မင်္ဂလာပါဗျာ ဝေယံအိမ်သစ်လေးမှ ကြိုဆိုပါတယ် ဒီကနေ့ဟာပျော်ရွှင်စရာနေ့လေးဖြစ်ပါလို့ဆုတောင်းလိုက်ပါတယ် ကျွန်တော့အိမ်သစ်ကလေးဟာ တော်လို့တတ်လို့ ပြုလုပ်ထားခြင်းမဟုတ်ပါ လေ့လာသင်ယူရင်းနဲ့ ဖြန့်ဝေမူများလုပ်နေခြင်းဖြစ်ပါသည် အားလုံးကိုကျေးဇူးတင်ပါတယ်

Friday, November 9, 2012

ကျွန်မနဲ့အနီးဆုံးမှာပဲနေပါမောင်ရယ်




ကျွန်ုပ်သည် အိမ်ကပ်စေသော ခြေငြိမ်စေသော အောက်ပါအင်းစမတော်ကို ဆေးဖယောင်းများနှင့် ကြိုချက်၍ အင်းဖယောင်းတိုင် စီရင်၍ ပေးလိုက်၏။ ထို့နောက် (၇)-ရက်သားသမီး ခြေငြိမ်-အိမ်ကပ်စေသော အောက်ဖော်ပြပါ ယတြာနည်းကိုလည်း သူမအား ပေးလိုက်လေတော့၏။


(မိတ်ဆွေများခင်ဗျာ.. အထက်ဖော်ပြပါ အင်းစမတော်သည် မိမိတို့၏ ခင်ပွန်းများသာမက မည်သူ့ကိုမဆို ဆောင်ရွက်လို့ရပါသည်။ အင်းဖယောင်းတိုင် မစီရင်တတ်ပါကလည်း ရိုးရိုးဖယောင်းတိုင်တွင်ပင် ပတ်၍ မီးထွန်း ပူဇော်ပါကလည်း တူသောအကျိုးကို အပြည့်အ၀ ရရှိနိုင်ပါသည်။ ထို့သို့ မဟုတ်ပါပဲ စနစ်တကျ ဆေးဖယောင်းများနှင့် ကြိုချက်၍ စီရင်ထားသော အင်းစမဖယောင်းတိုင်များကို အလိုရှိပါက ကျွန်ုပ်ထံသို့ စာတိုက်လိပ်စာ အတိအကျဖြင့် အီမေးလ်ပို့လိုက်ပါ။ စာတိုက် အမြန်ချောပို့ခ အနည်းငယ်နှင့် ယတြာအတွက် ကုန်ကျစရိပ်အနည်းငယ်ကိုသာ ကျခံပါ။ သင်တို့ထံမှ ပညာပူဇော်ခ တစ်ပြားတစ်ချပ်မှ မယူပဲ အခမဲ့ စေတနာဖြင့် စီရင် ပေးပို့သွားမည် ဖြစ်ပါကြောင်း။



ဥပမာ... တနင်္ဂနွေသားသမီး တစ်စုံတစ်ရောက်အား အိမ်မြဲစေလိုပါက တနင်္ဂနွေနေ့ နံက် (၉း၄၅)တွင် အနောက်အရပ်ကို မျက်နှာမူထားပါ။ ပြီးရင် ခြေထောက်အောက်တွင်တော့ သီဟိုဠ်ရွက်ကို နင်းထားပါ။ လက်ထဲတွင် ထန်းရွက်တွင် ( ထ)အက္ခရာကို ရေးပါ။ ထို့နောက် တနင်္ဂနွေသားသည် အိမ်တွင် ကပ်ပါစေ၊ အိမ်မှာ မြဲပေါစေ၊ အစရှိသည်ဖြင့် ဆုတောင်းပါ။ ထို့နောက် ထိုထန်းရွက်ကို တနင်္ဂနွေသား၏ အိပ်ယာအောက်တွင် ထိုးထားလိုက်ပါ။ ထိုအပေါ်တွင် အိပ်မိသည့်နေ့မှစ၍ တနင်္ဂနွေသားသည် နေအိမ်တွင် မြဲသွားမည် ဖြစ်ပါကြောင်း

သင်တို့၏အကျိုးကိုထာဝစဉ်လိုလားသော
ဟိန်းတင့်ဇော်

No comments:

Post a Comment