တွေအလုပ်ဖြစ်မှာပေါ့..နို့ မိုဆို သူတို့ ထုတ်ချင်တဲ့ design ကိုသာထုတ်မယ်ဆိုရင် motherboard တွေက အမျိုးမျိုးရှိတဲ့အတွက် အရွယ်အစား ကိုက်ညီမှာမဟုတ်ဘူးလေ..ဒါကြောင့် company တွေက သတ်မှတ်ထားတဲ့ standard color နဲ့  size ကိုလိုက်နာပြီး ဒီဇိုင်းထုတ်ကြရပါတယ်..user အနေတွေ ဖက်ကအနေနဲ့ ကြည့်မယ်ဆိုရင်လည်း ဒီလို color လေးတွေကို မှတ်သားခြင်းအားဖြင့် ဘယ် motherboard အမျိုးအစားမဆို color ကိုကြည့်လိုက်တာနဲ့  ဘယ် connector ကတော့ ဘယ် color ဆိုပြီး အလွယ်တကူ တပ်ဆင်နိုင်ပါတယ်..

Floder တွေဖွင့်ရတာ ကြာနေရင်


WindowsXPမှာ Folderတွေ ဖွင့်တဲ့အခါ တစ်ခါတစ်လေ ကြာနေတတ်ပါတယ်။ မြန်ဆန်အောင် လုပ်တဲ့နည်းလေးပဲ ပြောပြလိုက်ပါမယ်။ Windows Xpသုံးနေတဲ့ သူငယ်ချင်းများ အဆင်ပြေ လွယ်ကူစေအောင်ပါ။ လုပ်နည်းလေးကတော့
1. My Computer ကိုဖွင့်လိုက်ပါ။
2. Menu bar မှာပါတဲပ Tools ကို Click လိုက်ပါ။
3. Folder option ကို Click လိုက်ပါ။
4. Folder optionထဲက View tab ကိုဝင်လိုက်ပါ။
5. View ထဲက Automatically search for network folders and printers ကိုအမှန်ခြစ်လေး ဖြူတ်ပေးလိုက်ပါ။ ပြီးရင် Apply >> OK ပေါ့။


ဒါဆိုရင်တော့ အတိုင်းအတာ တစ်ခုအထိ folder လေးတွေ ဖွင်တဲ့အခါမှာ မြန်မြန်ဆန်ဆန် ပွင့်လာမှာတော့ သေချာပါတယ်။ အားလုံးအဆင်ပြေပါစေ။

နောက်တစ်နည်း
1. Run Box မှ Regedit လို့ရိုက်ပြီး Registry ထဲရောက်အောင် သွားလိုက်ပါ။
2. Registry ထဲရောက်ရင် HKEY_LOCAL_MACHINE> System > CurrentControlSet > Control >Filesystem ထဲရောက်အောင် သွားလိုက်ပါ။
3. Filesystem ကိုရောက်ရင် Right Click ထောက်ပြီး New ကနေ DWORD Value အသစ်တစ်ခု တည်ဆောက်လိုက်ပါ။ မရှင်းရင် ပုံလေးကို ကြည့်ပေးပါ။


4. ညာဘက်မှာ New Value ဆိုပြီး အသစ်တစ်ခု ထပ်ပေါ်လာပါလိမ့်မယ်။ ပေါ်လာတဲ့ New Value #1 နေရာမှာ NtfsDisableLastAccessUpdate လို့အတိအကျ Rename ပေးလိုက်ပါ။


5. Rename ပေးထားတဲ့ နေရာလေးကို Double Click နှိပ်လိုက်ရင် တန်ဖိုးသတ်မှတ်ဖို့ Box လေးတစ်ခု ထပ်ကျလာပါလိမ့်မယ်။ Value ကို 0 ကနေ 1 ဆိုပြီး ပြောင်းပြီး သတ်မှတ်ပေးလိုက်ပါ။ ပြီးရင် OK ပေါ့။






အဆင်ပြေနိုင်ကြပါစေခင်ဗျာ

Opera Browerမှာမြန်မာဖောင့်ပေါ်အောင်






Opera Browser ကတော့ အသုံးပြုတဲ့လူနည်းမယ်ထင်ပါတယ်။ များသောအားဖြင့် mozilla fire fox ကိုပဲသုံးကြတာ များတယ်။ ကျွန်တော်လဲ အရင်က opera ကိုစမ်းသုံးကြည့်ဖူးပါတယ်..မြန်မာစာမြင်ရလို့ အဆင်မပြေဘူးဆိုပြီး မသုံးဖြစ်တော့ တာ။ အခု ၀င်းကမ္ဘာကျော်နည်းပညာဆိုက် ကနေ opera မှာ မြန်မာစာပေါ်အောင်လုပ်တဲ့နည်းလေးတွေ့လို့ ပြန်သုံးတော့မယ်ဗျို့.
ဘာလို့လဲဆိုတော့ opera မှာ function လဲစုံတယ်..firefox ထက်လဲ မြန်တယ်လေ..file sharing ပါလုပ်လို့ ရလို့ တော်တော်လေးအဆင်ပြေပါတယ်။အဓိကအကြိုက်ဆုံးအချက်ကတော့ connection နှေးနေတဲ့အချိန်မှာ opera turbo
ဆိုတဲ့ ဟာလေးသုံးလို့ရတာပါပဲ။ firefox လို add on တွေလဲ သုံးလို့ရပါတယ်။မြန်ဆန်မှုကတော့ firefox ထက်သာတယ်။
ဘယ်အရာမဆို အားသာချက်၊ အားနည်းချက် ဆိုတာရှိစမြဲမို့ ကိုယ်တိုင်အသုံးပြုကြည့်တာအကောင်းဆုံးပါပဲ။

မြန်မာစာပေါ်အောင်လုပ်နည်းကလဲ သိသွားတော့လဲ လွယ်လွယ်လေးပါပဲ။ အရင်ဆုံး Notepad လေးကို ဖွင့်ပြီး ဒီအောက်က ရေးထားတဲ့ ကုတ်ဒ်လေးတွေကို ကော်ပီကူးထည့်လိုက်ပါ....။

* , html, body, div, p{font-family:Zawgyi-One !important;}

ပြီးရင် User.css လို့ ရေးပြီး တနေရာရာ မှာ Save ထားလိုက်ပါ ..။

ပြီးရင် အဲဒီ User.css Notepad ဖိုင်လေးကို Copy ကူးပြီး

my computer>>>local disk(:C)>>>program file>>> opera >>>styles အထိသွားပြီး Paste လုပ်ပေးလိုက်ပါ....။

ထည့်ပြီးပြီဆိုရင်တော့ Opera Broswer လေးကို Exit ပေးပြီး ထွက်လိုက်ပါ ....။အားလုံး ပြီးရင်တော့ Opera လေးကို ပြန်ဖွင့်ကြည့်လိုက်ရင် မြန်မာစာတွေကို ဒီအတိုင်း ဖတ်လို့ ရေးလို့ ရသွားပါပြီ.....။
mozilla fire fox ထက်ပိုမြန်ဆန်ပါတယ်
Opera Browser ကိုဒေါင်းချင်ရင်တော့
အဆင်ပြေနိုင်ကြပါစေခင်ဗျာ