မင်္ဂလာပါဗျာ ဝေယံအိမ်သစ်လေးမှ ကြိုဆိုပါတယ် ဒီကနေ့ဟာပျော်ရွှင်စရာနေ့လေးဖြစ်ပါလို့ဆုတောင်းလိုက်ပါတယ် ကျွန်တော့အိမ်သစ်ကလေးဟာ တော်လို့တတ်လို့ ပြုလုပ်ထားခြင်းမဟုတ်ပါ လေ့လာသင်ယူရင်းနဲ့ ဖြန့်ဝေမူများလုပ်နေခြင်းဖြစ်ပါသည် အားလုံးကိုကျေးဇူးတင်ပါတယ်

Friday, November 9, 2012

အိမ်ထောင်ရေး သာယာအောင် တိုးတက်အောင် မခိုက်အောင် မညံ့အောင်....



ဗေဒင်ဆရာထက် တတ်တဲ့ လူတွေ ဗေဒင်လာမေးမှာ အရမ်းကြောက်တယ်။
အဲဒီလို ပြောလိုက်လို့ အံ့သြသွားတယ် ဟုတ်လား။ မဟုတ်တာ မပြောပါနဲ့ ဗေဒင်ဆရာရယ် မတတ်လို့ပဲ ဗေဒင်ဆရာဆီကို ရောက်လာခဲ့တာပဲ မဟုတ်ဘူးလားလို့ အဲဒီလို ပြန်မေးကြလိမ့်မယ်ဗျ..။ မဟုတ်ဘူးဗျ။ လူတိုင်းကို အဲလို ပုံသေတွက်လို့မရဘူး။ ကျွန်တော် ဗေဒင်ဆရာ ဘ၀နဲ့ ဗေဒင်ဟောသက်လေး တော်တော် ကြာလာတော့ သတိထားမိတယ်။

တစ်ချို့က ဗေဒင်မေးတာ ရိုးရိုးပဲ မေးတာ။ ဗေဒင် မေးချင်တယ်။ ကံဇာတာ စစ်ပေးပါ။ ကံကောင်း မကောင်း တွက်ကြည့်ပေးပါ။ ဒါ ရိုးရိုး ဗေဒင်မေးတာ ။ သူတို့ သိချင်တာကို ဒဲ့ မေးတာ။ ကျွန်တော်တို့ ဗေဒင်ဆရာတွေ အတွက် အဲဒါက သိပ်မခက်ဘူး။ ကိုယ်ကြိုက်တဲ့ ပညာရပ်တစ်ခုခုနဲ့ တွက်ကြည့်ပေးလိုက်။ ကောင်းရင် ကောင်းတယ်။ မကောင်းဘူးဆိုရင် မကောင်းဘူး ပြောပြလိုက်။ သူတို့မေးချင်တဲ့ မေးခွန်းလေးတွေကို စိတ် ရှည်ရှည်နဲ့ ဖြေပေးလိုက် ၊ ယတြာလိုရင် ယတြာဆောင်ရွက်ပေး။ ဒါဆိုရင် အိုကေသွားပြီ။


နောက်တစ်မျိုးကြတော့ အစ လာကတည်းက သူတို့မေးတဲ့ မေးခွန်းတွေက တစ်မျိုး။ ကျွန်မက စနေသက် ရောက် ရောက်နေလို့ ။ တော်တော် ဒုက္ခ ရောက်နေတယ်တဲ့ ။ အဲဒါ ဗေဒင်လေးဘာလေး တွက်ကြည့်ပေးပါ ဦးတဲ့။ နောက် ကျွန်မက စနေဂြိုဟ်က နောက် ၁၀-နှစ်ကြာမှ လွတ်မှာ ဒုက္ခပဲဆရာရယ်။ အဲဒါ အဆောင်လေး ဘာလေးပေးပါဦးတဲ့။ ကျွန်တော့် စိတ်ထဲ ဘုရားတမိတယ်။ ဘုရားရေ ဒီလောက်ဆိုးတဲ့ စနေဂြိုဟ်မှာ ၁၀-နှစ်တောင် နေရမှာဆိုတော့ မလွယ်ပါလားပေါ့။



တစ်ချို့ကလည်း နာမည် ပက္ခတ်မိနေလို့တဲ့။ နိစ်မိနေလို့တဲ့။ ရှားမီးကိန်း ဘာညာ အို အစုံပါပဲ။ ကိုယ်ကလည်း ဘာဟောရမှန်းတောင် မသိတော့ဘူး။ ဆိုလိုတာက သူတို့က ဗေဒင်လာမေးတာ ရိုးရိုး မေးတာ မဟုတ်ဘူး။ တစ်ယောက်ယောက်က ပြောလိုက်တဲ့ စကားကို အခြေခံပြီး လာပြောတာ၊ လာမေးတာ။ အခု ကျွန်တော် ပြောချင်တာက အိမ်ထောင်ရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေ လာမေးတော့လဲ ရိုးရိုး မမေးဘူး။ ဒီလို မေးကြတယ်။

ဆရာတဲ့။ ကျွန်မ ယောက်ကျားက သောကြာ ၊ ကျွန်မက တနင်္လာဆိုတော့ ဒီယောက်ျားလည်း မြဲမယ် မထင်ပါဘူးတဲ့။ ကျွန်တော်က ဘာဖြစ်လို့လည်း ဆိုတော့ အော်... ဆရာကလည်း ဓမ္မာ သောက အင်းဝ ရာဇာ လေဆရာရဲ့။ သောကြာနဲ့ တနင်္လာက ရန်ဘက်ကျတယ် ဘယ်ကောင်းပါ့မလဲ။ ဒုက္ခ... ကိုယ်လည်း ဘာပြောရမှန်းတောင် မသိတော့ဘူး။ သူတို့ရဲ့ အဲဒီ အစွဲတွေ ဖြုတ်နေရတာနဲပဲ တော်တော် အချိန်ယူရတယ်။

အများကြီးပဲ။ အခု ကျွန်တော် ပြောပြချင်တာက အိမ်ထောင်ရေးမှာ ဇာတာမကိုက်တာတို့ ၊ နက္ခတ်မကိုက် တာတို့။ နေ့နံမသင့်တာတို့။ ဘာပဲ ဖြစ်နေဖြစ်နေ အိမ်ထောင်ရေးဆိုကြိုး ကင်းအောင် အိမ်ထောင်ရေး သာယာအောင် ဆောင်ရွက်ရမယ့် အစီအရင်ကို ပြောချင်တာပါ။

တစ်ချို့ ဗေဒင်ဆရာတွေကလည်း အိမ်ထောင်ဖက် နေ့နံမသင့်ဘူး ဆိုးကြိုးဖြစ်မယ်ဆိုပြီး ဟောထည့်လိုက် တယ်။ ဒီမှာက အိမ်ထောင်ကျတာ ၁၀-နှစ်လောက်ရှိပြီ။ ကလေးတောင် ၃-ယောက်လောက် ရနေပြီ။ ဗေဒင် ဆရာ ဟောတာနဲ့ အဲဒီ ယောက်ျားကို ပစ်ထားခဲ့ရမှာလား။ ကွဲပစ်လိုက်ရမလား။ ဘယ်ရမလဲ။ ထားပါတော့ လေ။

အိမ်ထောင်ရေးမှာ ဘာအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် အိမ်ထောင်ရေး သာယာချင်တယ်။ ချမ်းမြေ့ချင်တယ် ၊ စည်ပင်ချင်တယ်။ သားသမီးတွေလည်း လိမ္မာပြီး အောင်မြင်တိုးတက်တဲ့ မိသားစု ဘ၀တစ်ခုကို ကောင်းမွန်စွာ ပိုင်ဆိုင်ချင်တယ် ဆိုရင်တော့ အခု ကျွန်တော်ပြောပြတဲ့ အစီအရင်ဟာ အကောင်းဆုံး အမွန်မြတ်ဆုံး ၊ အသင့်တော်ဆုံး၊ အပြစ်အကင်းဆုံး ဖြစ်ပါကြောင်း....

အေးချမ်းသောအိမ်

ဇနီးမယား၏ နေ့နံ အသားဖြင့် ဘုရားပလ္လင် ထုပါ။ အမျိုးသား နေ့နံ အသားဖြင့် ဘုရားထုလုပ်ပါ။ ထိုပလ္လင်နှင့် ဘုရားကို တွဲ၍ အနေကဇာတင်ပြီး မိမိနေအိမ်တွင် ကိုးကွယ်ပါလေ....

ဥပမာပြောရရင် လင်မယား နှစ်ယောက်ရှိတယ်ဆိုကြပါစို့။အမျိုးသာက သောကြာဗျာ။ အမျိုးသမီးက တနင်္လာဆို ကြပါစို့။ ဒါဆိုရင် ဘယ်လို လုပ်မလဲ။ အမျိုးသမီးက တနင်္လာဆိုတော့ ကံ့ကော်သားနဲ့ ဘုရားဘုလင်ထုရမယ်။ အမျိုးသားရဲ့ နေ့နံဖြစ်တဲ့ သောကြာနံဖြစ်တဲ့ သီးသားနဲ့ ဘုရားထုရမယ်။ ပြီးတော့ အဲ့ဒီ ဘုရားပုလ္လင်တော်နဲ့ ဘုရားဆင်တုတော်ကို အနေကဇာတင်။ ပြီးတော့ မိမိ နေအိမ်မှာ အနေကဇာတင်ပြီး ကိုးကွယ်ပေတော့ဗျာ။ ကျန်တဲ့ နေ့သားသမီးတွေလည်း မိမိတို့ သက်ဆိုင်ရာ နေ့သားအလိုက် အသားများကို ရွေးချယ် စီစစ် ပြီး ဆောင်ရွက်နိုင်ပါကြောင်း စေတနာကောင်းဖြင့် တင်ပြပေးလိုက်ရပါတယ်။

စေတနာကောင်းဖြင့်
ဟိန်းတင့်ဇော်

No comments:

Post a Comment