မင်္ဂလာပါဗျာ ဝေယံအိမ်သစ်လေးမှ ကြိုဆိုပါတယ် ဒီကနေ့ဟာပျော်ရွှင်စရာနေ့လေးဖြစ်ပါလို့ဆုတောင်းလိုက်ပါတယ် ကျွန်တော့အိမ်သစ်ကလေးဟာ တော်လို့တတ်လို့ ပြုလုပ်ထားခြင်းမဟုတ်ပါ လေ့လာသင်ယူရင်းနဲ့ ဖြန့်ဝေမူများလုပ်နေခြင်းဖြစ်ပါသည် အားလုံးကိုကျေးဇူးတင်ပါတယ်

Friday, November 9, 2012

ကျန်းမာရေး အညံ့ရှိနေသူများအတွက်




ယတြာဆောင်ရွက်လျှင် ရရှိမည့် အကျိုးကျေးဇူး

လူတစ်ဦးတစ်ယောက်အတွက် ကျန်းမာရေး အညံ့နှင့်ကြုံက သမားစုံငွေကုန်သည့်တိုင် ဆေးလည်းမစူး ထူထူ ထောင်ထောင်လည်း မဖြစ် ကျန်းမာရေးအတွက် ဒုက္ခကြုံ အခက်ကြုံနေသူများ ၊ ရောဂါဝေဒနာ တစ်ခုပြီး တစ်ခုဖြစ် တရှောင်ရှောင် ကျန်းမာရေးအညံ့ရှိ ၊ သမားတော်အား ပြသလင့်ကစား ရောဂါအရင်း အမြစ်ကို ရှာ၍မရ၊ သမားတစ်ယောက် ပြောင်းလိုက် ရောဂါအမည်တစ်မျိုး ထင်ကုလိုက်နှင့် ရောဂါထွေကာ အညံ့ကြုံ သူများအတွက် အဓိကဆောင်ရွက်ရန် မြန်မာ့ရိုးရာ အစွမ်းထက်မြက်သည့် ကျန်းမာရေးအတွက် အထောက်အကူ ပြုသည့် နည်းစနစ်ကောင်း ဖြစ်ပါသည်။ ကျန်းမာရေး အညံ့ကြုံနေသူများ အဓိက ဆောင်ရွက်ရန်ဖြစ်ပါသည်။

ယတြာဆောင်ရွက်ပုံဥပဒေသ

* လူမမာ သုံးစွဲနေသည့် ခေါင်းအုံးစွပ်ကို ယူရမည်။ ၎င်းခေါင်းအုံးစွပ်ကို တစ်ဖက်ပိတ် ချုပ်ရမည်။ အိပ်တစ်လုံး ကဲ့သို့ ဖြစ်သွားမည်။
* ၎င်းတစ်ဖက်ပိတ် ခေါင်းအုန်းစွပ်အတွင်းလူမမာ၏ဘယ်လက် (ကျား၊မ-မရွေး) ဆန်လက်တစ်ဆုပ် ထည့်ပါ။
* ကျောက်ခဲသက်စေ့ ခေါင်းအုံးစွပ်အတွင်း ထည့်ပါ။ (သက်စေ့ဆိုသည်မှာ ဥပမာအားဖြင့် အသက် ဆယ်ခြောက်နှစ် ပြည့်ပြီး၍ ဆယ်ခုနှစ်နှစ် ရောက်နေသူအတွက် ၁၇-လုံး၊ ၁၇-နှစ်ပြည့်ပြီး ၁၈-နှစ် ရောက်နေသူအတွက် ၁၈-လုံးထည့်ရမည်။ မည်သည့်ခဲကိုမဆို ထည့်၍ရသည်။ ကျောက်စရစ်ခဲ ထည့်က ပို၍ကောင်းသည်။ ကျောက် - စ - ရစ် + ၂ - ၃ - ၄ = ၉ န၀င်းဓာတ်ရသည်။ ၎င်းခဲလုံးများအနက် တစ်လုံးသည် အခြားသော အလုံးများထက် အနည်းငယ် ကြီးရမည်။)
* ကြေးချောင်းကို သက်စေ့ထည့်ရမည်။ (၀ါယာကြိုးအတွင်းမှ ကြေးနန်းကို သုံး၍ရသည်။ လူမမာ၏ ဘယ်ဘက်လက် လက်ခလယ် (ကျားမမရွေး)၏ အပေါ်ဆုံး လက်တစ်ဆစ် အလျားဖြတ်၍ ထည့်ရန်ဖြစ်သည်။
* ၎င်းခေါင်းအုံးစွပ် တစ်ဖက်ပိတ်အိတ် အတွင်း၌ပင် ခြေသည်း လက်သည်းနှင့်ဆံပင် စတိထည့်ရမည်။
* လူမမာ၏ နေ့သင့်နံသင့် သစ်ပင်၏ အကိုင်းအရွက် အလျားအား ဘယ်ဘက်လက်၊ လက်ခလယ် လက်မနှင့် တစ်ထွာအလျားအား ဖြတ်ရမည်။
* စာရွက်တစ်ရွက်ပေါ်တွင် လူမမာ၏ မွေးနေ့ကိုရေး၍ ၎င်းအပိုင်းတွင်ရစ်ပတ်၍ တစ်ဖက်ပိတ် အိတ်အတွင်း ထည့်ပါ။ နေ့သင့်နံသင့် အကိုင်း၊ အသားများကို ဒီနေရာလေးမှာ ဖော်ပြပေးလိုက်ပါတယ်။ (တနင်္ဂနွေ အတွက်-အုန်းရွက်၊ တနင်္လာအတွက် - ကံ့ကော်ကိုင်း၊ အင်္ဂါအတွက် - ဇီးကိုင်း၊ ဗုဒ္ဓဟူးအတွက် - ၀ါးကိုင်း၊ ရာဟုအတွက် - ရဲယိုကိုင်း၊ ကြာသပတေးအတွက် - ပိန်း၊ပေါက်၊ပျဉ်းမတစ်ခုခု၊ သောကြာအတွက် - သီဟိုဠ်ကိုင်း၊ စနေအတွက် -ဒန်းကိုင်း၊ ထန်း ၊ ဓနိတစ်ခုခု) ဖြစ်ပါတယ်။

ထိုကဲ့သို့ ခေါင်းအုံးစွပ် တစ်ဖက်ပိတ် အိတ်အတွင်း ဆန်တစ်ဆုပ် ၊ ကျောက်ခဲသက်စေ့ ၊ ကြေးချောင်းသက်စေ့၊ ခြေသည်းလက်သည်း၊ ဆံပင် ၊ နေ့သင့်နံသင့် အကိုင်းအရွက်တို့ ထည့်ပြီးနောက် အိတ်ကိုပိတ်ပါ။ ထို့နောက် လူမမာ၏ဘေးတွင် တစ်ညထားအိပ်ပါ။ နောက်တစ်နေ့ မွန်းလွဲသောအခါ မြစ်ချောင်းထဲ ညင်သာစွာ ပစ်ပါ။ ရေမျှောလိုက်ပါ။ တစ်ကြိမ် ဆောင်ရွက်လိုက်ရုံနှင့် ကျန်းမာရေး ညံ့နေသူများ ဆေးမတိုးသူများ ဆရာ မကိုက်သူများ အထူ အဆင်ပြေစေပါသည်။ ကောင်းမွန်စေပါသည်။ ကျန်းမာရေးကြောင့် ပူပင်သောက စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်နေသူများအတွက် အထက်ဖော်ပြပါ ယတြာကို အပိုအလိုမရှိ ပြန်လည် ဖော်ပြ ပေးလိုက်ပါတယ်။

သင်တို့၏အကျိုးကိုထာဝစဉ်လိုလားသော
ဆရာဟိန်းတင့်ဇော်(ထိုင်းနိုင်ငံ၊မဟာချိုင်မြို့)

No comments:

Post a Comment