မင်္ဂလာပါဗျာ ဝေယံအိမ်သစ်လေးမှ ကြိုဆိုပါတယ် ဒီကနေ့ဟာပျော်ရွှင်စရာနေ့လေးဖြစ်ပါလို့ဆုတောင်းလိုက်ပါတယ် ကျွန်တော့အိမ်သစ်ကလေးဟာ တော်လို့တတ်လို့ ပြုလုပ်ထားခြင်းမဟုတ်ပါ လေ့လာသင်ယူရင်းနဲ့ ဖြန့်ဝေမူများလုပ်နေခြင်းဖြစ်ပါသည် အားလုံးကိုကျေးဇူးတင်ပါတယ်

Thursday, November 1, 2012

Recover

images-copy-1.jpeg
          ယူထားလိုက်ကြပါဦး ဒီဟာလေးက ဘော်ဒါတို့ ကိုယ့်စက်ထဲက Data တွေ ဒါမှမဟုတ် Memory card ထဲမှာသိမ်းထားတယ့် အမှတ်တရပုံလေးတွေကို မတော်တဆ ဖျက်လိုက်မိရင် ကိုယ်ဖျက်လိုက်တယ့် File လေးတွေကို ပြန်ရအောင် Recover လုပ်ပေးတယ့် Software လေးပါ တော်တော်လေးကောင်းပါတယ်။ အရင်က ကျွန်တော်လည်း တစ်ခါမှ မသုံးဖူးပါဘူး ဒါပေမယ့် ဟိုတစ်နေ့က သွားလည်ရင်း အမှတ်တရရိုက်ထားတယ့် ဓါတ်ပုံလေးတွေ Window အသစ်တင်တယ့် အချိန် Format လုပ်တယ့်အထဲပါသွားတော့မှ.. အရပ်ကယ်ပါလူဝိုင်းပါ ဆိုပြီး အင်တာနက်ပေါ်မှာ လိုက်ရှာကြည့်ရင်းနဲ့ ရလာတာပါ။ သူကမှားပြီး Format  ချမိတာတို့ Virus ကိုက်သွားလို့ ပျောက်သွားတဲ့ဖိုင် တို့ အားလုံးအားလုံးကို ပြန်ရှာပေးနိုင်ပါတယ်။ စမ်းသုံးကြည့်လိုက်ပါ. သူ့ကို Register လုပ်ဖို့ Serial key လေးတွေကိုပါ တစ်ခါတည်းထည့်ပေးလိုက်ပါတယ်။ လိုချင်သူများ အောက်မှာ ဒေါင်းလိုက်ကြပါဦး။
download icon2
(လဝန်းညို)

Icon လေးတွေကို သပ်သပ် စုစည်းပြီးဖော်ပြပေးတယ့် Software

310.png
          ဒီကောင်လေးထွက်တာတော့ တော်တော်ကြာနေပါပြီ ကျွန်တော်လည်းခုမှ စမ်းသုံးကြည့်တာ တော်တော်လေးမိုက်တယ် သူက ကိုယ့်စက်ထဲမှာ ရှိတယ့် Icon လေးတွေကို သပ်သပ် စုစည်းပြီးဖော်ပြပေးတယ့် Software လေးပါ။ ကိုယ့်ကွန်ပျူတာလေးကို သူများတွေနဲ့ မတူပဲ အပြတ်လန်းနေစေချင်ပါတယ်ဆိုတယ့် ဘော်ဒါများ အကြိုက်တွေ့စေမယ့် Software လေးပါ ပြီးတော့ သူက Freeware လေးလည်းဖြစ်ပါတယ် Install လုပ်ပြီးရင် ဖွင့်ပြီး ကိုယ်လိုတယ့် Setting ချိန်ပြီး သုံးကြည့်လိုက်ပါ။ အားလုံး အကြိုက်တွေ့ စေရမယ်လို့ လဝန်းညိုက ရဲရဲကြီး အာမခံပါတယ် အောက်မှာ ကျွန်တော့် စက်ထဲက ရိုက်ထားတယ့် Screen Caputre လေးထည့်ပေးထားပါတယ် ကျွန်တော်ကတော့ သူ့ကို Desktop အပေါ်နေရာမှာထားထားတာပါ တစ်ခြားနေရာမှာလည်း ကိုယ်စိတ်ကြိုက် ထားလို့ရပါတယ်။ ညာဖက်ဘေး၊ ဘယ်ဖက်ဘေး၊ အောက်ဖက် ကိုယ့်စိတ်ကြိုက် ပြန်ချိန်ယူလို့ရပါတယ်.... စမ်းသုံးကြည့်လိုက်ကြပါဦး။
Dock.jpg
     Download Link <-- လိုချင်သူများကတော့ ဒီမှာ ဒေါင်းနော်။
(လဝန်းညို)

Photo Shop Cs5

Photo Shop Cs5 လေးပါ ယူသွားလိုက်ပါဦး သူက Portable လေးပါFile Size 121Mb ကျော်ကျော်လေးပဲ ရှိပါတယ် ကျွန်တော် စမ်းသုံးကြည့်တာ တော်တော်လေး အဆင်ပြေပါတယ် ကျွန်တော် အခုသုံးနေတယ့် Vista မှာတော့ ကောင်းကောင်း အလုပ်လုပ်တယ် Window 7 မှာတော့ မစမ်းကြည့်ရသေးဘူး။ အဆင်မပြေတယ့်သူများ Comment လေးတွေပေးခဲ့ကြပါ ကျွန်တော်ထပ်တင်ပေးပါ့မယ်။ သူ့ကို Portable အနေနဲ့ ဘယ်လို အသုံးပြုရမယ်ဆိုတာ အောက်မှာပုံလေးတွေနဲ့ ပြန်ရှင်းပြထားပါတယ်။
          ပထမဦးဆုံး Download လုပ်လို့ရလာတယ့် .rar File လေးကို ကိုယ်အဆင်ပြေတယ့်နေရာမှာ ဖိုင်ပြန်ဖြေလိုက်ပါ။ ပြီးရင် Adobe.Photoshop.CS5.raven.exe ဆိုတယ့် ဖိုင်လေးကို နှစ်ချက်နှိပ်ပြီးဖွင့်လိုက်ပါ။
photo-shop1.1.jpeg
 
          ဒီကောင်လေးကို ဖွင့်လိုက်ပြီးရင် နောက်ထပ် Window တစ်ခု ထပ်ပေါ်လာပါလိမ့်မယ်။
 
photo-shop1.2.jpeg
 
          ဒီမှာ Install ဆိုတယ့် Button လေးကိုပဲ နှိပ်ပေးလိုက်ပါ ပြီးရင် သူ့ဟာသူ အလုပ်လုပ်သွားပါလိမ့်မယ်။ သုံးမိနစ်လောက် နေလို့ အားလုံးပြီးသွားရင် Adobe Photoshop CS5 ဆိုတယ့် Folder လေးသူ့ဟာသူ အလိုလို ပေါ်လာပါလိမ့်မယ်။


Wednesday, October 31, 2012

မြန်မာနိုင်ငံက Hack ချင်လှပါပြီရဲ့ ဆိုတယ့် ကိုကို

Angry-IP-scanner.jpeg
          လာပါပြီခင်ဗျာ ကျွန်တော်တို့ မြန်မာနိုင်ငံက Hack ချင်လှပါပြီရဲ့ ဆိုတယ့် ကိုကို Hackerပေါက်စများအတွက် လက်ဆောင် အဖြစ် Hacking Tool လေးတစ်ခု လက်ဆောင်ပေးချင်လို့ပါ။ Angry IP Scanner လို့ခေါ်ပါတယ်။ သူက အင်တာနက်ပေါ်မှာ ရှိတယ့် ကွန်ပျူတာတွေရဲ့ IP Address တွေကို Scan လုပ်ပေးနိုင်တယ့် အပြင် သူ့ Hostname တို့ Ports တို့ကိုပါအားလုံး တိတိကျကျ သိရအောင် စွမ်းဆောင်ပေးနိုင်ပါတယ် ဘယ်လိုသုံးရလည်း ဆိုတာတော့ မပြောပြတော့ဘူးနော် ကိုယ့်ဟာကိုယ်ပဲ စမ်းကြည့်လိုက်တော့ တော်ကြာ မီးလောင်ရာလေပင့် ရုံမကပဲ ဓါတ်ဆီပါ လိုက်လောင်းပေးနေတယ် ပြောခံရမှာဆိုးလို့။ ဟီးဟီး လဝန်းညိုက ကြောက်တတ်ပါတယ်။
          ဒီ Post လေးကိုတင်ရတာကလည်း သူများနိုင်ငံတွေမှာ တစ်ကယ် ငါသနာပါတယ့်သူတွေက အသက် ဆယ့်ငါးဆယ့်ခြောက်နဲ့ Hacking ဆိုတာ ဘာလည်း ဘယ်လို Hack လည်းဆိုတာကို နောကျေနေပြီး Video Tutorial တွေ Hacking Ebook တွေတစ်ခုပြီးတစ်ခု လုပ်နေ ရေးနေတယ့် အချိန်မှာ ကျွန်တော်တို့ မြန်မာလူငယ်တွေကြားမှာ Hacking ဆိုတာ ပါးစပ်အရသာခံစရာ ပညာရပ် တစ်ခုအနေနဲ့ပဲ ဖြစ်တည်နေတာ အရမ်းဝမ်းနည်းစရာကောင်းတယ်လို့ ကျွန်တော်ယူဆမိပါတယ်။ (တစ်ကယ့်ကိုကျွမ်းကျင်နေတယ့် Myanmar Hacker ကြီးများကို မဆိုလိုပါ..... ) ဒါကြောင့် ကျွန်တော်တို့ မြန်မာနိုင်ငံက Hacking ပညာရပ်ကို စိတ်ဝင်စားတယ့် မြန်မာလူငယ်များအတွက် Hacking Tool လေးတွေ Hacking နဲ့ပက်သက်တယ့် E-book လေးတွေ ဖြစ်နိုင်ရင် Hacking Video Tutorial လေးတွေကို ကျွန်တော် ရနိုင်သမျှ စုစည်းပြီး တင်ပေးဖို့ ဆန္ဒ ရှိပါတယ်။ ဒီဟာကလည်း ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ နစ်နာစေချင်တယ့် ဆန္ဒ မပါဝင်ပါဘူး ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အိုင်တီနည်းပညာလောက တိုးတက်ဖွံဖြိုးရေးအတွက် ကျွန်တော် တတ်နိုင်တယ့် ဖက်ကနေ ပါဝင်သွားမှာဖြစ်တယ့် အကြောင်းကို ကြိုတင်အသိပေးထားပါရစေ ခင်ဗျာ။
          ဒီလို Hacking နည်းပညာတွေနဲ့ Hacking Tool လေးတွေကို မျှဝေသွားပေးမယ် ဆိုတယ့်အပေါ်မှာ ကျွန်တော့်ကို ဝေဖန် အကြံပေးလိုပါကလည်း Comment ပေးပြီးတော့ပဲဖြစ်ဖြစ် Email ပို့ပြီးတော့ပဲဖြစ်ဖြစ် ကျွန်တော်နဲ့ ဆွေးနွေးနိုင်ပါတယ်။  အဲဒီအကြံပေးချက်တွေအပေါ် မူတည်ပြီးတော့ ဒီကိစ္စကို ဆက်လုပ်သင့်မလုပ်သင့် ဆုံးဖြတ်သွားမှာဖြစ်ပါတယ်။ Hacking ကိုတစ်ကယ်စိတ်ဝင်စားတယ့် ညီအစ်ကို များကလည်း ဘယ်အပိုင်းကိုစိတ်ဝင်စားတယ် ဆိုတာကို ဒီ Post လေးပေါ်မှာ Comment လေးတွေပေးခဲ့ကြပါ။ Comment တွေအပေါ်မူတည်ပြီး လိုအပ်မယ့် လက်နက်ကရိယာတွေကို ရှာဖွေစုဆောင်း ရမှာဖြစ်တယ့်အတွက် ကြောင့်ပါ။
          ပြောနေရင်းနဲ့ Post လည်းအတော်ရှည်သွားပါပြီ ဒီအထိရောက်အောင်သည်းခံဖတ်ပေးတယ့် အတွက် အထူးပဲကျေးဇူးတင်ရှိ ပါတယ်။ ဒါပေမယ့် အားလုံးကိုအသိပေးထားပါရစေ လဝန်းညို ဆိုတယ့်သူက ဘာ Hacker ကြီးမှ မဟုတ်ပါ။ တစ်ကယ်စိတ်ဝင်စားပြီး သိချင်တတ်ချင်တယ့် ကိုယ့်မြန်မာနိုင်ငံသား ညီအစ်ကိုများအတွက် ပညာပါရမီ ဖြည့်ချင်ရုံသက်သက်ဖြစ်ပါတယ်။ ကဲကဲ ဆက်ပြောနေရင် ပြီးတော့မှာမဟုတ်ဘူး လိုရင်းကိုပဲဆက်လိုက်ရအောင် အပေါ်က Angry IP Scanner လေးကိုလိုချင်တယ် ဆိုရင်တော့.....


Hack ချင်ရင်

You-Have-been-hacked.jpg
          လာပြန်ပြီနော် နောက်ထပ် Hacking tool Pack လေးပါ။ သူ့ထဲမှာ Hacking အတွက် လိုအပ်တယ့် ကိရိယာ တန်ဆာပလာ တွေအားလုံးအစုံ ပါပါတယ်။ အသုံးပြုပုံကတော့ မရေးပေးတော့ဘူး ကျွန်တော်လည်း စမ်းကြည့်နေတုန်းပဲ ရှိသေးပါတယ်။ စမ်းကြည့်ရ သလောက်ကတော့ တော်တော်လေးကောင်းတယ်လို့ ပြောလို့ရပါတယ်။ ဒါပေမယ့် ဒီကောင်လေးက မသုံးတတ်ရင် အန္တာရယ် တော့အလွန်များပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဒီကောင်လေးထဲမှာ Victim ဆီကိုပို့ပေးရမယ့် Server.exe ဆိုတယ့် Trojan Virus ပြုလုပ်တယ့် Tool လေးတွေပါ ရှိပါတယ် ကိုယ်က မတော်တဆ ကိုယ့်ကွန်ပျူတာထဲမှာ ဒီကောင်လေး သွား Run မိပြီဆိုရင် ကိုယ့်စက်ရဲ့ Window OS တစ်ခုလုံးကို ထိခိုက်နိုင်တယ့်အထိ အန္တာရယ် ကြီးမားပါတယ်။ ဒါကြောင့် ကိုယ့်ကွန်ပျူတာကို ကိုယ်တိုင်ကိုယ်ကျ ပြင်ဆင်နိုင်ခြင်း Window တင်နိုင်ခြင်းမရှိသေးသူများကို အသုံးမပြုစေလိုပါဘူး။ နောက်ပြီးတော့ ဒီ Hacking Pack Program လေးကို Run တယ့်အချိန် မှာကိုယ့်စက်ထဲမှာ ရှိတယ့် Anti-Virus Program တွေကို ပိတ်ထားရမှာဖြစ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ Hacking Tool တွေအားလုံးကို Anti-Virus Program တွေက Virus အနေနဲ့ပဲသိကြတာပါ။ ဒီ Tool လေးကိုယူမယ်ဆိုရင်လည်း လဝန်းညို ကိုယုံကြည်မှ ယူပါ ပြီးမှ Virus ကြီးကို Share လုပ်တယ်ဘာတယ်နဲ့ ပြောခံရမှာ ကြောက်ကြောက်။ ကျွန်တော်ထပ်သတိပေးပါရစေ ဒီ Hacking Pack ကလေးဟာ Hacking အကြောင်းကို အတန်အသင့် နားလည် သဘောပေါက်ထားပြီးသော သူများအတွက် ရည်ရွယ်ပြီး မျှဝေပေးခြင်း ဖြစ်ပါတယ်။ ဒီ Program လေးအသုံးပြုပြီး ဘယ်သူ့ကိုမှ တိုက်ခိုက်ခြင်း နစ်နာအောင် ပြုလုပ်ခြင်းများ မဖြစ်ကြစေလိုပါ။ ဗဟုသုတ အဖြစ် ပညာရပ်တစ်ခု အဖြစ်လေ့လာစေ ဖို့ပဲ ရည်ရွယ်ပါတယ်။ လိုချင်တယ့်သူများ ကတော့ ထုံးစံအတိုင်း အောက်မှာ အဝဆွဲလိုက်ကြပါ။
     Download Link <-- ဒီမှာဒေါင်းကြဗျို့။
(လဝန်းညို)

Monday, October 29, 2012

အချိန်တွေကုန်




ကျွန်တော့ စိတ်ကူးယဉ်ကမ္ဘာလေးမှာ
ကျွန်တော် သိပ်သိပ် ချစ်ရတဲ့
ကျွန်တော် ချစ်သူလေးက အလှကြီးလှစွာ
ကျွန်တော် ကိုပြုံးလဲ့လဲ့ အကြည့်လေးနဲ့
ကျွန်တော် ရင်ကိုလှုပ်နိုးနေခဲ့တယ်
ကျွန်တော် မျှော်လင့်တဲ့ အချိန်ကိုရောက်ရန်
ကျွန်တော်အချစ်တို့နဲ့အတူ
ကျွန်တော် ကိုယ်ပိုင်မျှော်လင့်လို့နေတယ်
ကျွန်တော်ရဲ့ ချစ်ရသူလေးရယ်...
ကျွန်တော် နှလုံးသားလေးဟာ...
ဒီလိုနဲ့ဘဲ  အချိန်တွေကုန်...

လွမ်းဆွတ်ခြင်း




လွမ်းဆွတ်ခြင်းဟာ 
မင်းပေးထားခဲ့တဲ့ လက်ဆောင်တစ်ခုပါ
ပျော်ရွှင်ခြင်းတွေဟာလည်း
သတိရခြင်းတွေအဖြစ်နဲ့ ကုန်ဆုံးနေတာပေါ့
မင်းသွားနေတဲ့ဘေးမှာ
ကိုယ်မရှိပေမဲ့ 
အတိတ်ကာလ တစ်ချိန်မှာကိုယ်မင်းနဲ့အတူ
လျှောက်လှမ်းခဲ့ဖူးတယ်ဆိုတာကိုတော့
သတိရင် ကျေနပ်ပါတယ်ကွာ...
မင်းရေးခဲ့ဖူးတဲ့ ဒိုင်ယာရီ လေးထဲက 
ကိုယ့်ကိုပူလောင်ခြင်းတို့နဲ့အတူ လောက်မြိုက်
တမြေမြေလောက်ကျွမ်းမပြစ်လိုက်ပါနဲ့ဗျာ
ခံစားရခက်လွန် လွန်းလို့ပါ မိန်းကလေးရယ်။

ခေတ်ကြီးပြောင်းလဲမူမှာရှိနေတဲ့အရာတွေသိသင့်တဲ့အရာတွေ

ကြက်သွန်ဖြူစားခြင်းရဲ့ အကျိုးကျေးဇူးတစ်ခု
ဂျပန်ဆူဇူကီး ဆေးတက္ကသိုလ်ရဲ့ လေ့လားမူအရ ကြက်သွန်ဖြူမှာ  Allixin နဲ့ Vanadiun ဆိုတဲ့ သတ္တုဓာတ်နှစ်မျိုးပါဝင်နေပြီး အဲ့ဒီသတ္တုဓာတ်တွေဟာ ပန်ကရိယ ကနေ အင်ဆူလင်ပမာဏများများထွက်စေတာကြောင့် ဆီးချိုရောဂါရှိတဲ့သူတွေအတွက် သင့်တော်ကြောင်း သိရပါတယ်။ 
                                                             ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)



ဒီနေ့ခေတ်စားနေတဲ့ အဆီစုတ်ထုတ်တဲ့နည်းတွေလုပ်တာကောင်းပါသလား
 အဆီစုပ်ထုတ်တဲ့ နည်းကိုတော့ ဆရာတို့အားမပေးဘူး။ ဒါက ရေရှည်မရဘူး။ စုပ်ထုတ်လိုက်တဲ့ ခဏပဲ။ နောက်ပိုင်းဘ၀နေထိုင်စားသောက်မူပုံစံ Lifestyle) ကိုမထိန်းဘူးဆိုရင် အဆီတွေပြန်တတ်လာနိုင်ပါတယ်။
                                                                 ဒေါက်တာ ဦးကိုကို ( သမားတော်ကြီး) 

သင့်ကျန်းမာရေးအတွက်

ပင်စိမ်းရွက်ရဲ့ အာနိသင်ကိုသိချင်ပါရင်
လေ့လာမူအသစ်အရ ပင်စိမ်းရွက်ဟာ  ဦးနှောက်စွမ်းအားကောင်းစေပြီးမှတ်ဥာဏ်မကျဆင်းအောင် ကာကွယ်နိုင်ပြီး အယ်လ်ဇိုင်းမားနဲ့ သူငယ်ပြန်ရောဂါ (Dementia) ဖြစ်နိုင်ခြေနည်းအောင် လျှော့ချနိုင်ပါတယ်လို့ဆိုပါတယ်။
                                  ဒေါက်တာခင်မိုးမိုး



အသက်၀၀   ဘာကြောင့်ရှူသွင်းသင့်ပါသလဲ  
အသက်ကိုတဖြည်းဖြည်း နဲ့ နက်နက်ရှိုင်းရှိုင်းရှူသွင်းပေးပါ။ တရားထိုင်တာ၊ယောဂလေ့ကျင့်တာတွေက သွေးပေါင်တတ်စေတဲ့ ကျောက်ကပ်ဟော်မုန်းရီနင်ကို
 လျော့နည်းစေပါတယ်။ မနက်၊ ည ငါးမိနစ်လောက် အချိန်ပေးပြီး အသက်၀၀ရှူသွင်းမူပြုလုပ်ပေးပါ။
                               ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)