မင်္ဂလာပါဗျာ ဝေယံအိမ်သစ်လေးမှ ကြိုဆိုပါတယ် ဒီကနေ့ဟာပျော်ရွှင်စရာနေ့လေးဖြစ်ပါလို့ဆုတောင်းလိုက်ပါတယ် ကျွန်တော့အိမ်သစ်ကလေးဟာ တော်လို့တတ်လို့ ပြုလုပ်ထားခြင်းမဟုတ်ပါ လေ့လာသင်ယူရင်းနဲ့ ဖြန့်ဝေမူများလုပ်နေခြင်းဖြစ်ပါသည် အားလုံးကိုကျေးဇူးတင်ပါတယ်

Friday, November 9, 2012

“ စိတ်ဝင်စားဖွယ် အကောင်းဆုံး ထိပ်တန်း ဘောလုံးသတင်း အတိုအထွာများ ”

(၁) Arsenal ကစားသမားဟောင်း Emmanuel Eboue မှ Galatasaray အသင်းသို့  မပြောင်းရွေ့ ခင် Tottenham Hotspur အသင်းမှ ကမ်းလှမ်းမှု တစ်ခု ရရှိခဲ့တယ်လို့  ပြောကြားခဲ့ပါတယ်၊၊
(၂) Arsenal  မန်နေဂျာ Arsene Wenger မှ Costa Rica တိုက်စစ်မှုး Campbell ကိုခေါ်ယူမှုဟာ လောင်းကစား ဆန်ဆန် စွန့် စားမှု ဖြစ်ကြောင်း၊ ဒါပေမယ့်လည်း ထိုက်တန်တဲ့ ခေါ်ယူမှု တစ်ခုဖြစ်တယ်လို့  မိမိအနေနဲ့  ယုံကြည်ကြောင်း ၀န်ခံ ပြောကြားခဲ့ပါတယ်၊၊
(၃) Arsenal Boss Arsene Wenger မှ အသင်းသို့  ကစားသမား အသစ် ခေါ်ယူရန် ပေါင်သန်း (၄၀) အသုံးပြုသွားမည် ဖြစ်ကြောင်း အခိုင်အမာ ပြောကြားလိုက်ပါတယ်၊၊
(၄) Inter Milan အသင်းရဲ့  Brazil လက်ရွေးစင် နောက်တန်း ကစားသမား Lucio ဟာ အသင်းမှာ ၂၀၁၄ခုနှစ် အထိ ရှိနေစေမယ့် (၂)နှစ် စာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့တယ်လို့  သိရှိရပါတယ်၊၊
(၅) Birmingham City မန်နေဂျာ Chris Hughton မှ သူ့ ရဲ့  နောက်တန်း ကစားသမား Scott Dann အတွက် ကမ်းလှမ်းမှု တစ်စုံတစ်ရာ  မရရှိသေးကြောင်း ပြောကြားလိုက်ပါတယ်၊၊
(၆) Fulham အသင်းသည် Tottenham Hotspur အသင်းရဲ့  တောင်ပံ ကစားသမား David Bantley ကိုခေါ်ယူရန် အကဲခတ် လေ့လာနေကြောင်း သိရှိရပါတယ်၊၊
(၇) Everton အသင်းရဲ့  တိုက်စစ်မှုး Jermaine Beckford ဟာ သူ့ ကို အသင်းများစွာက ခေါ်ယူရန် စိတ်ဝင်စားနေသော်လည်း Everton အသင်းမှာဘဲ နေချင်နေတယ်လို့  သိရှိရပါတယ်၊၊
(၈) Russia ကလပ် Anzhi အသင်းမှ Inter Milan အသင်းရဲ့  တိုက်စစ်မှုး Samuel Eto’e ကို ခေါ်ယူရေး ကိစ္စ အ၀၀ ပြီးစီးလု နီးပါ ဖြစ်နေပြီလို့  အတည်ပြု ပြောကြားလိုက်ပါတယ်၊၊

No comments:

Post a Comment