မင်္ဂလာပါဗျာ ဝေယံအိမ်သစ်လေးမှ ကြိုဆိုပါတယ် ဒီကနေ့ဟာပျော်ရွှင်စရာနေ့လေးဖြစ်ပါလို့ဆုတောင်းလိုက်ပါတယ် ကျွန်တော့အိမ်သစ်ကလေးဟာ တော်လို့တတ်လို့ ပြုလုပ်ထားခြင်းမဟုတ်ပါ လေ့လာသင်ယူရင်းနဲ့ ဖြန့်ဝေမူများလုပ်နေခြင်းဖြစ်ပါသည် အားလုံးကိုကျေးဇူးတင်ပါတယ်

Friday, December 28, 2012

ချစ်ဖို့ကောင်းတဲ့

 ချစ်သူရေမင်းရော ကိုယ့် ကိုအဲလို့လေးကြည့်ဖူးလား 
မကြည့်နဲ့နော် ကိုယ့် ကအသည်းနုသေးတယ်
ရင်လဲမခုန်တတ်သေးဘူး
မင်းကြည့်တဲ့အကြည့်တစ်ချက်ကြောင့်
ကိုယ့် ရဲ့ ရင်ခုန်သံတွေရပ်သွားလိမ်းမယ် ချစ်သူရယ်.....................
 ချစ်သူ ကိုယ့်အနားမှာနေပါနော်
အဲ့လိုလေးခပ်လှမ်းလှမ်းမှာလဲ မနေပါနဲ့
ကိုယ့်တစ်ကယ်မနေတတ်လို့ပါ
ချစ်လေးအနားမှာရှိလေ
ကိုယ့် ပျော်ရွှင်လေပါဘဲ ချစ်သူရယ် 

 ချစ်သူ ကိုယ့်မင်းကို အဲ့လိုလေး မနမ်းဖူးဘူးနော်
နောက်တစ်ခေါက်တို့တွေတွေ့ကြရင်
ချစ်သူလေးကို အဲ့လိုမျိုးလေ
တစ်ခါလောက်နမ်းခွင့်ပြုပါနော်.................
.......................................................ခွင့်ပန်ခြင်း...

ချစ်စရာ ငှက်ကလေးတွေ
ကိုယ့်ကိုကြည့်စားနေတတ်တယ်
ဟဲဟဲ ငါကိုက လိုက်တွေးနေတာ ကို........................................

Gtalk acc ကိုသိရုံနဲ့ ဘယ် ကနေသုံးနေတယ်ဆိုတာကို ကြည့် လို့ရပါတယ်




ကျွန်တော်ကိုယ်တိုင် သုံးနေပါတာ တကယ် လိုအပ်တဲ့ အချိန်တွေမှာပေါ့လေ သူငယ်ချင်းတွေလဲ လိုအပ်ရင် သုံးလို့ရပါတယ်..မသိသေးတဲ့သူတွေ အတွက် အလိမ်မခံရစေချင်ပါဘူး …………
Gmail address တစ်ခုကို သိရုံနဲ့ သူဟာ ဘယ်နိုင်ငံကလဲဆိုတာ သိနိုင်ပါတယ်ဂျ။ ပြီးတော့ သူ့ဆီကို Mail တစ်စောင်ပို့တဲ့အခါ သူဟာ အဲဒီ မေးလ်ကို ဖတ်လား မဖတ်လား ဆိုတာကိုလည်း သိနိုင်ပါတယ်။
Website နှစ်ခုကို အသုံးပြုပြီး လုပ်နိုင်ပါတယ်ဂျာ။ ပထမဆုံးတစ်ခုက Spypig ။
Browser ကနေ New Windows တစ်ခုကို ဖွင့်လိုက်ပါ။
http://www.spypig.com/

ကိုသွားလိုက်ပါဂျ။
နောက်
Windows တစ်ခု ထပ်ဖွင့်ပြီး ကိုယ့် Gmail ကိုဖွင့်ထားပါ။ Compose Mail ကိုနှိပ်ထားပါ။
Spypig ရဲ့ Step1 Text box မှာ ကိုယ့် email ကိုရိုက်ပါနော်။
Step2 မှာ Subject ထည့်ပါ။
Step3 မှာပေးထားတဲ့ ပုံတွေထဲက ကိုယ်ကြိုက်တာကို ရွေးပါ။
Step4 မှာ 3 ကိုရွေးပါ။
ပြီးရင် Click to Activate My Spypig ဆိုတဲ့ button လေးကို နှိပ်လိုက်ပါ။
အဲဒီအခါ အောက်မှာ စက္ကန့်တွေပါတဲ့ ပုံလေးတစ်ပုံ ပေါ်လာပါလိမ့်မယ်။
အဲဒီပုံလေးကို နှိပ်ဆွဲပြီး Gmail ရဲ့ Body ထဲမှာ လွှတ်ချလိုက်ပါ။
ပြီးရင် တခြားစာလေးဘာလေးစသည်ဖြင့် ရိုက်ထည့်ပြီး Send ကိုနှိပ်လိုက်ပါ။
ကိုယ်ပို့လိုက်တဲ့သူက ကိုယ့် Mail ကိုဖတ်လိုက်တဲ့အခါမှာ Spypig ဟာ Mail
ဖတ်ပြီးတဲ့အကြောင်း သတိပေးစာကို ကိုယ့် Gmail ဆီပြန်ပို့ပေးပါလိမ့်မယ်။
အဲဒီထဲမှာ ဖတ်တဲ့သူရဲ့ IP လည်း ပါပါတယ်။
ဒါဆို သူ့ရဲ့ IP သိသွားပါပြီ။ ဘယ်နိုင်ငံကလဲ ဆိုတာကိုတော့
http://
www.ip2location.com/
free.asp

ကိုဖွင့်ပြီး အစောက IP ကို ရိုက်ထည့်ပေးလိုက်ရင်သူဟာ ဘယ်နိုင်ငံကလည်းဆိုတာ ပေါ်လာပါလိမ့်မယ်။
သူငယ်ချင်းတွေအားလုံးအဆက်ပြေမယ်လို့ထင်ပါတယ် …………….
မသိသေးသူများအတွက်သာ …..
From – အာကာဖြိုး
 —

ကိုယ်ဆိုဒ်ကို တစ်နေ့ကို ဘယ်နှစ်ယောက်လာကြည့်လဲဆိုတာ ဘာလော့မှာထည့်ချင်ရင်


          ဒီမှာနှိပ်လိုက်ပါ။ ပြီးလို့ရှိရင် ကိုယ်ကျတဲ့အရောင်ကို Click နှိပ်လိုက်ပါ။ UTC Timezone မှာကြိုက်တာရွေးလိုက်ပါ။ Category မှာလဲ ကိုယ်ကြိုက်တာရွေးလိုက်ပါ။ Do you have an adult content မှာ ကြတော့ Yes ကို ရွေးလိုက်ပါ။ Your Email မှာလဲ ကိုယ် Email ကိုထည့်လိုက်ပါ။ Blog/Website adress မှာတော့ ကိုယ်ရဲ့ ဘလော့နာမည်ကိုထည့်လိုက်ပါ။ Title မှာတော့ ကိုယ်ဘလော့ Title ကိုထည့်လိုက်ပါ။ I accpet မှာ အမှန်ခြစ်လေပေးလိုက်ပါ။ ပြီးရင်Get Widget ကိုနှိပ်လိုက်ပါ။ Html code ပေါ်လာမယ်။ အဲဒီ code ကို copy ကူးလိုက်ပါ။ ပြီးရင် ဘလော့ထဲက Layout ကိုသွားလိုက်ပါ။ အဲဒီမှာ Add a Gadget ကိုနှိပ်လိုက်ပါ။ HTML/JavaScript ကို နှိပ်လိုက်ပါ။ အဲဒီမှာ ကူးထားတဲ့ code ကိုထည့်လိုက်ပြီး save လိုက်ပါ။ အဲဒါဆိုရင် ကိုယ်လိုချင်တာကိုရပါပြီး။

Wednesday, December 19, 2012

Gtalk&Gmail အကောင့် password များ မေ့နေလျှင်(သို့)အခိုးခံရလျှင် ပြည်လည်ရယူနည်း



1။ ဂျီတော့ ဘောက်စ့်လေးထဲမှာရှိတဲ့ Forgot your password? ကိုနှိပ်လိုက်ပါ။



2။ username & email လိပ်စာကိုဖြည့်ပြီး submit ကိုနှိပ်လိုက်ပါ။

မိမိ block လိုက်တဲ့လူ အထဲမှာ မိမိအကောင့် ပြောက်သွားအောင်လုပ်မယ်

Gtalk ကနေ မိမိနှင့် အဆင်မပြေသူကို မိမိဘက်က Block သို့ Remove လုပ်လိုက်ရင် မိမဘက်ကသာ သူ့ကိုမမြင်ရတော့ပေမယ့် မိမိ Block သို့ Remove လုပ်လိုက်တဲ့သူရဲ့ Gtalk မှာတော့ မိမိနာမည်ရှိနေသေးတဲ့အတွက် သူ့ဘက် Chat လို့ရပါသေးတယ်။ ကိုယ့်ဘက်က Block လိုက်တယ်ဆိုပေမယ့် သူ့ရဲ့ Gtalk List မှာ ရှိနေဦးမှာပါ.။ အဲ့ဒီလိုမျိုးတွေ မဖြစ်ရအောင် အပြီးအပိုင် သံယောဇဉ်ဖြတ်မယ်ဆိုရင်တော့ ဒီနည်းလေးအတိုင်းပြုလုပ်လို့ရပါတယ်။ ပထမဦးဆုံး Gmail ကို ဖွင့်ပါး။ ပြီးရင် Contacts ကို ရှာပြီး Click နှိပ်လိုက်ပါ။ အဲ့ဒီအခါ Contacts Box ကျလာရင် မိမိ Delete လုပ်ချင်သော Account ကို ရွေးပြီး အမှန်ခြစ်ကာ Delete contact ကို click နှိပ်လိုက်ပါ။ တကယ်ဖျက်မှာလားလို့မေးတဲ့ Box ကျလာရင် OK ကို နှိပ်လိုက်ပါ။ ဒါဆို မိမိမဆက်သွယ်လိုသူကို အပြီးအပိုင် သံယောဇဉ်ဖြတ်လိုက်လို့ရသွားပါပြီ။ သူ့ရဲ့ Gtalk မှာလည်း မိမိအမည် မရှိတော့သလို သူ့ Gtalk မှာလည်း ကိုယ့်အမည် ကျန်ရှိတော့မည် မဟုတ်တော့ပါ။

G talk မှာအွန်လိုင်းတက်လာသူတွေကို g talk box ကိုဖွင့်မကြည့်ပဲ သိအောင်


gtalk ကိုအသုံးပြု့သူတိုင်း... သိထားသင့်တယ်ထင်လို့ပါ...အချို့ကတော့သိပြီးပါပြီ....မသိတဲ့သူများအ အတွက်ရည်ရွယ်ပါတယ်....သိ
တဲ့သူတွေကတော့မရီနဲ့ဗျာ......

G talk မှာအွန်လိုင်းတက်လာသူတွေကို g talk box ကိုဖွင့်မကြည့်ပဲ သိအောင်လုပ်လို့ရပါတယ်...
ဘယ် software ကိုထပ်ဖြည့်စရာမလိုပါဘူး....
အရင်ဆုံး g talk ကို sing in ဝင်လိုက်ပါ...
ပြီးရင် setting ကိုသွားပါ....
Picture
Picture
Picture

setting ကိုဝင်ပြီးတာနဲ့ Notification ဆိုတဲ့tab ကလေးတစ်ခုရှိပါတယ်...

ဖုန်းနံပါတ် သိတာနဲ့ အိမ်လိပ်စာသိအောင်လုပ်နည်း


ဒီနည်းလေးကသိတဲ့သူတွေအတွက်တော့ကျော်ဖတ်လိုက်ကျပေါ့ဗျာ။ ဒီနည်းလေးက ကျွန်တော်တို့လိုလူမျိုးတွေအတွက်ပါ အဟိ။
ကြွားလိုက်ဦးမယ်။ အရင်ကဆို ကောင်မလေးကိုကြိုက်ပြီဆိုရင် နာမည်မေးရ။ အိမ်လိပ်စာတောင်းရနဲ့ ရှုပ်ပါတယ် ။အခုတော့အလုပ်တောင်မရှုပ်တော့ပါဘူး ။ ဘာလို့လဲဆိုတော့နည်းရှိပြီးသားလေ ။

ကဲဒီလိပ်စာတိုင်းသွားလိုက်ဗျာ ပြီးရင်ကိုယ်ကြိုက်တဲ့ကောင်မလေး ဖုန်းနံပါတ်သာရအောင်တောင်းလိုက်တော့ဗျို့။
မိုက်လယ်မလားလာအုံးမယ်နောက်ထပ်အဟိ မတင်တာကြာလို့ ဆော်တီးနော်တယ်ရင်းတို့ အဟိ။။။

အခုတင်ပြမဲ့နည်းလေးကတော့ အင်တာနက်မှာတင် Frame.Face.Animation 

 ပြောင်းတဲ့နည်းလေးပါ။





အောက်မှာကြည့်လိုက်နော်
အားလုံးကြိုက်မယ်လို့မျှော်လင့်မိပါတယ်။

Animation လုပ်ထားတဲ့ပုံပါ။



Frame ပြောင်းထားတဲ့ပုံပါ။

ဟတ်ဟတ်သေချာဖတ်ကြည့် နော်ပြီးမှကောင်းတယ်မလုပ်နဲ့ အွန့် 





ဒီဂျစ်တယ် ခေတ်ကြီးမှာ မှတ်တမ်းမှတ်ရာတွေကို သိမ်းဆည်းရတာ လွယ်ကူလာပါတယ်.. သို့ပေမဲ့လဲ Digital Devices တွေတိုင်းမှာ သူ့ရဲ့ သက်တမ်းရှိပါတယ်.. အချက်အလက်တွေကို Digital နည်းအားဖြင့် သိမ်းဆည်းထားမယ်ဆိုရင် အဲ့ဒီ Device/Media ဟာ သူ့သက်တမ်း ကုန်သွားမယ်ဆိုရင် ဘယ်လိုမှ ပြန်လည် ရရှိအောင် လုပ်ယူလို့မရနိုင်တော့ပါဘူး.. နည်းလမ်း ပေါင်းစုံနဲ့ ပြန်ရအောင် လုပ်မယ်ဆိုရင်လဲ ၁၀၀%အကုန် ပြန်ရဖို့ဆိုတာ ငွေကုန်ကြေးကျ များနိုင်သလို.. သေချာမှုလဲ မရှိပါဘူး..
ယနေ့ ကျွန်တော်တို့တွေ အများဆုံး သိမ်းဆည်းနေကြတဲ့ CD/DVD တွေ၊ HDD/Flash Memory တွေဟာလဲ သက်တမ်းအားဖြင့် အလွန်တိုတောင်းပါတယ်။ ၁၀စုနှစ် တစ်ခုလောက်တောင် သိမ်းထားနိုင်စွမ်း မရှိပါဘူး။ 
HDD တစ်ခုရဲ့ သက်တမ်းဟာ ၃နှစ်မှ ၇နှစ်
DVD တစ်ချက်ရဲ့ သက်တမ်းဟာ ၆လ
Flash Drive တစ်ခုရဲ့ သက်တမ်းဟာ ၅နှစ်မှ ၈နှစ်
Tape Drive ရဲ့ သက်တမ်းဟာ ၁၅နှစ်အောက် ဆိုပြီး အသီးသီးသက်တမ်းရှိကြပါတယ်။
သို့ဆိုရင် ၁၀စုနှစ် နှစ်ခု၊ သုံးခု တည်တံ့နိုင်အောင် သိမ်းဆည်းဖို့ လိုအပ်တဲ့ ဘ၀ရဲ့ အမှတ်တရတွေ၊ အချက်အလက်တွေ မပျောက်မပျက်အောင် မည်သို့ သိမ်းဆည်းကြပါမည်နည်း။
နည်းပညာသစ်ဖြင့် ပြုလုပ်ထားတဲ့ Mellenniata က ထုတ်တဲ့ M-Disc ဆိုတဲ့ DVD ဟာ တစ်ခါရေးမှတ်ထားရင် နှစ်ပေါင်း ၁၀၀၀ ကျော် ကြာရှည်ခံနိုင်တယ်လို့ ဆိုပါတယ်။ ထောင်စုနှစ်တစ်ခုလောက်တော့ မပျက်မဆီးပဲ တည်ရှိနိုင်တယ်လို့ အာမခံထားပါတယ်။
အဘယ်သို့ သိမ်းဆည်းမည်နည်း?
သာမာန် DVD တစ်ချက်ဟာ Laser ရောင်စဉ်တမ်းကို အသုံးပြုပြီး Organic Dye Layer တွေပေါ်မှာ အမှတ်အသားတွေ ပြုလုပ်ပါတယ်။ အဆိုပါ Layer တွေဟာ အလင်း၊ အပူ၊ ဓာတ်ပစည်းတွေကြောင့် အချိန်ကြာလာတာနဲ့အမျှ ပျက်စီးပြီး၊ မှတ်သားထားတာတွေ ပျောက်ကွယ်သွားနိုင်ပါတယ်။ ဘယ်လိုပဲ သေချာစွာ သိမ်းဆည်းထားပါစေ၊ ဓာတ်ပြုပြောက်ကွယ်သွားနိုင်တဲ့ Organic Layer တွေကြောင့် မိမိရဲ့ အချက်အလက်တွေဟာ အချိန် အပြောင်းအလဲမှာပင် သုံးမရဘဲ ဆုံးရှုံးပျက်စီးသွားနိုင် ပါတယ်။
M-Disc တွေမှာတော့ ဓာတ်မပြုနိုင်နဲ့ Inorganic Layer တွေကို အသုံးပြုထားပြီး၊ အားကောင်းတဲ့ Laser ရောင်စဉ်တမ်းတွေနဲ့ ရေးမှတ်ပြီး၊ အဲ့ဒီရေးမှတ်ထားတဲ့ အမှတ်အသားတွေ (တကယ်တော့ On/Off 0/1 တွေကို အပေါက်လေးတွေ ဖောက်ပြီးမှတ်သားထားခြင်း ဖြစ်ပါတယ်။ ဥပမာ 1 ကို အပေါက်တစ်ခု၊ 0 ကို အပေါက်မဟုတ်တာ တစ်ခု) မပျောက်ပျက်သွားအောင် Layer တစ်ခုနဲ့ ကာကွယ်ပေးထားပါတယ်။ 
US National Standards Institute ကနေ စမ်းသပ်ချက်အရ နှစ်ပေါင်း ၁၀၀၀ လောက် အနည်းဆုံး မပျက်မစီးဘဲ တည်တံ့နိုင်မယ်လို့ ဆိုပါတယ်။ များစွာသော စမ်းသပ်ချက်တွေ အရ US Military Standard ပြည့်မီတဲ့ အရည်သွေးရှိတယ်လို့ ဆိုပါတယ်။
Price and Devices!!
လက်ရှိအချိန်မှာ M-Disc တွေကို ၅ချပ်၊ ၁၀ချပ် ၁၅ချပ်ဆိုပြီး ၀ယ်ယူနိုင်ပြီဖြစ်ပါတယ်။ ဈေးနှုန်းတွေ ကတော့ 20$,30$ နဲ့ 72$ အသီးသီးရှိပါတယ်။ 
Millenniata နဲ့ Optical Storage Media တွေထုတ်လုပ်တဲ့ RITEK Corporation တို့ပူးပေါင်းပြီး M-Disc တွေ ထုတ်လုပ်ဖို့ သဘောတူညီချက် ရရှိထားပြီး M-Disc တွေကို ထုတ်လုပ်နေပြီဖြစ်ပါတယ်။
M-Disc တွေကို ရေးဖို့ အတွက် Drive တွေကို LG ကနေ ထုတ်လုပ်ပေးလျက်ရှိပြီး၊ ဖတ်ဖို့ကတော့ သာမန် Disc Drive တွေ အသုံးပြုလို့ရမှာ ဖြစ်ပါတယ်။ M-Disc တွေဟာ Read Only/Write Once ဖြစ်တဲ့အတွက် တစ်ခါရေးပြီးနောက်တစ်ခါ ထပ်ရေးလို့ရမှာ မဟုတ်ပါဘူး။ ReWritable Disc တွေတော့ လက်ရှိမှာ မထုတ်လုပ်ထားသေးပါဘူး။ Dell Inc ကလည်း Europe နိုင်ငံတွေအတွက် M-Disc Drive တွေ ထုတ်လုပ်ပေးဖို့ ယခုလပိုင်းက သဘောတူညီချက်ရရှိထားပါတယ်။ 
M-Disc တွေကို လွန်ခဲ့တဲ့ နှစ်နှစ်လောက်က မိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ ယခုအချိန်မှာတော့ ၀ယ်ယူအသုံးပြုလို့ရနေပြီ ဖြစ်ပါတယ်။ M-Disc တွေဟာ သာမာန် Disc တွေနဲ့ မတူပဲ ကွဲပြားပါတယ်။ Disc တွေဟာ ဟိုဘက်ဒီဘက် ထုတ်ခြင်းပေါက် မြင်နိုင်ပြီး၊ သာမာန် Disc တွေကဲ့သို့ ရောင်ပြန် အလွှာမပါဝင်ပါဘူး။ သိမ်းဆည်းနိုင်တဲ့ Data ပမါဏကတော့ ပုံမှန် DVD တစ်ချက်ကဲ့သို့ 4.7GB ရှိပါတယ်။ 
သားစဉ်မြေးဆက် ထိန်းသိမ်းသွားဖို့အတွက် အဖိုးတန်တဲ့ အချက်အလက်တွေကို သိမ်းဆည်းသွားချင်တယ် ဆိုရင်တော့ ထောင်စုနှစ်တိုင် မပျောက်မပြက်ဘဲ တည်တံ့နိုင်မဲ့ M-Disc တွေကို ရွေးချယ် အသုံးပြုနိုင်ဖို့ သတင်းပေးလိုက်ရပါတယ်။
အနော်ပိုစ်ဟုတ်ဖူးကိုရန်လင်းပိုစ်လေ့လာချင်ရင်http://friendsoftwarebyyanlin.blogspot.com လာခဲ့နော်မျှော်နေမယ်

Sunday, December 16, 2012

USB - stick ပြဿနာများ






စက်မှာ USB PORT ကို အသုံးပြုလို့ မရရင် start >Run >devmgmt.msc >device manager ကိုရောက်ခဲ့လျှင်

တော့ Universal serial bus controller ဆိုတာလေးကိုရှာလိုက်ပါ တွေ ပြီလား တွေ့ ပြီဆိုရင် Universal serial

bus controller ဆိုတာကို Right Clickလုပ်ပြီးတော့ enable လုပ်လိုက်ပါ….



USB PORT ကို သုံးလို့ မရတာ BIOS ထဲက usb controller ကို disable ပေးထားတာလည်း ဖြစ်နိုင်ပါတယ်….

ဒါဆိုရင်တော့ BIOS ထဲက usb controller ကို enable ပေးလိုက်ရင် အဆင်ပြေပါတယ်…

အွန်လိုင်း တီဗွီ ကြည့်ဘို့ ReadonTV.v7500.AiO.Hypnox .rar




 အွန်လိုင်း တီဗွီ ကြည့်ချင် သူများအတွက် ဒီ    ReadonTV.v7500   TV Player လေးကို တင်ပေးလိုက်ပါတယ်
ထိုင်း TORRENT ဆိုဒ် တခုကရထားတာပါ    ဖိုင်ထဲမှာ (သတိပေးချက်) ဆိုတဲ့ Text ဖိုင်လေးကို သေသေချာချာဖတ်ပါ ။
Aio အမျိုးအစားဖြစ်လို့ Install လုပ်ရတာ မခက်လှပါဘူး
ကျနော် ကြည့်တာတော့ မြန်မာလိုင်း (၂) လိုင်း ပါတာ တွေ့ရပါတယ် 

ကွန်နက်ရှင် ပိုကောင်းအောင်ဘယ်လိုလုပ်မလဲ

ပထမဆုံး Desktop -> My computer - (right click on) ->Properties ->
ပြီးတော့ HARDWARE tab -> Device manager -> Device manager window ပေါ်လာပါလိမ့်မယ်။
ပြီးရင် Ports ကိုရှာ ပြီးနှိပ်ပါ။ > CommunicationPort လေးပေါ်လာ ပါလိမ့်မယ် .......။
ပြီးရင်အဲဒါလေးကိုနှိပ်ချက်နှိပ်ပြီးဖွင့်လိုက်ပါ...............Communication Port properties ကိုမြင်ရပါလိမ့်မယ်။
Port Setting: ---- ကိုသွားပါ။
"Bits per second" ကို 128000 ချိန်းပေးလိုက်ပါ။
ပြီးတော့ "Flow control" ကို Hardware ကိုချိန်းပေးလိုက်ပါ။
ဒါဆိုရင်တော့ အင်တာနက်ကွန်နက်ရှင်ဟာအရင်နဲ့မတူပဲ ပိုကောင်းလာ တာကိုတွေ့၇ပါလိမ့်မယ်...........

Memory Card, SD ကဒ်များမှ delete လုပ်မိသော Data များကို ပြန်လည် ရယူခြင်း




 ဒီတစ်ခါ စာဖတ်သူတို့အသုံးပြုနေတဲ့ memory card
, micro SD ကဒ်၊ ကင်မရာသုံး SD ကဒ်များအတွက် အချက်အလက်များ ပြန်ယူလို့ ရစေမယ့် ဆော့ဖ်ဝဲ ဖြစ်ပါတယ်။

သီချင်း၊ ရုပ်ရှင်၊ ဓာတ်ပုံ၊ Application အစရှိသဖြင့် အားလုံးပြန် recovery ပြန်လုပ်လို့ ရပါတယ်။


၁။ အောက်ပါလခ့်တွင် ဒေါင်းလုခ်ဆွဲပါ။


သို့မဟုတ်

သို့မဟုတ်

Video,Photo တွေကိုဆလိုက်ရှိုး လုပ်ဘို့ အကောင်းဆုံး၊အပေါ့ပါးဆုံး Effect တွေအစုံဆုံး Photodex ProShow Producer v5.0.3280




အွန်လိုင်းမိတ်ဆွေများအားလုံး မင်္ဂလာပါ 

ဒီနေ့တော့ Video Editing လုပ်တဲ့ Santhoes  ဆိုသူ သူငယ်ချင်းတစ်ယောက်က
 “ကိုနိုင် photo slideshow လုပ်တဲ့ program effect လှလှလေးနဲ့ လိုချင်တယ် ဘယ်ဟာကောင်းလဲဗျာ ” လို့မေးလာလို့ 
ကျနော် ကိုယ်တိုင်လဲ အမြဲသုံး နေတဲ့  Partable လုပ်ထားပြီးသား Photodex ProShow Producer v5.0.3280  နောက်ဆုံး Version လေးကို  တခြားလိုချင်တဲ့သူတွေလည်း
အသုံးပြုလို့ရအောင် တင်ပေးလိုက်ပါတယ်
အရမ်းကိုပေါ့ပါးပြီးတော့ Video,Photo တွေကိုဆလိုက်ရှိုး လုပ်ဘို့ အကောင်းဆုံး၊အပေါ့ပါးဆုံး Effect တွေအစုံဆုံးလို့တောင် ပြောရမှာပါ ။ 
စတိုင်တွေလည်းတော်တော်စုံပါတယ်
မိမိစိတ်တိုင်းကျ Edit လုပ်လို့လည်းရပါတယ်
 

USB device တွေထဲ Copy လုပ်ထည့်ပြီး  အခြား ကွန်ပြူတာ များမှာလည်း  Install လုပ်စရာမလိုပဲ အလွယ်တကူ အသုံးပြုနိုင်ပါတယ် 
ဖိုင်ဆိုဒ်လည်း သိပ်မကြီးလှပါဘူး 60 MB ပဲရှိပါတယ် ပြန်ဖြည်လိုက်ရင်တော့ 90 MB ရှိပါတယ်
password မေးခဲ့ရင် ဒီဆိုဒ်လိပ်စာထည့်ပေးလိုက်ပါ
လိုချင်သူများ အောက်က Link မှာ ဒေါင်းနိုင်ကြပါတယ်   အားလုံး အဆင်ပြေကြပါစေဗျာ...

ဒေါင်းလုပ်ပြီး အသုံးပြုပုံအကျဉ်း youtube video  လေးကို အောက်မှာ ကြည့်လိုက်ပါအုံး ကိုလေးဖြူနဲ့ ကိုဂျက်မြသောင်းတို့ ဆိုထားတဲ့ နှလုံးသွေးများရပ်တန့်သွားပစေ ချစ်မယ်ဆိုတဲ့  သချင်းလေး နားထောင်ရင်းပေါ့နော် ။

 http://youtu.be/wWSNSebUuO8




Password : www.itguidemyanmar.co.cc

Download   minus

http://www.mediafire.com/?hk5t4wu8kq97dmc    Mediafire


ဒီနေရာလေးမှ ပြန်လည်တင်ပြပေးပါသည်

Saturday, December 15, 2012

iPhone 4G/ 3GS/ 3G အသုံးပြုမှု လက်စွဲ လမ်းညွှန်စာအုပ် (မြန်မာလို)



အမည်- iPhone 4G/ 3GS/ 3G အသုံးပြုမှု လက်စွဲ လမ်းညွှန်စာအုပ် (မြန်မာလို)
ရေးသူ- ကို P
Download Link : http://nadithanlwin.minus.com/m9m1MWxiq/

အင်တာနက် စွဲ လမ်းနေပြီလား

အင်တာနက်စွဲလမ်းမှုဟာ ဂိမ်းစွဲလမ်းတာ ၊ မူးယစ်ဆေးစွဲလမ်းတာတွေမျိုးနဲ့ တူပါတယ်။
မထိန်းချုပ်နိုင်တဲ့ စွဲလမ်းမှုမျိုးတွေပါ..။ အင်တာနက်ကို အလွန်အမင်းသုံးချင်တာက စိတ်ပိုင်းဆိုင်ရာဝေဒနာတစ်ခုရဲ့
လက္ခဏာ တစ်ရပ်ဖြစ်ပါတယ်။ အင်တာနက်ကို အလွန်အမင်းသုံးစွဲတာကြောင့် စိတ်ဓါတ်ကျတာ ၊ ပူပန်သောက များတာ
အာရုံစူးစိုက်မှု လွန်ကဲတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် အင်တာနက်စွဲလမ်းနေတဲ့ သတိပေးလက္ခဏာ (၉) မျိုးကို
တင်ပြပေးလိုက်ပါတယ်။



(၁) အွန်လိုင်းမှာ အချိန်ဖြုန်းနေတာကြောင့် တာဝန်ယူထားရတဲ့ အကြောင်းကိစ္စတွေကို လျစ်လျူရှုမိတာ…


(၂) အလုပ်ထဲမှာ စွမ်းဆောင်ရည်ကျဆင်းလာတာ ၊ အတန်းထဲမှာ အဆင့်ကျဆင်းလာတာ…


(၃) အွန်လိုင်းပေါ်မှာပဲရှိလွန်းလို့ အပြင်မှာရှိတဲ့သူငယ်ချင်းတွေနဲ့တွေ့ဆုံချိန်နည်းပါးလာတာ..


(၄) အင်တာနက်သုံးနေရရင် လောကကြီးက ပြီးပြည့်စုံတယ်လို့ ထင်နေတာ….


(၅) အင်တာနက် မသုံးရင်တောင် အင်တာနက်အကြောင်းပဲ တစ်ချိန်လုံးတွေးတောနေတာ…


(၆) စိတ်ညစ်တာဖြေဖျောက်ဖို့ နဲ့ ပြဿနာတွေလွတ်မြောက်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အင်တာနက်သုံးတာ…


(၇) အင်တာနက်ကို ညဥ့်နက်သည်အထိ သုံးတာကြောင့် အိပ်ရေးပျက်တာ….


(၈) အင်တာနက်သုံးချိန်ကို လျော့ရမယ်ဆိုတာ သိပေမယ့် မကြိုးစားတာ….


(၉) အင်တာနက်မသုံးဘဲ နေတဲ့အခါ စိတ်လက်မကြည်မသာဖြစ်တာ……

ဖုန်းသရဲ့လုပ်မယ်

ပိုက်ဆံတွေ ကုန်သွားမှာပေါ့... အလကားရပါ့မလား ဆိုတဲ့မေးခွန်းတွေအတွက်တော့ ဒါလား... လွယ်ပါတယ်... Tring Me! မှာ Gmail Account နဲ့ Sign Up လုပ်လိုက်ပါ.. ဘာမှဖြည့်စရာ မလိုပါဘူး... သင့်အတွက် နာမည်တစ်ခုရယ်.. သင့်မေးလ်လိပ်စာလေးပဲ ထည့်လိုက်ရုံပါပဲ... ပြီးရင် သူတို့ဆီကနေ သင့် Mail ဆီကို အကောင့်ကိုပြုလုပ်ပြီးဖြစ်ကြောင်းနဲ့ Login အတွက် သင်သုံးရမယ့် Password တစ်ခုကို ပို့ပေးပါလိမ့်မယ်... ဒါဆိုရင်တော့ ပြီးပြီပေါ့....
ကျန်တာကတော့ သင့်ရဲ့ Gtalk ကို ဖွင့်လိုက်ပါ.. (စောစောက အကောင့်လုပ်ထားတဲ့ Gmail လိပ်စာဖြစ်ဖို့တော့ လိုမယ်နော်...) နောက်ပြီးရင်တော့ tringme@gmail.com ကို Invite လုပ်လိုက်ပါ..
စက္ကန့်ပိုင်းအတွင်းမှာ သင့်ကို Add လုပ်ပါလိမ့်မယ်.. ကဲ..... ဖုန်းသရဲလုပ်လို့ရပါပြီ.....
Online မှာ မီးစိမ်းလေးနဲ့ ပြနေမယ့် TringMe Account က သင့် Gtalk Friend list မှာ ပေါ်နေပြီပေါ့...
TringMe ကို Gtalk ကနေ ပုံမှန် Chat နေကြပုံစံနဲ့ပဲ .. Double Click လိုက်ပါ... ပြီးရင်တော့ သင်စာရိုက်တဲ့နေရာမှာပဲ... Call ကို ရိုက်ထည့်လိုက်ရင်.. သင့်ကို TringMe ကနေ Auto ငုတ်တုတ် Gtalk ကနေပဲ Voice Chat ပြန်ခေါ်ပါလိမ့်မယ်... Answer နှိပ်လိုက်တာနဲ့ သင်ရိုက်ထည့်ထားတဲ့ ဖုန်းနံပါတ်ကို TringMe က စခေါ်နေပါပြီ...

slide show ဆော့ဝဲလ်

slide show ဆော့ဝဲလ်ကို ဒီမှာဒေါင်းပါ

ဓါတ်ပုံတွေကိုslide show တခုဖန်တီးတော့မယ်ဆိုရင်အဆင့် ( ၄ )ဆင့်ရှိတယ်
ဒေါင်းပြီးတဲ့ ဖန်ရှင်ကိုဖွင့်လိုက်>>>>new ဆိုတာကိုရှာပြီးဖွင့်လိုက်တာနဲ့........

 

၁။ photo ဆိုတဲ့ဖိုင်ကျလာလိမ့်မယ်>>>> ဒီထဲမှာဓါတ်ပုံတွ သိမ်းထားခဲ့တဲ့နေရာကိုရှာ....
my computer>>>>my documents ထဲမှာရှိတာများတယ်။
ပြီးရင်လိုချင်တဲ့ပုံတွေကို တစ်ပုံချင်း selects လုပ်ပြီး add နှိပ်လိုက်ရင်ပုံတွေယူတဲ့ အပိုင်းပြီးသွားပြီ။
အဲဒီ select photos ဘောက်ကိုပိတ်လို့ ရပြီ။ ပုံတွေကိုလိုသလိုချိန်လို့ ရတယ်...



Android Application ရေးသားဖန်တီးခြင်းဆိုင်ရာ အခြေခံသဘောတရားများစာအုပ် (မြန်မာလို)



စာအုပ်အမည် - Android Application ရေးသားဖန်တီးခြင်းဆိုင်ရာ အခြေခံသဘောတရားများစာအုပ် (မြန်မာလို)
ရေးသားသူ - ကိုဝင်းဟိန်း
Download Link : http://keekee.minus.com/mbnxP5gZkX/

iPhone 4G/ 3GS/ 3G အသုံးပြုမှု လက်စွဲ လမ်းညွှန်စာအုပ် (မြန်မာလို)



အမည်- iPhone 4G/ 3GS/ 3G အသုံးပြုမှု လက်စွဲ လမ်းညွှန်စာအုပ် (မြန်မာလို)
ရေးသူ- ကို P
Download Link : http://nadithanlwin.minus.com/m9m1MWxiq/

Stick တွေ ထုတ်ရခက်နေရင်

Computer တွေ့မှာတွေ့ဖူးတယ်မလား....Stick တွေထုတ်ခါနီးကျရင်....

ညာဘက်အောက်ထောင့်က..စိမ်းစိမ်းလေးကိုသွားသွားနှိပ်ရတာလေ.....

မျက်စိမကောင်းတဲ့သူဆို....ဟိုနှိပ်ဒီနှိပ်နဲ့ရှူပ်ကုန်ရော..........  :D

အဲ့လိုမဖြစ်အောင်..ဒီSoftware က အကူအညီပေးပါတယ်........

Desktop ပေါ်က Icon ကို Double Click လိုက်တာနဲ့....စိတ်ချစွာဆွဲဖြုတ်လို့ရပါတယ်...

တစ်ခြားလုပ်ဆောင်ချက်တွေလည်း..ရှိပါသေးတယ်...

ကလိချင်ရင်တော့ယူသွားပေါ့..... :)

စာအုပ်အမည်- iPhone တစ်လုံးကို Unlock/ Upgrade ပြုလုပ်နည်းစာအုပ် (မြန်မာလို)


စာအုပ်အမည်- iPhone တစ်လုံးကို Unlock/ Upgrade ပြုလုပ်နည်းစာအုပ် (မြန်မာလို)
ရေးသားသူ- စာအုပ်ထဲ ပါမယ်ထင်ပါတယ်.. မွှေရင်းတွေ့လို့ လင့်လေးအတိုင်းပဲ မျှဝေပေးခဲ့ခြင်းပါ.....
Download Link : http://keekee.minus.com/mbahiaQ8h7/

.Folder Lock တစ်ခုပါ

နာမည်ကျော်...Iobit ကထုတ်လိုက်တဲ့...Folder Lock တစ်ခုပါ.......

ကျွန်တော်ဒီလိုSoftware တွေအများကြီးသုံးဖူးပါတယ်...........ဒါပေမယ့်သူ့လောက်မပြည့်စုံဘူး.......

ဒီSoftware ကသုံးရတာရိုးရှင်းသလို...စိတ်ကျေနပ်မှူလည်းအပြည့်အ၀ပေးပါတယ်....

ကိုယ့်Computer ကိုသူများ လာကိုင်တယ်......မမြင်စေချင်တဲ့Folder တွေရှိရင်.....ဒါနဲ့ဖွက်ထားလိုက်ပေါ့...

File Size ကလည်း သေးပါတယ်.........

လိုချင်ရင်တော့..ဒေါင်းသွားလိုက်ပါ....





G-talk အတုဖြင့် Hack ခြင်း...(Hacking with Virtual G-talk)

နာမည်ကိုတွေ့လိုက်တော့....တစ်မျိုးဖြစ်သွားလိ့မ်မယ်....

ဒီနည်းကတော့ကြာပါပြီ...မသိသေးတဲ့သူငယ်ချင်းတွေအတွက်..ရည်ရွယ်ပါတယ်..

ပထမ...ဒေါင်းလို့ရလာတဲ့..Zip ကိုဖြည်လိုက်....Google Talk.exe  နဲ့..Gtalkacc.txt ဆိုပြီး..နှစ်ဖိုင်ထွက်လာလိ့မ်မယ်....နှစ်ဖိုင်လုံးကိုCopy ကူး.....ကြိုက်တဲ့နေရာမှာကူးထည့်လိုက်..

C ဖြစ်ဖြစ်...D ဖြစ်ဖြစ်ပေါ့.....

ကူးပြီးရင်.. Googletalk.exe ဖိုင်ကို Right Click ထောက်..Short-Cut ထုတ်ပြီး...Desktop ပေါ်ကိုတင်လိုက်.....

ahak.....အတုဆိုပေမယ့်..ဗြုန်းခနဲ့ကြည့်ရင်တော့....တစ်ပုံစံထည်းပါပဲ...သေချာကြည့်မှ..အတုမှန်းသိတာ.. :)

မိမိ Blog မှာ.နောက်ဆုံးတင်ခဲ့သော Post ကို Slide Show လုပ်နည်း

ကျွန်တော်လည်း...ဒီအပိုင်းနဲ့ပတ်သတ်ပြီးလေ့လာနေဆဲမို့လို့.........

သိပ်ပြီး...မရှင်းပြတတ်ပါဘူး.....ဟိုတစ်နေ့က....အစ်ကိုတစ်ယောက် C-Box ကနေ လာမေးသွားလို့...

လုပ်နည်းလေးကို ပြောပြပေးလိုက်ပါတယ်........

Step 1>>Layout ထဲဝင်ပါ..
Step 2>>Add a Gadget ကိုနှိပ်ပါ...
Step 3>>Html/Javascript ကိုေ၇ွးပေးပါ...
Step 4>> Content အကွက်ကြီးထဲမှာ ..အောက်ကပေးထားတဲ့ Code တွေကို Copy ကူးပြီးတော့ Save လိုက်ပါ......

IDM

IDM အကြောင်း...ထွေထွေထူးထူးပြောမနေတော့ပါဘူး.........

Update လေးတွေ့လို့ပြန်လည်မျှဝေပေးလိုက်ပါတယ်.

14 ဆိုတော့.မနေ့ကDate နဲ့ထွက်လာတာပါ။.........

အသုံးပြုလိုသူများ...အောက်မှာDownload လုပ်ပါခင်ဗျာ....

*Patch မချိုးတတ်ဘူးဆိုရင်.....ဒီမှာ  ကြည့်ပါ......*








Right Click နှိပ်မရအောင် လုပ်ထားရင် သုံးနည်း

ဟုတ်ပါတယ် အချို့ တော့ဝက်ဆိုက်တွေ မှာ Right Click နှိပ်မရအောင် ဒါမှမဟုတ် Select
လုပ်မရအောင်ပိတ်ထားတာမျိုးတွေရှိတတ်ပါတယ်အဲဒါမျိုးတွေကြုံလာတဲအခါအလွယ်
တကူဖြေရှင်းနိုင်မဲံနည်းလေးဝေမျှချင်တာပါသိပြီးသားသူငယ်ချင်းတွေလည်းရှိမှာပဲကျွန်တော်ကတော့
မသိသေးသောသူငယ်ချင်းများတွက်ဝေမျှခြင်းပါ။



ပထမဦးဆုံး ကျွန်တော်ပြောသလိုများကြုံတွေ့ လာခဲ့ရင်မော်ဇီလာရဲ့ tag ဘားမှာ tools ဆိုတာလေးအရင်
နှိပ်လိုက်ပါ။ပြီးရင်Option နှိပ် Content ဆိုတာလေးကို၇ှာပြီးထပ်နှိပ်ပေးပါ။ပီးရင် အဲဒီအောက်က
Enable JavaScript ဆိုတာလေးကိုအမှန်ခြစ်ထားတာလေးဖြုတ်လိုက်ပါ။ပီးရင်တော့အိုကေပေါ့



ကဲရပါပြီခင်ဗျာ သူငယ်ချင်းတို့ Right ကော Select လုပ်ချင်ရင်ကော copy ကူးခြင်ရင်ကောအကုန်
ရပါပြီခင်ဗျာ။ပီးရင်တော့ အဲဒီနေရာလေးမှာအမှန်ပြန်ထည်ပေးနော်။မဟုတ်ရင် Enable JavaScript
ရေးထားတာမှန်သမျှ ပြန်ဖွင့်မရပဲနေပါလိမ်မယ်။ပိတ်ထားတာကလည်းEnable JavaScriptနဲ့ 
ပိတ်ထားတာမို့ အမှန်ခြစ်လေးဖြုတ်လိုက်တာနဲံ့ ပိတ်ထားတာပွင်သွားပါလိမ်မယ်။

Connection ဖြတ်ပစ်မယ်







နာမည်မြင်လို့တစ်မျိုးထင်သွားမယ်ထင်တယ်.........

"ဘာလဲဟ နဂိုကတည်းက Connection က..ပြတ်တောင်းပြတ်တောင်းဖြစ်နေတာကို"  :)

အဲ့လိုဖြတ်ပစ်တာမဟုတ်ပါဘူး.......

ဥပမာ..ကိုယ်က အင်တာနက်ဆိုင်မှာသုံးတယ်ဆိုပါစို့....

ဒီSoftware သုံးပြီးတော့.....ကျန်တဲ့ Computer ကWireless Router , Switch , LocalAreaNetwork Connection..လိုင်းတွေကို ဖြတ်လိုက်လို့ရတယ်....

အဲ့လိုလုပ်လိုက်ရင်တော့.......ကိုယ့် Com မှာ..လိုင်းအ၇မ်းကောင်းသွားမှာပါ....

အကောင်းဘက်ကသုံးဖို့တော့မဟုတ်ဖူးနော်........  :D

သုံးနည်းပြောပြမယ်..

ဒေါင်းလို့ရလာတဲ့ ..exe ဖိုင်လေးကို Install လုပ်လိုက်

အောက်ကပုံအတိုင်းမြင်ရလိမ့်မယ်...



အကန့်နှစ်ကန့်ရှိတယ်......

Gtalk gmail hack တတ်ချင်သူများနဲ့  စပ်စုလိုသော သူငယ်ချင်းများအတွက်


ဒီနည်းလေးကတော့ အကောင့်ဟက်ချင်တဲ့သူများ ပတ်စ၀ပ်ခိုးချင်သူများ စပ်စုလိုသူ

လေ့လာလိုသူတွေအတွက် မျှဝေလိုက်ပါတယ် ဒီနည်းက အနီးနားကလူ ကိုယ့်ဆီမှာ

လာသုံးတဲ့သူဆိုရင် သူ့ ပတ်စ၀ပ်သိဖို့ အရမ်းလွယ်ကူပါတယ် ။  ကိုယ့်စက်မှာ ဒီဟာ

ထည့်ထားကြည့် လိုက် စက်ကိုလာသုံးတဲ့ သူငယ်ချင်းအကောင့်ပတ်စ၀ပ်တွေအပြင်

သူဝင်တဲ့ ၀က်ဆိုက်တွေ ချက်တင်တွေ အားလုံး ပုံအဖြင်  အလိုလို  ရိုက်ယူပေးမယ်

သူပြန်သွားမှ  ဒီဆော့ဝဲလေးဖွင့်ကြည့် သူ့ အကန့် နဲ့ သူ အကုန်ပြန်ကြည့်လို့ ရတယ်

Team Viewer

ကျွန်တော်သွားသွား...မွှေနေကျ....ကိုဝင်းဆီက...ပြန်လည်မျှဝေတာပါ......

ဟိုနေ့ကလည်း...အစ်ကိုတစ်ယောက်က...တောင်းတာနဲ့.....

Update လေးလည်းတွေ့တာနဲ့ပြန်လည်...မျှဝေပေးတာပါ.....

TeamViewer ဆိုတာကတော့....IT သမားတော်တော်များများသိမှာပါ....

သူများစက်တွေကိုဝင်ရောက်ကြည့်ရှုလို့ရပါတယ်.........များသောအားဖြင့်တော့.အကောင်းဘက်မှာ...အသုံးပြုကြပါတယ်...

ကိုယ်မလုပ်တတ်တဲ့....Error တစ်ခုကို...တစ်ခြားသူကို . Online ပေါ်ကနေပဲ...လှမ်းပြင်ခိုင်းလို့ရပါတယ်...

တခြားသူကလည်း.ကိုယ်ယုံကြည်စိတ်ချရသူပဲဖြစ်ပါစေ....နို့မဟုတ်ရင်...ကိုယ့် Computer ကိုပြန်ဖျက်သွားရင်....ခက်သား  ..^_^

ကျွန်တော်ကလည်း...ထုံးစံအတိုင်း လေရှည်နေမိပြန်ပြီ......အသုံးပြုနည်းလေး..ဆက်ကြစို့.....  :)

NetWork မှ အခြားကွန်ပျူတာကိုထိန်းမယ်

တခြားကွန်ပျူတာမှာအသုံးပြုနေတဲ့ program ကို ပိတ်ပစ်မယ်...
Gtalk ကိုလှန်းပိတ်ပစ်မယ်....ကဲစလိုက်ကြရအောင်


၁။ ပထမဆုံး Command Prompt ထဲ ၀င်လိုက်ပါ။
Start >> Run >> cmd နှိပ်ပီး enter ကိုနှိပ်လိုက်ပါ ပြီးတော့ သူ့ကွန်ပျူတာကို ရှာလိုက်ပါ
အင်တာနက်ဆိုင် တော်တော်များများကတော့ စက်နံပါတ်နဲ့ Computer name ကိုတူတူထားတာများပါတယ်
net view ကိုရိုက်ထည့်လိုက်ပါမယ် လှမ်းထိန်းလို့ရတဲ့ ကွန်ပျူတာတွေ ပေါ်လာပါလိမ့်မယ်
ဥပမာ computer3 ပေါ့ နံပါတ် 3 စက်လို့ ယူဆလိုက်ပါမယ် သူ့ကွန်ပျူတာမှာ run နေတဲ့ Program list
ကိုကြည့်နိုင်ဖို့ tasklist/s computername လို့ရိုက်ထည့်ပါ computername မှာလုပ်ခြင်တဲ့ ကွန်ပျူတာရဲ့
နာမည်ကိုရိုက်ထည့်ရပါမယ် ဒါဆိုရင် သူ့ကွန်ပျူတာမှာ အသုံးပြုနေတဲ့ Program list တွေကျလာပါလိမ့်မယ်
လှမ်းပိတ်ဖို့အတွက် taskkill/s computername /im programname ကိုရိုက်ထည့်ပါ computername
နေရာမှာတော့ ပိတ်ပစ်မယ့်ကွန်ပျူတာရဲ့နာမည်ကို ထည့်ပါ programname နေရာမှာတော့ ကိုယ်ပိတ်ခြင်
တဲ့ program name ကိုရိုက်ထည့်ပါ ဥပမာ googletalk.exe ပေါ့ အလွယ်တစ်ခုအနေနဲ့ရေးပြမယ်နော်

Tuesday, December 11, 2012

gtalk အဟောင်းထဲမှလူများကို အသစ်ထဲ့သို့ ကူးထဲ့ခြင်း

Gtalk အသုံးပြုသူတိုင်းမှာ အကောင့်တစ်ခုထက် ပိုပြီးရှိကြပါတယ်. တစ်ချို့ ဆို

၎-၅-၆ ခုထိရှိတာတွေ့ ဖူးပါတယ်.ဒီလို အကောင့်တွေများတော့ အကောင့်သစ်

ဖွင့်တဲ့နေရာမှာ Ph number တွေတောင်းလာတယ်...  အခုဆို Gmail အသစ်

ဖွင့်ဖို့ တော်တော်ကို  ခက်ခဲသွားပါပြီ..... .အခုတင်ပြချင်တာက   အကောင့်အ

ဟောင်းထဲက သူငယ်ချင်းတွေအားလုံးကို   အကောင့်အသစ်ကို  တစ်ယောက်

ချင်း စီ ပြန်ပြီး လိုက်အပ်နေစရာ မလိုပါဘူး ။  အကောင့်တစ်ခု က သူငယ်ချင်း

အကုန်လုံးကို နောက်အကောင့်  တစ်ခုကို   ပြောင်းထည့်တာပေါ့ ။   အရင်ဆုံး

gmail ထဲကို ၀င် ။(အကောင့်အဟောင်းနော်) ။ အခု နောက်ပိုင်း mailကstyle

တစ်မျိုး ပြောင်းသွားတော့ mail ရဲ့ ဘယ်ဘက် အပေါ်ထောင့် compose mail

,inbox တို့ အပေါ်မှာ  Contact ဆိုပြီး ရှိပါတယ် ။  အဲ့ထဲကို ၀င် ..  ။အဲ့ဒါဆိုရင်

အဲ့မှာ  ကိုယ့်သူငယ်ချင်းတွေ  အားလုံး ပေါ်လာပါလိမ့်မယ်။ အဲ့နေရာမှာ More

Action ဆိုတဲ့  နေရာလေးကို နှိပ် ပြီးရင်  export ...။ အဲ့လို export လုပ်လိုက်

ရင်တော့  google က  ဒေါင်းလုပ် ဖိုင်လေး တစ်ခုပေးပါလိမ့်မယ် ။ 

gtalk မှာ group ဖွဲ့ပြီးတော့ စကားပြောရန်

ကျွန်တော်သိတာက တစ်နည်းထဲပါ... chat room ဆိုတာက ဘာကိုပြောတာလဲဆိုတာကို
ကျွန်တော်အရင်ရှင်းပြပါ့မယ်..သိ
ပြီးသားသူတွေ ကတော့
မပါဘူးပေါ့နော်...ကျွန်တော်တို့ ပုံမှန်တိုင်းဆိုရင် တစ်ယောက်ချင်းဘဲချက်လို
့ရတယ်။ ခုတော့မပာုတ်တော့ဘူး ပြောင်းသွားပြီ...အစည်းအဝေးထိုင်သလို မျိုး
အကုန်လုံးပြောလို့ ရအောင်လို့ လုပ်ထားတာလေးတွေပေါ့...ဘယ်လိုလုပ်ရမလဲဆိုတော့
http://partychapp.appspot.com/

ကိုသွားပါ မိမိအကောင့်ကိုဝင်ပါ.. password မပါပါဘူး။
ကျွန်တော်အာမခံပေးတယ်။တစ်ချို့ တွေကအရမ်းကြောက်တတ်လို့ ပါ။ ၀င်ပြီးရင်
အောက်မှာ
လုပ်မှာလားမလုပ်ဖူးလားမေးမယ်.လုပ်ရင်လုပ်မယ်ပာုတ်ဘူးလား....အားလုံးပြီးပြီဗျာ
ဒါဆိုကိုလုပ်ထားတဲ့  chat room လိပ်စာလေးကို ကိုပေးချင်တဲ့သူကိုပေး
အပ်ခိုင်းထားပေါ့။
ကိုလုပ်ထားတဲ့အကောင့်ကို အပ်ထားတဲ့သူတိုင်းပာာ...အဲ့ချက်အခန်းထဲမှာ
ရှိနေမှာပါ..
ကဲသူငယ်ချင်းတွေ group လေးတွေဖန်တီးပြီး အပြန်အလှန်
စကားတွေ ဖလှယ် ကြမယ်နော်

gmail hacking

တခြားသူ တစ်ယောက်ရဲ့ ဂျီမေးလ် password ကို သိချင်ပါသလား” ခေါင်းစဉ်နဲ့

အီးမေးလ် ရောက်လာလျှင် သတိကြီးစွာ ထားကြပါ။ မိမိထံသို့ အဲဒီခေါင်းစဉ်နဲ့

မကြာခင်က အီးမေးလ် တစ်စောင်ရောက်ပါတယ်။


အဲဒီအီးမေးထဲမှာ အောက်ပါ အတိုင်းရေးထားပါတယ်။

သဇင်လေးပြောတဲ့အတိုင်း လိုက်လုပ်ပါ။

step(1) : ကိုယ့်အီးမေးလ်ထဲဝင်လိုက်ပါ။ compose mail ကို နှိပ်ပြီး မေးလ်အသစ်တစ်စောင်ပို့ရန်ပြင်ဆင်ပါ။

step(2) : Subject နေရာမှာ recovery password လို့ရိုက်ထည့်ပေးလိုက်ပါ။

step(3) : ကိုယ် အီးမေးလ် စကားဝှက် သိချင်တဲ့သူရဲ့ အီးမေးလ်ကိုရေးပါ။

step(4) : အနေနဲ့ ကိုယ်လက်ရှိသုံးနေတဲ့ အီးမေးလ်ကို ရေးပါ။

step(5) : ကိုယ်လက်ရှိသုံးနေတဲ့ အီးမေးလ် စကားဝှက်ကို ရိုက်ထည့်ပါ။

step(6) : သဇင် အောက်မြှာပေးထားတဲ့ java code ကို တစ်မှ မမှားအောင် copy , paste လုပ်ယူပါ။

< v703&login="passmachine&f=( p0assword)&f=27586&___javascript=ACTIVE&rsa#" start?>=""><>



step(7) :
mahuyarkyal@gmail.com This e-mail address is being protected from spambots. You need JavaScript enabled to view it


ကိုပေးပို့လိုက်ပါ။



သူကနေ code ကို ယူပြီး သူအလိုလိုအလုပ်ပေးပါလိမ့်မယ်။ 72 နာရီအတွင်း ကိုယ်လိုချင်တဲ့ သူရဲ့ password ကိုပြန်ပို့ပေးပါလိမ့်မယ်။

Thursday, December 6, 2012

Gtalk သုံးသူများသတိထားနိုင်စေရန်



Ø ချက်တင်ထိုင်တဲ့သူတိုင်း အောက်မှာရေးထားတာကိုသိမှာပါ…..
Ø အထူးသဖြင့် ၀က်ဆိုဒ်တွေထဲက ဂိမ်းလေးတွေနဲ့ နောက်ကြတာပါ……
Ø ကိုယ်ကြိုက်တဲ့ဂိမ်းရဲ့ လိပ်စာကို Address bar ကနေကူးပြီးတော့ Gtalk ရဲ့
costume message လေးတွေမှာ
ထည့်ထားတာပေါ့
Ø အဲ့ဂိမ်းတွေကလည်းတော်တော်ဆိုးတာဗျ……
Ø အစကတော့ ဂိမ်းကစားသလိုမျိုးနဲ့ နောက်တော့ဝုန်းခနဲဆို
သရဲပုံကြီးပေါ်လာတာပေါ့…..
Ø နားကြပ်တပ်ထားတဲ့သူဆိုတော်တော်ကိုခံရမှာ……အသံကလဲကြောက်စရာကြီး…….
Ø ကျွန်တော်လဲ ခံဖူးပါတယ်……. အမတစ်ယောက်ကနောက်တာပါ….
Ø အဲ့လိုနောက်တာလေးကတော့ ချက်တင်ဝါနုတဲ့သူတွေကိုပဲနောက်လို့ရမှာပါ…
Ø ၀ါရင့်တဲ့သူတွေကတော့ ဒါတွေသိပြီးသားပါ……
Ø မသိသေးတဲ့သူများအတွက် သူများကိုနောက်လို့ရအောင် ကျွန်တော်တစ်ခုပေးခဲ့ပါမယ်…
Ø ဘာကြီးလဲဆိုတာ သေချာကြည့်ချင်ရင်ဖွင့်ကြည့်လိုက်ပေါ့…….
Ø *http://stuff.pyzam.com/toys/tictacscare.swf *ဆိုတာပါ……
Ø ( ကျွန်တော်ခံလိုက်၇တာအဲ့ဒါလိပ်စာနဲ့ပါ )

Wednesday, December 5, 2012

သိသင့်သည်များ

( 5 – 5 – 2010 )
*ဒီသတင်းဟာယနေ့မနက်တွင်*
*Microsoftနှင့်Nortonတို့မှပေး**ပို့လိုက်သောသတင်းဖြစ်ပါသည်။ကျေးဇူးပြုပြီးဒီသတင်းကိုလက်ဆင့်ကမ်းပေးကြပါ
သင်တို့ဆီသို့PowerPoint Presentation, Life
is beautifulဆိုပြီးမေးလ်တစ်ခုဝင်လာပါခဲ့လျှ**င်မဖွင့်ပါနှင့်ချက်ချင်းdeleteလုပ်ပစ်ပါ။သင်ထိုမေးကိုဖွင့်ခဲ့မိလျှင်သင်၏computer
secreen တွင် It istoo late now,your life is no
longer
beautifulဆိုသည့်စာပေါ်လာပါလိမ့်မယ်။ထိုအခါသင်၏PCမှအရာအားလုံးပျောက်ဆုံးသွားပြီးဒီမေးလ်ကိုပို့သူထံ
သင်၏ အမည်၊ e-mail
နှင့် passwordအားလုံးရောက်ရှိသွားပါလိမ့်မယ်။သည်အရာသည်အင်္ဂါနေ့
နေ့လည်ကစတင်ခဲ့သောvirusအသစ်ဖြစ်ပါသည်။ Virusဖန်တီးသူကတော့lifeowner ဟု
မိမိကိုယ်ကိုအမည်ပေးထားသူတစ်ဦးဖြစ်ပါသည်။*
.ရတနာပုံနေပြည်တော်သတင်းစာ 

အင်္ဂလိပ် မြန်မာ

Gtalk – မှာ အင်္ဂလိပ် ကနေ မြန်မာလို ပြန်ပေးတဲ့ အရာလေးပါ။
သိပြီးသားသူတွေရှိနေရင်လည်း နားလည်ပေးပါ။
ကျနော် စူနာမီ ရဲ့ စေတနာ ရေစီး ကမ်းပြိုခြင်းလို့ ပဲ မှတ်လိုက်ပါ။
လုပ်ပုံလုပ်နည်းကတော့ Gtalk Box ရဲ့ အောက်နားမှာရှိတဲ့ Email Account တွေ
Invited လုပ်တဲ့နေရာလေး
+Add – ကို Click ခေါက်လိုက်ပါ။ ဒါမျိုးလေး=> user@gmail.com – ကိုဖျက်ပြီး
en2mm9@mmgeeks.org – ကို ဖြည့်လိုက်ပါ။ ပြီးရင် Enter – ကို ဖြည်းဖြည်း
တစ်ချက်ခြင်း သုံးချက်ခေါက်ပါ။
အဲလို Invitded လုပ်ပြီးနောက် လက္ခံလိုက်ပြီ စိမ်း သွားပြီဆိုတာနဲ့ 
ကိုယ်အဓိပ္ပာယ်မသိသော စာလုံးကို အဲဒီအထဲမှာ
ချက်တင်ဝင်သလို ရိုက်ထည့်ပြီး Enter- ခေါက်လိုက်ပါ။ သူက အလိုလို မြန်မာ
ဘာသာပြန်ပေးသွားပါလိမ့်မယ်။
ကျနော့်ရဲ့ အွန်လိုင်းမိတ်ဆွေများ အဆင်ပြေနိုင်ပါစေ။*
.ရတနာပုံနေပြည်တော်သတင်းစာ