မင်္ဂလာပါဗျာ ဝေယံအိမ်သစ်လေးမှ ကြိုဆိုပါတယ် ဒီကနေ့ဟာပျော်ရွှင်စရာနေ့လေးဖြစ်ပါလို့ဆုတောင်းလိုက်ပါတယ် ကျွန်တော့အိမ်သစ်ကလေးဟာ တော်လို့တတ်လို့ ပြုလုပ်ထားခြင်းမဟုတ်ပါ လေ့လာသင်ယူရင်းနဲ့ ဖြန့်ဝေမူများလုပ်နေခြင်းဖြစ်ပါသည် အားလုံးကိုကျေးဇူးတင်ပါတယ်

Friday, November 9, 2012

လာဘ်ဖွင့် လာဘ်ပွင့် ကံကောင်းစေသော နည်းတစ်ခု




ဒီယတြာကို ကံဇာတာ မြင့်မားချင်သူများ ကံဇာတာ တိုးတက်စေချင်သူများ လာဘ်လာဘ ပွင့်လန်းစေချင် သူများ ရောင်းပန်းဝယ်ပန်း ပွင့်လန်းစေချင်သူများ ဆောင်ရွက်၍ ရသည်။ နိုင်ငံခြားတိုင်းပြည်များသို့ အကြောင်းအမျိုးမျိုးဖြင့် ခရီးထွက်မည့်သူများ ခရီးသွားမည်ဟု စီစဉ်ထားပြီးပါမှ ခရီးစဉ် ပျက်ယွင်းခြင်း ၊ သွားရောက်ရန်အတွက် အဆက်အသွယ် ပြတ်တောက်နေခြင်း မရခြင်း အစရှိသော နိုင်ငံခြား ခရီးကိစ္စများကို အထူး အကျိုးပြု အောင်မြင်စေပါသည်။

ပညာရေးနှင့် ပတ်သက်၍ စာတွင်စိတ်မ၀င်စား စာကြည့်လျှင်လည်း ခေါင်းထဲသို့မ၀င် ပညာသင်ကြားဆဲ ကသိကအောက် ဖြစ်နေသူများ ပညာရေးဆိုင်ရာ အနှောက်အယှက်ကင်း ရာနှုံးပြည့် အောင်မြင်စေပါသည်။ ငွေကြေးနှင့် ပတ်သက်၍ အဆင်မပြေ ရသင့်သည်များ ကြန့်ကြာနေခြင်း ၊ ငွေကြေးများ ဒလဟော အကြောင်းမဲ့ ကုန်ကျနေခြင်း ၊ လာဘ်ပိတ်နေသူများလည်း ငွေကြေးနှင့် ပတ်သက်၍ ကံကောင်းစေပါသည်။

သင်ဟာ နေဂိုဏ်း အုပ်စုဝင်လား ၊ လဂိုဏ်း အုပ်စုဝင်လား

နေဂိုဏ်း

တနင်္ဂနွေသားသမီးများ
အင်္ဂါနေ့သားသမီးများ
စနေသားသမီးများ
ဗုဒ္ဓဟူးညနေပိုင်း (ရာဟု)သားသမီးများကို (နေဂိုဏ်း) အုပ်စုဝင်များလို့ ခေါ်တယ်။
တနင်္ဂနွေနေမင်း ဦးဆောင်သော ဂြိုဟ်များဖြစ်တဲ့ အတွက် အဲဒီ (၄)ရက်သားသမီးများကို နေဂိုဏ်အုပ်စု လို့ခေါ်ခြင်းဖြစ်တယ်။

လဂိုဏ်း

တနင်္လာသားသမီးများ
ဗုဒ္ဓဟူးသားသမီးများ (နံက်ပိုင်း)
ကြာသပတေးသားသမီးများ
သောကြာသားသမီးများကို (လဂိုဏ်း) အုပ်စုဝင်များ ဖြစ်တယ်။
တနင်္လာလမင်းဂြိုဟ် ဦးဆောင်တဲ့ ဂြိုဟ်များဖြစ်တဲ့အတွက် အဲဒီ (၄)ရက်သားသမီးများကို “လဂိုဏ်း” အုပ်စုလို့ ခေါ်ခြင်းဖြစ်တယ်။


ယတြာရဲ့ ဥပဒေသ

နေဂိုဏ်းသမားများ ဆောင်ရွက်ရန်.....

တနင်္ဂနွေသားသမီးများ အင်္ဂါနေ့သားသမီးများ စနေသားသမီးများ ဗုဒ္ဓဟူးညနေပိုင်း (ရာဟု) သားသမီးများစသော နေဂိုဏ်းသမားများကတော့ ကသစ်သား မိမိလက်တစ်ညှိုး လောက် ပေါ်တွင် အုန်းရည် ပက်ဖျန်းရမယ်။ အဲဒီ အုန်းရည် လောင်းထားတဲ့ ကသစ်သားကို အနည်းငယ်သွေ့ချောက်အောင် ထားပြီး အဲဒီ အသားပေါ်မှာ ဖယောင်းတိုင် (အနီ) ထွန်းပြီး ကိုယ်ဖြစ်ချင်တာကို ဆုတောင်းလို့ ရပါတယ်။

လဂိုဏ်းသမားများ ဆောင်ရွက်ရန်

တနင်္လာသားသမီးများ ဗုဒ္ဓဟူးသားသမီးများ (နံက်ပိုင်း) ကြာသပတေးသားသမီးများ သောကြာသားသမီးများ စသော လဂိုဏ်းသမားများက မိမိ လက်တစ်ညှိုးခန့် စွယ်တော်သားပေါ်တွင် လိမ္မော်ရည် ပက်ဖျန်းရမယ်။ အဲဒီ လိမ္မော်ရည် ပက်ဖြန်း ထားတဲ့ စွယ်တော်သားကို အနည်းငယ် သွေ့ခြောက်အောင် ထားပြီး အဲဒီ အသားပေါ်မှာ ဖယောင်းတိုင် (အဖြူ) ထွန်းပြီး မိမိဖြစ်ချင်တာကို ဆုတောင်းလို့ ရပါတယ်။

လုပ်ရတာလည်း လွယ်ကူပါတယ်။ နိုင်ငံတကာမှာလည်း လုပ်ကိုင်ရတာ အဆင်ပြေမှာပါ။ ဘာပဲဖြစ်ဖြစ် လွယ်ကူသလောက် အကျိုးရှိစေသော နည်းကောင်းတစ်ခု ဖြစ်တဲ့အတွက် လုပ်ကြည့်လိုက်ပါလို့သာ တိုက်တွန်း လိုက်ပါတယ်။ အားလုံး အဆင်ပြေကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ အီးမေးလ်ပို့၍ ဟောစာတမ်းမှာ ထားကြသော မိတ်ဆွေများကို (၅)ရက်မှ (၇)ရက်အတွင်း ပြန်လည်ပေးပို့သွားမည် ဖြစ်ပါတယ်။ ဒါကြောင့် ဟောစာတမ်းမှာ ယူထားကြသူများ စိတ်မပူကြပါပဲ ရက်ချိန်းပြည့်အောင် စောင့်ဆိုင်းပေးစေချင် ပါတယ်။

သင်တို့၏အကျိုးကို ထာဝစဉ်လိုလားသော
ဆရာဟိန်းတင့်ဇော်(ထိုင်းနိုင်ငံ၊မဟာချိုင်မြို့)

No comments:

Post a Comment