မင်္ဂလာပါဗျာ ဝေယံအိမ်သစ်လေးမှ ကြိုဆိုပါတယ် ဒီကနေ့ဟာပျော်ရွှင်စရာနေ့လေးဖြစ်ပါလို့ဆုတောင်းလိုက်ပါတယ် ကျွန်တော့အိမ်သစ်ကလေးဟာ တော်လို့တတ်လို့ ပြုလုပ်ထားခြင်းမဟုတ်ပါ လေ့လာသင်ယူရင်းနဲ့ ဖြန့်ဝေမူများလုပ်နေခြင်းဖြစ်ပါသည် အားလုံးကိုကျေးဇူးတင်ပါတယ်

Wednesday, December 19, 2012

Gtalk&Gmail အကောင့် password များ မေ့နေလျှင်(သို့)အခိုးခံရလျှင် ပြည်လည်ရယူနည်း



1။ ဂျီတော့ ဘောက်စ့်လေးထဲမှာရှိတဲ့ Forgot your password? ကိုနှိပ်လိုက်ပါ။



2။ username & email လိပ်စာကိုဖြည့်ပြီး submit ကိုနှိပ်လိုက်ပါ။

မိမိ block လိုက်တဲ့လူ အထဲမှာ မိမိအကောင့် ပြောက်သွားအောင်လုပ်မယ်

Gtalk ကနေ မိမိနှင့် အဆင်မပြေသူကို မိမိဘက်က Block သို့ Remove လုပ်လိုက်ရင် မိမဘက်ကသာ သူ့ကိုမမြင်ရတော့ပေမယ့် မိမိ Block သို့ Remove လုပ်လိုက်တဲ့သူရဲ့ Gtalk မှာတော့ မိမိနာမည်ရှိနေသေးတဲ့အတွက် သူ့ဘက် Chat လို့ရပါသေးတယ်။ ကိုယ့်ဘက်က Block လိုက်တယ်ဆိုပေမယ့် သူ့ရဲ့ Gtalk List မှာ ရှိနေဦးမှာပါ.။ အဲ့ဒီလိုမျိုးတွေ မဖြစ်ရအောင် အပြီးအပိုင် သံယောဇဉ်ဖြတ်မယ်ဆိုရင်တော့ ဒီနည်းလေးအတိုင်းပြုလုပ်လို့ရပါတယ်။ ပထမဦးဆုံး Gmail ကို ဖွင့်ပါး။ ပြီးရင် Contacts ကို ရှာပြီး Click နှိပ်လိုက်ပါ။ အဲ့ဒီအခါ Contacts Box ကျလာရင် မိမိ Delete လုပ်ချင်သော Account ကို ရွေးပြီး အမှန်ခြစ်ကာ Delete contact ကို click နှိပ်လိုက်ပါ။ တကယ်ဖျက်မှာလားလို့မေးတဲ့ Box ကျလာရင် OK ကို နှိပ်လိုက်ပါ။ ဒါဆို မိမိမဆက်သွယ်လိုသူကို အပြီးအပိုင် သံယောဇဉ်ဖြတ်လိုက်လို့ရသွားပါပြီ။ သူ့ရဲ့ Gtalk မှာလည်း မိမိအမည် မရှိတော့သလို သူ့ Gtalk မှာလည်း ကိုယ့်အမည် ကျန်ရှိတော့မည် မဟုတ်တော့ပါ။

G talk မှာအွန်လိုင်းတက်လာသူတွေကို g talk box ကိုဖွင့်မကြည့်ပဲ သိအောင်


gtalk ကိုအသုံးပြု့သူတိုင်း... သိထားသင့်တယ်ထင်လို့ပါ...အချို့ကတော့သိပြီးပါပြီ....မသိတဲ့သူများအ အတွက်ရည်ရွယ်ပါတယ်....သိ
တဲ့သူတွေကတော့မရီနဲ့ဗျာ......

G talk မှာအွန်လိုင်းတက်လာသူတွေကို g talk box ကိုဖွင့်မကြည့်ပဲ သိအောင်လုပ်လို့ရပါတယ်...
ဘယ် software ကိုထပ်ဖြည့်စရာမလိုပါဘူး....
အရင်ဆုံး g talk ကို sing in ဝင်လိုက်ပါ...
ပြီးရင် setting ကိုသွားပါ....
Picture
Picture
Picture

setting ကိုဝင်ပြီးတာနဲ့ Notification ဆိုတဲ့tab ကလေးတစ်ခုရှိပါတယ်...

ဖုန်းနံပါတ် သိတာနဲ့ အိမ်လိပ်စာသိအောင်လုပ်နည်း


ဒီနည်းလေးကသိတဲ့သူတွေအတွက်တော့ကျော်ဖတ်လိုက်ကျပေါ့ဗျာ။ ဒီနည်းလေးက ကျွန်တော်တို့လိုလူမျိုးတွေအတွက်ပါ အဟိ။
ကြွားလိုက်ဦးမယ်။ အရင်ကဆို ကောင်မလေးကိုကြိုက်ပြီဆိုရင် နာမည်မေးရ။ အိမ်လိပ်စာတောင်းရနဲ့ ရှုပ်ပါတယ် ။အခုတော့အလုပ်တောင်မရှုပ်တော့ပါဘူး ။ ဘာလို့လဲဆိုတော့နည်းရှိပြီးသားလေ ။

ကဲဒီလိပ်စာတိုင်းသွားလိုက်ဗျာ ပြီးရင်ကိုယ်ကြိုက်တဲ့ကောင်မလေး ဖုန်းနံပါတ်သာရအောင်တောင်းလိုက်တော့ဗျို့။
မိုက်လယ်မလားလာအုံးမယ်နောက်ထပ်အဟိ မတင်တာကြာလို့ ဆော်တီးနော်တယ်ရင်းတို့ အဟိ။။။

အခုတင်ပြမဲ့နည်းလေးကတော့ အင်တာနက်မှာတင် Frame.Face.Animation 

 ပြောင်းတဲ့နည်းလေးပါ။





အောက်မှာကြည့်လိုက်နော်
အားလုံးကြိုက်မယ်လို့မျှော်လင့်မိပါတယ်။

Animation လုပ်ထားတဲ့ပုံပါ။



Frame ပြောင်းထားတဲ့ပုံပါ။

ဟတ်ဟတ်သေချာဖတ်ကြည့် နော်ပြီးမှကောင်းတယ်မလုပ်နဲ့ အွန့် 





ဒီဂျစ်တယ် ခေတ်ကြီးမှာ မှတ်တမ်းမှတ်ရာတွေကို သိမ်းဆည်းရတာ လွယ်ကူလာပါတယ်.. သို့ပေမဲ့လဲ Digital Devices တွေတိုင်းမှာ သူ့ရဲ့ သက်တမ်းရှိပါတယ်.. အချက်အလက်တွေကို Digital နည်းအားဖြင့် သိမ်းဆည်းထားမယ်ဆိုရင် အဲ့ဒီ Device/Media ဟာ သူ့သက်တမ်း ကုန်သွားမယ်ဆိုရင် ဘယ်လိုမှ ပြန်လည် ရရှိအောင် လုပ်ယူလို့မရနိုင်တော့ပါဘူး.. နည်းလမ်း ပေါင်းစုံနဲ့ ပြန်ရအောင် လုပ်မယ်ဆိုရင်လဲ ၁၀၀%အကုန် ပြန်ရဖို့ဆိုတာ ငွေကုန်ကြေးကျ များနိုင်သလို.. သေချာမှုလဲ မရှိပါဘူး..
ယနေ့ ကျွန်တော်တို့တွေ အများဆုံး သိမ်းဆည်းနေကြတဲ့ CD/DVD တွေ၊ HDD/Flash Memory တွေဟာလဲ သက်တမ်းအားဖြင့် အလွန်တိုတောင်းပါတယ်။ ၁၀စုနှစ် တစ်ခုလောက်တောင် သိမ်းထားနိုင်စွမ်း မရှိပါဘူး။ 
HDD တစ်ခုရဲ့ သက်တမ်းဟာ ၃နှစ်မှ ၇နှစ်
DVD တစ်ချက်ရဲ့ သက်တမ်းဟာ ၆လ
Flash Drive တစ်ခုရဲ့ သက်တမ်းဟာ ၅နှစ်မှ ၈နှစ်
Tape Drive ရဲ့ သက်တမ်းဟာ ၁၅နှစ်အောက် ဆိုပြီး အသီးသီးသက်တမ်းရှိကြပါတယ်။
သို့ဆိုရင် ၁၀စုနှစ် နှစ်ခု၊ သုံးခု တည်တံ့နိုင်အောင် သိမ်းဆည်းဖို့ လိုအပ်တဲ့ ဘ၀ရဲ့ အမှတ်တရတွေ၊ အချက်အလက်တွေ မပျောက်မပျက်အောင် မည်သို့ သိမ်းဆည်းကြပါမည်နည်း။
နည်းပညာသစ်ဖြင့် ပြုလုပ်ထားတဲ့ Mellenniata က ထုတ်တဲ့ M-Disc ဆိုတဲ့ DVD ဟာ တစ်ခါရေးမှတ်ထားရင် နှစ်ပေါင်း ၁၀၀၀ ကျော် ကြာရှည်ခံနိုင်တယ်လို့ ဆိုပါတယ်။ ထောင်စုနှစ်တစ်ခုလောက်တော့ မပျက်မဆီးပဲ တည်ရှိနိုင်တယ်လို့ အာမခံထားပါတယ်။
အဘယ်သို့ သိမ်းဆည်းမည်နည်း?
သာမာန် DVD တစ်ချက်ဟာ Laser ရောင်စဉ်တမ်းကို အသုံးပြုပြီး Organic Dye Layer တွေပေါ်မှာ အမှတ်အသားတွေ ပြုလုပ်ပါတယ်။ အဆိုပါ Layer တွေဟာ အလင်း၊ အပူ၊ ဓာတ်ပစည်းတွေကြောင့် အချိန်ကြာလာတာနဲ့အမျှ ပျက်စီးပြီး၊ မှတ်သားထားတာတွေ ပျောက်ကွယ်သွားနိုင်ပါတယ်။ ဘယ်လိုပဲ သေချာစွာ သိမ်းဆည်းထားပါစေ၊ ဓာတ်ပြုပြောက်ကွယ်သွားနိုင်တဲ့ Organic Layer တွေကြောင့် မိမိရဲ့ အချက်အလက်တွေဟာ အချိန် အပြောင်းအလဲမှာပင် သုံးမရဘဲ ဆုံးရှုံးပျက်စီးသွားနိုင် ပါတယ်။
M-Disc တွေမှာတော့ ဓာတ်မပြုနိုင်နဲ့ Inorganic Layer တွေကို အသုံးပြုထားပြီး၊ အားကောင်းတဲ့ Laser ရောင်စဉ်တမ်းတွေနဲ့ ရေးမှတ်ပြီး၊ အဲ့ဒီရေးမှတ်ထားတဲ့ အမှတ်အသားတွေ (တကယ်တော့ On/Off 0/1 တွေကို အပေါက်လေးတွေ ဖောက်ပြီးမှတ်သားထားခြင်း ဖြစ်ပါတယ်။ ဥပမာ 1 ကို အပေါက်တစ်ခု၊ 0 ကို အပေါက်မဟုတ်တာ တစ်ခု) မပျောက်ပျက်သွားအောင် Layer တစ်ခုနဲ့ ကာကွယ်ပေးထားပါတယ်။ 
US National Standards Institute ကနေ စမ်းသပ်ချက်အရ နှစ်ပေါင်း ၁၀၀၀ လောက် အနည်းဆုံး မပျက်မစီးဘဲ တည်တံ့နိုင်မယ်လို့ ဆိုပါတယ်။ များစွာသော စမ်းသပ်ချက်တွေ အရ US Military Standard ပြည့်မီတဲ့ အရည်သွေးရှိတယ်လို့ ဆိုပါတယ်။
Price and Devices!!
လက်ရှိအချိန်မှာ M-Disc တွေကို ၅ချပ်၊ ၁၀ချပ် ၁၅ချပ်ဆိုပြီး ၀ယ်ယူနိုင်ပြီဖြစ်ပါတယ်။ ဈေးနှုန်းတွေ ကတော့ 20$,30$ နဲ့ 72$ အသီးသီးရှိပါတယ်။ 
Millenniata နဲ့ Optical Storage Media တွေထုတ်လုပ်တဲ့ RITEK Corporation တို့ပူးပေါင်းပြီး M-Disc တွေ ထုတ်လုပ်ဖို့ သဘောတူညီချက် ရရှိထားပြီး M-Disc တွေကို ထုတ်လုပ်နေပြီဖြစ်ပါတယ်။
M-Disc တွေကို ရေးဖို့ အတွက် Drive တွေကို LG ကနေ ထုတ်လုပ်ပေးလျက်ရှိပြီး၊ ဖတ်ဖို့ကတော့ သာမန် Disc Drive တွေ အသုံးပြုလို့ရမှာ ဖြစ်ပါတယ်။ M-Disc တွေဟာ Read Only/Write Once ဖြစ်တဲ့အတွက် တစ်ခါရေးပြီးနောက်တစ်ခါ ထပ်ရေးလို့ရမှာ မဟုတ်ပါဘူး။ ReWritable Disc တွေတော့ လက်ရှိမှာ မထုတ်လုပ်ထားသေးပါဘူး။ Dell Inc ကလည်း Europe နိုင်ငံတွေအတွက် M-Disc Drive တွေ ထုတ်လုပ်ပေးဖို့ ယခုလပိုင်းက သဘောတူညီချက်ရရှိထားပါတယ်။ 
M-Disc တွေကို လွန်ခဲ့တဲ့ နှစ်နှစ်လောက်က မိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ ယခုအချိန်မှာတော့ ၀ယ်ယူအသုံးပြုလို့ရနေပြီ ဖြစ်ပါတယ်။ M-Disc တွေဟာ သာမာန် Disc တွေနဲ့ မတူပဲ ကွဲပြားပါတယ်။ Disc တွေဟာ ဟိုဘက်ဒီဘက် ထုတ်ခြင်းပေါက် မြင်နိုင်ပြီး၊ သာမာန် Disc တွေကဲ့သို့ ရောင်ပြန် အလွှာမပါဝင်ပါဘူး။ သိမ်းဆည်းနိုင်တဲ့ Data ပမါဏကတော့ ပုံမှန် DVD တစ်ချက်ကဲ့သို့ 4.7GB ရှိပါတယ်။ 
သားစဉ်မြေးဆက် ထိန်းသိမ်းသွားဖို့အတွက် အဖိုးတန်တဲ့ အချက်အလက်တွေကို သိမ်းဆည်းသွားချင်တယ် ဆိုရင်တော့ ထောင်စုနှစ်တိုင် မပျောက်မပြက်ဘဲ တည်တံ့နိုင်မဲ့ M-Disc တွေကို ရွေးချယ် အသုံးပြုနိုင်ဖို့ သတင်းပေးလိုက်ရပါတယ်။
အနော်ပိုစ်ဟုတ်ဖူးကိုရန်လင်းပိုစ်လေ့လာချင်ရင်http://friendsoftwarebyyanlin.blogspot.com လာခဲ့နော်မျှော်နေမယ်

Sunday, December 16, 2012

USB - stick ပြဿနာများ






စက်မှာ USB PORT ကို အသုံးပြုလို့ မရရင် start >Run >devmgmt.msc >device manager ကိုရောက်ခဲ့လျှင်

တော့ Universal serial bus controller ဆိုတာလေးကိုရှာလိုက်ပါ တွေ ပြီလား တွေ့ ပြီဆိုရင် Universal serial

bus controller ဆိုတာကို Right Clickလုပ်ပြီးတော့ enable လုပ်လိုက်ပါ….



USB PORT ကို သုံးလို့ မရတာ BIOS ထဲက usb controller ကို disable ပေးထားတာလည်း ဖြစ်နိုင်ပါတယ်….

ဒါဆိုရင်တော့ BIOS ထဲက usb controller ကို enable ပေးလိုက်ရင် အဆင်ပြေပါတယ်…

အွန်လိုင်း တီဗွီ ကြည့်ဘို့ ReadonTV.v7500.AiO.Hypnox .rar




 အွန်လိုင်း တီဗွီ ကြည့်ချင် သူများအတွက် ဒီ    ReadonTV.v7500   TV Player လေးကို တင်ပေးလိုက်ပါတယ်
ထိုင်း TORRENT ဆိုဒ် တခုကရထားတာပါ    ဖိုင်ထဲမှာ (သတိပေးချက်) ဆိုတဲ့ Text ဖိုင်လေးကို သေသေချာချာဖတ်ပါ ။
Aio အမျိုးအစားဖြစ်လို့ Install လုပ်ရတာ မခက်လှပါဘူး
ကျနော် ကြည့်တာတော့ မြန်မာလိုင်း (၂) လိုင်း ပါတာ တွေ့ရပါတယ် 

ကွန်နက်ရှင် ပိုကောင်းအောင်ဘယ်လိုလုပ်မလဲ

ပထမဆုံး Desktop -> My computer - (right click on) ->Properties ->
ပြီးတော့ HARDWARE tab -> Device manager -> Device manager window ပေါ်လာပါလိမ့်မယ်။
ပြီးရင် Ports ကိုရှာ ပြီးနှိပ်ပါ။ > CommunicationPort လေးပေါ်လာ ပါလိမ့်မယ် .......။
ပြီးရင်အဲဒါလေးကိုနှိပ်ချက်နှိပ်ပြီးဖွင့်လိုက်ပါ...............Communication Port properties ကိုမြင်ရပါလိမ့်မယ်။
Port Setting: ---- ကိုသွားပါ။
"Bits per second" ကို 128000 ချိန်းပေးလိုက်ပါ။
ပြီးတော့ "Flow control" ကို Hardware ကိုချိန်းပေးလိုက်ပါ။
ဒါဆိုရင်တော့ အင်တာနက်ကွန်နက်ရှင်ဟာအရင်နဲ့မတူပဲ ပိုကောင်းလာ တာကိုတွေ့၇ပါလိမ့်မယ်...........

Memory Card, SD ကဒ်များမှ delete လုပ်မိသော Data များကို ပြန်လည် ရယူခြင်း




 ဒီတစ်ခါ စာဖတ်သူတို့အသုံးပြုနေတဲ့ memory card
, micro SD ကဒ်၊ ကင်မရာသုံး SD ကဒ်များအတွက် အချက်အလက်များ ပြန်ယူလို့ ရစေမယ့် ဆော့ဖ်ဝဲ ဖြစ်ပါတယ်။

သီချင်း၊ ရုပ်ရှင်၊ ဓာတ်ပုံ၊ Application အစရှိသဖြင့် အားလုံးပြန် recovery ပြန်လုပ်လို့ ရပါတယ်။


၁။ အောက်ပါလခ့်တွင် ဒေါင်းလုခ်ဆွဲပါ။


သို့မဟုတ်

သို့မဟုတ်

Video,Photo တွေကိုဆလိုက်ရှိုး လုပ်ဘို့ အကောင်းဆုံး၊အပေါ့ပါးဆုံး Effect တွေအစုံဆုံး Photodex ProShow Producer v5.0.3280




အွန်လိုင်းမိတ်ဆွေများအားလုံး မင်္ဂလာပါ 

ဒီနေ့တော့ Video Editing လုပ်တဲ့ Santhoes  ဆိုသူ သူငယ်ချင်းတစ်ယောက်က
 “ကိုနိုင် photo slideshow လုပ်တဲ့ program effect လှလှလေးနဲ့ လိုချင်တယ် ဘယ်ဟာကောင်းလဲဗျာ ” လို့မေးလာလို့ 
ကျနော် ကိုယ်တိုင်လဲ အမြဲသုံး နေတဲ့  Partable လုပ်ထားပြီးသား Photodex ProShow Producer v5.0.3280  နောက်ဆုံး Version လေးကို  တခြားလိုချင်တဲ့သူတွေလည်း
အသုံးပြုလို့ရအောင် တင်ပေးလိုက်ပါတယ်
အရမ်းကိုပေါ့ပါးပြီးတော့ Video,Photo တွေကိုဆလိုက်ရှိုး လုပ်ဘို့ အကောင်းဆုံး၊အပေါ့ပါးဆုံး Effect တွေအစုံဆုံးလို့တောင် ပြောရမှာပါ ။ 
စတိုင်တွေလည်းတော်တော်စုံပါတယ်
မိမိစိတ်တိုင်းကျ Edit လုပ်လို့လည်းရပါတယ်
 

USB device တွေထဲ Copy လုပ်ထည့်ပြီး  အခြား ကွန်ပြူတာ များမှာလည်း  Install လုပ်စရာမလိုပဲ အလွယ်တကူ အသုံးပြုနိုင်ပါတယ် 
ဖိုင်ဆိုဒ်လည်း သိပ်မကြီးလှပါဘူး 60 MB ပဲရှိပါတယ် ပြန်ဖြည်လိုက်ရင်တော့ 90 MB ရှိပါတယ်
password မေးခဲ့ရင် ဒီဆိုဒ်လိပ်စာထည့်ပေးလိုက်ပါ
လိုချင်သူများ အောက်က Link မှာ ဒေါင်းနိုင်ကြပါတယ်   အားလုံး အဆင်ပြေကြပါစေဗျာ...

ဒေါင်းလုပ်ပြီး အသုံးပြုပုံအကျဉ်း youtube video  လေးကို အောက်မှာ ကြည့်လိုက်ပါအုံး ကိုလေးဖြူနဲ့ ကိုဂျက်မြသောင်းတို့ ဆိုထားတဲ့ နှလုံးသွေးများရပ်တန့်သွားပစေ ချစ်မယ်ဆိုတဲ့  သချင်းလေး နားထောင်ရင်းပေါ့နော် ။

 http://youtu.be/wWSNSebUuO8




Password : www.itguidemyanmar.co.cc

Download   minus

http://www.mediafire.com/?hk5t4wu8kq97dmc    Mediafire


ဒီနေရာလေးမှ ပြန်လည်တင်ပြပေးပါသည်