လူတစ်ယောက်တွင် တစ်နေ့လျှင် အညံ့ချိန်
(၃)ချိန် ရှိပါတယ်။ မိမိ စိတ်တိုင်းကျ ဆောင်ရွက်လို့ မရတဲ့အချိန်တွေလို့ ဆိုပါတယ်။
ထိုအချိန်လေးများကို သတိထားပြီး ရှောင်လို့ရပါတယ်။ သတိထားသင့်ပါတယ်။
အရမ်းအရေးကြီးတဲ့ အလုပ်ကိစ္စများကို ဆောင်ရွက်သည့်အချိန်တွင် သတိထားရပါမည်။
ထိုနည်းသည် မြန်မာရိုးရာ အင်္ဂ၀ိဇ္ဇာဗေဒင် ပညာမှ လာသော ပညာရပ်ဖြစ်ပါသည်။
ဥသြမြည်သံဟု အလွယ်မှတ်ထားလို့ ရပါသည်။ ဆိုလိုရင်း အဓိပ္ပါယ်မှာ ဥ - တနင်္ဂနွေနေ့သားသမီးများသည် ၊ သြ - တနင်္ဂနွေအချိန် ၊ မြည် - ကြာသပတေးအချိန် ၊ သံ - သောကြာအချိန်တွင် အရေးကြီးသော အလုပ်များ မလုပ်သင့်။ မသွားသင့်၊ မချိန်းသင့်လို့ အဓိပ္ပါယ်ရပါတယ်။ ဒါက တနင်္ဂနွေသားသမီးများ အတွက် ဥပမာပေးထားတာပါ။ အဓိကကတော့ မည်သည့်နေ့သားသမီးမဆို မိမိမွေးနံအခါရယ်၊ ပဉ္စပွတ်အခါရယ်၊ ဆပွယ်အခါရယ်တွေမှာ ခရီးကိစ္စ လုပ်ငန်းကိစ္စများ အရေးကြီးသော လုပ်ငန်းဆောင်တာများ စတင် မဆောင်ရွက်သင့်လို့ ဆိုပါတယ်။ အောက်ဖက်မှာ အသေးစိတ် တင်ပြပေးလိုက်ပါတယ်။ (ပုံပေါ်ကလစ်ပါ)
အားလုံးကို ကျေးဇူးတင်ပါတယ်။
ခင်မင်လေးစားစွာဖြင့်
ဆရာဟိန်းတင့်ဇော်
ထိုင်းနိုင်ငံ-မဟာချိုင်မြို့

No comments:
Post a Comment