မင်္ဂလာပါဗျာ ဝေယံအိမ်သစ်လေးမှ ကြိုဆိုပါတယ် ဒီကနေ့ဟာပျော်ရွှင်စရာနေ့လေးဖြစ်ပါလို့ဆုတောင်းလိုက်ပါတယ် ကျွန်တော့အိမ်သစ်ကလေးဟာ တော်လို့တတ်လို့ ပြုလုပ်ထားခြင်းမဟုတ်ပါ လေ့လာသင်ယူရင်းနဲ့ ဖြန့်ဝေမူများလုပ်နေခြင်းဖြစ်ပါသည် အားလုံးကိုကျေးဇူးတင်ပါတယ်

Tuesday, October 16, 2012

မြန်မာသီချင်းများ

အဖြူရောင်သူငယ်ချင်းလေးအတွက်
1. အဖြူရောင်နေ့ များသို့  – ထွန်းအိန္ဒြာဗိုလ်
2. အချစ်ဆုံးသူငယ်ချင်း – 9mm
3. အဖြူရောင်ပြတိုက် – မဒီ
4. ဘယ်လိုချိန်မျိုး – AMZ
5. အဖြူရောင် – ခရစ်စတိုဖာ
6. Best-Friend-Forever – လွှမ်းပိုင်&&နီနီခင်ဇော်
7. အဖြူရောင်စည်း – Poem
8. ဇာတ်လမ်း – ဘိုဘို & လင်းပင်ဟိန်း (Feat: ရွှေထိုက်)
9. မချစ်တဲ့သူငယ်ချင်း – Dictionary
10 . သူငယ်ချင်း – လင်းထိုက်
11. သူငယ်ချင်းသံယောဇဉ် – ဂျောက်ဂျက်
12. Best Friend – ကျော်ထွဋ်ဆွေ
13. မင်းပဲကိုယ်ချစ်တယ် – L-လွန်းဝါ
14. အုံ့ ပုန်းချစ် – ဘာဘူ၊ ရည်မွန်
15. ပြောမထွက်ခဲ့သူ – Bambino + ရဲလေး
16. မရိုးသားတော့ဘူး – ထူးအိမ်သင်
17. မင်းဘက်ကသူငယ်ချင်း – ဆင်ပေါက်
18. အမှားလား – ရွှေထိုက်


City FM (10) ဆက်ချစ်နေမယ် – လူစုံ

City FM (10) ဆက်ချစ်နေမယ် – လူစုံ

01. ပင်တိုင်စံအတွက် အချစ်ရဲ့ အလင်းရောင် (ချမ်းချမ်း+နေနေ)
02. ဆက်ချစ်နေမယ် (ဇော်ပိုင်)
03. နင်ပြန်လာမယ့်အချိန် (လွမ်းပိုင်+Bunny Phyo + နန္ဒထွန်းတင်)
04. အိမ်မက်ထဲကအဖြေ (အာဇာနည်)
05. တစ်ချက်လေးစောင်းငဲ့ကြည့်ဦး (ညာဏ်လင်းအောင်+၀ိုင်းစုခိုင်သိန်း)
06. စုန်းမ (တင်ဇာမော်)
07. ဆန္ဒမစောနဲ့ (ဒီဖြိုး+စိုးပြည့်သဇင်)
08. အဘယ်ကြောင့်ဆိုသော် (ဖြူဖြူကျော်သိန်း)
09.ကိုဘီအေ (အောင်ကိုလတ်+စန္ဒြီုမင့်လွင်)
10. ယုဇန နဲ့ ဖဲကြိုးဝါ (နေတိုး)
11. ကိုယ်…. သိထားရက် (ချမ်းချမ်း)အာ

အယ်လင်- လှည့်ကွက် (ကိုယ်ပိုင်သံစဉ်များ)

အယ်လင်- လှည့်ကွက် (ကိုယ်ပိုင်သံစဉ်များ)

01. လှည့်ကွက်
02. ရင်ခွင်မဲ့ကလေး
03. ကယ်သူမဲ့
04. အပြုံးမဲ့
05. စွန်
06. ရွှေလက်တွဲ
07. ချစ်ခြင်းရဲ့ စိတ္တဇ
08. မင်းကြောင့်
09. ကျေးဇူးပဲ
10. you are special

ဖြူဖြူကျော်သိန်း -မိန်းကလေးတစ်ယောက် အသည်းကွဲနေတယ်

ဖြူဖြူကျော်သိန်း -မိန်းကလေးတစ်ယောက် အသည်းကွဲနေတယ်

01. ချယ်ရီလမ်း
02. နောက်ဆုံးအချိန်
03. သတိထားကြ
04. ငှက်ကလေးလို
05.မိန်းကလေးတစ်ယောက်အသည်းကွဲနေတယ်
06. ကြိုးပြတ်သူ
07. အန္တာရယ်ကြောင်မလေး
08. အရှုံးထက်ပိုသော
09. ဘာဖြစ်ဖြစ်
10. လှည့်စားလိုက်
11. အားလုံးအတွက်

ငါ့အမောက............မောဖို့ခက်တဲ့အမော


ချိုသာတဲ့မင်းနုတ်ခမ်းက
ထွက်ကျလာတဲ့ စကားလုံးတိုင်းဟာ
ငါရင်ထဲမှာ ကမ်းခြေကို ကြည်စယ်နေတဲ့
လှိုင်းလုံးလေးတွေလို့
တငြိမ့်ငြိမ့် လှုပ်ခတ်စေတယ်
ချိုသာတဲ့ မင်းရယ်သံလေးတွေက
မေ့ပျောက်လို့မရနိုင်အောင်ကို
နှလုံးသားကို ဆုပ်ကိုင်ပိုင်စိုးထားတယ်
ကောင်မလေးရယ်…….
မျှော်လင့်ခြင်းကမ်းခြေမှာ
ကြည်စယ်နေတဲ့ လှိုင်းလုံးတွေက
အိပ်မက်တွေနဲ့ အတူ အနားကွပ်ထားတယ်
သတိတရဖြစ်နေတတ်တဲ့မင်းရဲ့
ပြုံးလဲ့တဲ့ နုတ်ခမ်းတစ်စုံက
ငါ့ရဲ့နှလုံးသားကို နိုးဆွလို့နေတယ်
ကမ်းခြေရဲ့ အနီးအနားမှာလဲ
မုန်တိုင်းရဲ့အရိပ်အရောင်ကို
မတွေ့ရပါဘူး
လှိုင်းလဲမကြမ်းခဲ့ပါဘူး
အချစ်လေးနားကို
မရောက်နိုင်ယုံ သက်သက်ဖြစ်နေတာပါ
ငါမောနေတယ်……ချစ်လို့မောတဲ့အမော
ငါ့…..အမောက
မောဖို့ခက်နေတဲ့အမော
ပြောပြရမယ်ဆိုရင်တော့ငါ့အမောက
ငါ့ ဘ၀ရဲ့မောဖို့ အခက်ဆုံးအမောဖြစ်နေတာပါဘဲ…………
                                                            ဝေယံ............................................ ကဗျာ

ကျွန်တော်မသိလို့ပါ


ကျွန်တော်မသိလို့ပါ
ကောင်းကင်မှာရှိတဲ့  နေလုံးကြီးက
ပူနေတာလား   စွမ်းအင်ထုတ်ပေးတာလား
ညကလေးရဲ့   ကောင်းကင်ယံမှာ ရှိတဲ့  လ၀န်းကြီးက
သာနေတာလား  စိတ်ကူးယဉ်ဖို့လား
မီးဖိုပေါ်မှာရှိတဲ့  ရေနွေးက
ပူနေတာလား   နွေးနေတာလား
ရေခဲသေတ္တာထဲ့က ရေခဲတုံးက
ပူနေတာလား  အေးနေတာလား
ကမ္ဘာမြေပေါ်က ချစ်သူတွေက
ချစ်နေကြတာလား  တဏှာတွေလား
ကျွန်တော့၇င်ထဲ့က အချစ်တွေက
ပေးဆပ်နေတာလား ၇ယူနေတာလား
                                                                         waiyan

Hack to -->XP Genuine Notifications


          "This copy of windows is not genuine and you have not yet resolved this issue. This computer is no longer eligible to receive select security upgrades from Microsoft." ဒီလိုမျိုး ချိမ်းခြောက်တာလိုလို အသနားခံတာလိုလို စာတွေပါတယ့် အောက်မှာဖေါ်ပြထားသော Pop up Window လေးကို တရားမဝင် Copy Window လေးတွေကိုပဲ အားထားနေရတယ့် ကျွန်တော်တို့ မြန်မာနိုင်ငံသားများ အားလုံးလိုလို ကြုံဖူး တွေ့ဖူးကြမှာပါ.....မတွေ့ဖူးသေးသူများလည်း အခုတစ်ခါတည်း ကြည့်သွားကြပါနော်....
Wgan-copy-1.jpg
            ကိုယ်ကွန်ပျူတာဖွင့်လိုက်တယ့်အချိန် ဒီဟာလေးပေါ်လာရင် တော်တော်စိတ်ညစ်စရာကောင်းမှန်း ကျွန်တော်ကိုယ်တိုင် ကိုယ်တွေ့ကြုံဖူးပါတယ်။ တစ်ချိန်ကဆိုရင် ကျွန်တော်ကွန်ပျူတာအကြောင်း ဘာမှမသိသေးတယ့်အချိန် ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိနဲ့ တော်တော်ကို ရွာလည်ခဲ့ဖူးပါတယ်။ ဒါကြောင့် အခုမှ ဒီလောကထဲ ဝင်လာတယ့် (သိုင်းလောက မဟုတ်ပါ) သူများအတွက် ရည်ရွယ်ပြီး ဒီ Post ကိုကျွန်တော်ရေးတာပါ။ သိပြီးသားကိုကို မမ များကတော့ ....အို.... သိပြီးသားလည်း ပိုမှတ်မိ ပိုသိသွားအောင်နောက် တစ်ခေါက်လောက် ဖတ်ကြည့်လိုက်ပါ ဗဟုသုတပေါ့။... ဟုတ်ကဲ့ ကျွန်တော်ပြောတယ့် အတိုင်း အပေါ်ကလို Pop up Window လေးပေါ်လာရင် ဒီနည်းတွေနဲ့ ဖြေရှင်းလို့ရပါတယ်... XP Only နော် တခြား Vista တို့ Seven တို့မရဘူး။


notepad လေးနဲ့ ကလိကြည့်မယ် အပိုင်း၃


Funny-Notepad-Hacks---Unlimited-Backspace-Hack.png
          ကျွန်တော် Google ကနေရှာတွေ့ထားတာ သိလား သူက Fake Virus တစ်မျိုးပဲ Notepad လေးသုံးပြီး ကလိရတာ ဗဟုသုတ အဖြစ်ပေါ့ ဒါလေးသုံးပြီး ဘယ်သူ့ကိုမှလည်း လျှောက်မခြောက်နေနဲ့ ဦးနော် တော်ကြာ လဝန်းညို သူများကို အတတ်ကောင်းတွေ သင်ပေးနေတယ် အပြောခံနေရဦးမယ်။း )  လက်တွေ့ လိုက်လုပ်ပြီး စမ်းကြည့်လိုက်ပါ စက်ကို ဘာမှ မထိခိုက်နိုင်ပါဘူး သူက တစ်ကယ် Virus အစစ်မဟုတ်ပါဘူး။ အလကား အလကား Virus ပါ စမ်းကြည့်ချင်သူများ Notepad လေးကို ဖွင့်ပြီး အောက်မှာ ကျွန်တော်ပေးထားတယ့် Code ကလေးတွေကို ကူးထည့်လိုက်ပါ။
 

ကလိနေရမှ ပျော်တယ်ဆိုသူများအတွက်....


     Sality-Computer-Virus-Managed-Anti-Virus           ဒီဟာကလေးက ဘယ်လိုခေါ်မလည်းပေါ့နော်... ကျွန်တော်လည်း ဘယ်လိုခေါင်းစဉ်တပ်ရမှန်းကို မသိတော့ပါဘူး.... အခုကျွန်တော် ပြောမှာကတော့ Notepad လေးတွေ သုံးပြီး ကလိတယ့်နည်းပေါ့နော်... အရင်တစ်ခါက်ကလည်း ပြောပြဖူးပါတယ် သူငယ်ချင်းတွေကိုစလို့ရတယ့် .vbs ဖိုင်လေးတွေဘယ်လိုလုပ်မလည်းဆိုတာ..... အခုတစ်ခါက်တော့ နဲနဲလွယ်တာလေးပဲ ပြောပြပါ့မယ်။ ဒါကတော့ ဟိုးအရင်က ကျွန်တော်ကို သံလုံငယ် ရဲ့ ဆိုဒ်မှာဖတ်ဖူးတာလေးပါ။ ရိုးရိုးလေးပါ အရမ်းလည်းလွယ်ပါတယ်။ အပြင်းလည်းပြေ ဗဟုသုတလည်းရပေါ့ လိုက်လုပ်ကြည့်လိုက်ပါ ပျော်စရာကောင်းပါတယ်။ ရင်ခုန်စရာလည်းကောင်းတာပေါ့နော် ငါ့ကွန်ပျူတာလေး ဘာဖြစ်သွားမှာပါလိမ့် ဆိုပြီးတော့။ ဒါပေမယ့် စိတ်မပူပါနဲ့ ဒီနည်းလေးက Fake Virus လုပ်တယ့်နည်းလေးပါ ကွန်ပျူတာကို လုံးဝ မထိခိုက်နိုင်ပါဘူး ကျွန်တော်ကိုယ်တိုင် စမ်းသပ်ကြည့်ပြီးမှ တင်ပေးလိုက်တာပါ..... ကဲစပြီနော်....


Gtalk ကနေ English-> Myanmar အဘိဓါန် သုံးမယ်


gtalk.jpg
          ဟားဟား တွေ့ပြီဟေ့ တွေ့ပြီ။ ကျွန်တော့်စာဖတ်ပရိတ်သတ်တွေ အတွက် တစ်ကယ် အကျိုးရှိမယ့် Post လေးတစ်ခုလောက် တင်ပေးချင်လို့ လိုက်ရှာနေတာ နှစ်ရက် သုံးရက် ရှိပြီ။ တွေ့မယ့်တွေ့တော့လည်း ကိုညီနေမင်းရဲ့ ဆိုဒ်ထဲမှာ သွားတွေ့တယ်။ ကျေးဇူးတင်ပါတယ် ကိုညီနေမင်းခင်ဗျား။ အခုကျွန်တော်ပြောပြမှာကတော့ အခု ကျွန်တော်တို့ မြန်မာ နိုင်ငံသား အများဆုံး အသုံးပြုနေကြတယ့် Gtalk ကနေ ကိုယ်သိချင်တယ့် English စာလုံးလေးတွေကို မြန်မာ ဘာသာပြန်ပေးတယ့် Dictionary လေးအကြောင်းပါ။ ပထမ အဆင့်အနေနဲ့ ကိုယ့် Gtalk ထဲမှာ en2mm11@mmgeeks.org ကို Add လုပ်ပေးလိုက်ပါ။ သူက တစ်ခါတည်း Accept ဖြစ်ပြီး Online ပြလာပါလိမ့်မယ် ပြီးရင်တော့ ဟဲဟဲ ကိုယ်သိချင်တယ့် English စကားလုံးတွေကို ရိုက်ထည့်ပေးလိုက်ပေါ့။ သူက ကိုယ်ရိုက်ထည့် လိုက်တယ့် English စကားလုံးတွေကို မြန်မာဘာသာနဲ့ ပြန်ပေးပါလိမ့်မယ် အချိန်ကုန်သက်သာပြီး အရမ်းကောင်းပါတယ်။ ကျွန်တော်တောင် စတွေ့ချင်းတုန်းက ဟုတ်မှ ဟုတ်ပါ့မလားလို့ ဟီးဟီး ။ ဒါပေမယ့် စမ်းသုံးကြည့်လိုက်တော့် တော်တော်ကို အဆင်ပြေပါတယ်။ အင်တာနက်သုံးနေရင်း ကိုယ်မသိတယ့် စကားလုံးတွေကို Dictionary ဖွင့်ပြီး ရှာရမှာ ပျင်းတယ် ဆိုတယ့် သူငယ်ချင်းများအတွက်တော့ တော်တော်ကို အဆင်ပြေမှာပါ။ စမ်းကြည့်လိုက်ကြပါဦး။
(လဝန်းညို)

သူများကိုယ့် E-mail ကိုဖတ်မဖတ် သိချင်လား........


          ဟီးဟီး လဝန်းညိုတို့ ကတော့ သူများကျိန်ဆဲခံရအောင် လျှောက်ထွင်ပြန်ပြီ။ ဘယ်သူ့ကိုမှတော့ ထိခိုက်ပါစေလို့ မရည်ရွယ်ဘူးနော် ဗဟုသုတ ရအောင် ပြောပြတာ။ ဥပမာ ကိုယ်က ကိုယ့်ကောင်မလေးဆီကို Mail ပို့တာပဲဖြစ်ဖြစ် ကျောင်းကနေ ကိုယ့်မိဘဆီကို ပိုက်ပိုက်လှမ်းတောင်း ဖို့Mail ပို့တာပဲဖြစ်ဖြစ် ကိုယ်ပို့လိုက်တယ့် သူကိုယ့် E-Mail ကိုဖတ်လားမဖတ်လား သိရအောင် လုပ်တယ့် နည်းလေးပါ အားလုံးအတွက် တော်တော်ကို အသုံးဝင်မယ့် ကောင်လေးမို့လို့ အားလုံးသိအောင် (မသိသေးသူများကို ဆိုလိုခြင်းဖြစ်ပါသည်) ဖော်ပြလိုက်ပါသည်။ အားမနာတမ်းကြည့်ရှု လေ့လာကြပါကုန်။..........
            ဒါလေး ပေါ်တာတော်တော်လေး ကြာနေပါပြီ။ မသိသေးသူများ အတွက် ရည်ရွယ်ရင်းဖြစ်ပါတယ် သိပြီးသားကိုကို မမများ ကတော့ သည်းခံပေးကြပါလို့ ကြိုပြောထားပါရစေ။
          သူ့ဆိုဒ်လေးရဲ့လိပ်စာက www.spypig.com ဖြစ်ပါတယ် အဲဒီကိုအရင်သွားလိုက်ပါ။ အောက်မှာကျွန်တော် ပုံနဲ့ ရှင်းပြထားပါတယ်။ (စမ်းကြည့်တော့မယ်ဆိုရင် ကိုယ့်မေးလ် အကောင့်လေးတွေကို ကြိုဖွင့်ထားကြပါ။ ပြီးရင် ကိုယ်ပို့ချင်တယ့် သူရဲ့ Email ကို Compose Mail အနေနဲ့ ထားထားပါ။ စာကတော့ ကိုယ်ရေးချင်တာရေးပေါ့နော်။း )
SpyPig.jpg
     

Gmail မှာ Gtalk သုံးလို့မရခြင်း........

deptsystem2010, Gtalk မှာ လာမေးထားတယ့် မေးခွန်းလေးပါ။ Internet Browser Firefox နဲ့ပဲဖြစ်ဖြစ် Internet explorer နဲ့ပဲဖြစ်ဖြစ် Gmail ကို Sign in ဝင်လိုက်ရင် ဘယ်ဖက်ဘေးမှာရှိနေကျ ဖြစ်တယ့် Gralk သုံးလို့မရလို့ ပြောပြပါဦး ဆိုလို့ လိုက်ရှာကြည့်မိတာ ခေါင်းပါမူးသွားတယ်။ ဟားဟား တွေ့မယ့်တွေ့တော့လည်း လွယ်လွယ်လေးဗျ။ ဒီနည်းလေးက သိပြီးသားလူတွေ အတွက်တော့ ဘာမှ မဖြစ်လောက်ပါဘူး ဒါပေမယ့် မသိသေးသူများအတွက် ဗဟုသုတ တိုးစေရန်အတွက် ဖော်ပြလိုက်ရပါတယ် သိပြီးသား ကိုကို မမ များကတော့ သီးခံပေးပေါ့နော်။ ကဲကဲ ပြောပြမယ်နော် ကိုယ်ကိုယ်တိုင် သွားကလိလို့ပဲ ဖြစ်ဖြစ် ဒါမှ မဟုတ် မတော်တဆပဲ ဖြစ်ဖြစ် ကိုယ့် Gmail Homepage မှာရှိတယ့် Gtalk Function လေး ပျောက်သွားပြီး အောက်မှာ ပြထားတယ့် ပုံလေးအတိုင်းဖြစ်နေပြီဆိုရင် ဘယ်လိုလုပ်ရမယ်ဆိုတာ တစ်ဆင့်ချင်းရှင်းပြပါ့မယ်။
 
Gmail2.jpg
          ဒါက ကျွန်တော့ မေးလ် အကောင့်ကို ဥပမာအနေနဲ့ ပြထားတာပါ။ ကဲ ကိုယ်က Gmail ကိုလည်း Sign In ဝင်ထားပြီးပြီ ဒါပေမယ့် ကိုယ့် Mail Box ဘယ်ဖက်ဘေးမှာရှိတယ့် Gtalk Chat Box ကလေးက ဒီလိုပြနေတယ်ဆိုရင်.............
 
Gmail
          ဟိုးအောက်ဆုံးရောက်တယ့် အထိ Scroll Down လုပ်ပြီး ဆင်းသွားလိုက်ပါ။ ပြီးရင်ကျွန်တော် မှင်နီလေးနဲ့ ဝိုင်းပြထားတယ့် နေရာက Turn on chat ဆိုတာလေးကို Click တစ်ချက်ပေးလိုက်ပါ။ ပြီးရင်တော့ ဘော်ဒါတို့ရဲ့ ခုဏက Disable ဖြစ်နေတယ့် Chat Box လေးကိုသွားပြန်ကြည့်လိုက်ပါ။
 
Gmail3
          Enable ပြန်ဖြစ်သွားပြီး ဒီလိုလေး ပေါ်နေတာကို ဝမ်းသာစွာတွေ့ရမှာဖြစ်ပါတယ်။ ဒါဆိုရင်တော့ ကိုယ့် Gmail ကနေ Gtalk ကိုပြန်ပြီးသုံးလို့ ရသွားပါပြီ။ ကိုယ်မသုံးချင်တော့လို့ ပိတ်ထားချင်ရင်လည်း ခုဏကနေရာလေးမှာပဲ နောက်တစ်ခေါက် Click ပေးပြီး ပြန်ပိတ်ထားနိုင်ပါတယ်။
အားလုံးအဆင်ပြေကြပါစေ။
စေတနာများစွာဖြင့် (လဝန်းညို) ဆိုဒ်မှပြန်လည်တင်ပြပေးပါသည်

Window Vista မှာအင်တာနက် ချိတ်လို့မရခြင်း..........

Window Vista သုံးတယ့် ကွန်ပျူတာ တော်တော်များများ အင်တာနက်ချိတ်ရင် ကြုံရတယ့် ပြဿနာလေးပါ။ ကြုံဖူးသူတိုင်းသိကြမှာပါ အောက်မှာပြထားသလို Network ကိုချိတ်လို့ ရနေပြီး အင်တာနက် Connection မဝင်တယ့် ပြဿနာလေးပါ။ ဟိုတစ်နေ့က မှကျွန်တော့ အစ်ကိုတစ်ယောက် လာမေးလို့ လိုက်ရှာကြည့်ရင်း ရှာဖွေတွေ့ရှိထားတာလေးပါ။ အားပေးသွားကြပါဦ
 
 
net-work-problem-copy-1.jpg
အများအားဖြင့်တော့ သူ့ရဲ့ Window Firewall system က Query.exe ဆိုတယ့် Filter လေးကြောင့် ဖြစ်တတ်ပါတယ်။ အဲဒါကို ဖြေရှင်းဖို့ Start ကနေ Run ကိုသွားပြီး C:\windows\system32 ကိုအဆင့်ဆင့်သွားလိုက်ပါ။

ဘယ်က E-Mail လည်း? ဘယ်သူ့ E-Mail လည်း?.........

Mail.jpg
          ဒါလေးကတော့ ကိုယ့် Email Address သုံးစရာမလိုပဲ သူများကို စာပို့တယ့်နည်းလေးပါ။ ကိုယ်ပို့ချင်တယ့် Mail Address ကို ကိုယ့်စိတ်ကြိုက်သုံးလို့ရတယ် Gmail သုံးတယ့်လူဆိုပါတော့ Mail sender ရဲ့ Address ကို ကိုယ်ကြိုက်သလိုထားလို့ရတယ် Yahoo Mail လည်းလုပ်လို့ရတယ် Hotmail လည်းလုပ်လို့ရတယ် ကိုယ်က အဲဒီ Address ကိုသွား Hack နေစရာလည်း မလိုဘူး ရှင်းရှင်းပြောရရင် တစ်ယောက်နဲ့ တစ်ယောက် ဒါလေးသုံးပြီးတော့တောင် ရန်တိုက်ပေးလို့ရသေးတယ် ဥပမာ ပြောတာနော် တစ်ကယ်တော့ သွားမလုပ်ကြနဲ့ပေါ့ လဝန်းညို လည်းပြောသာပြောပြရတယ် အခုတစ်လော မျက်ခုံးတွေက ခပ်လှုပ်လှုပ်ရယ်။ ထားလိုက်ပါတော့ အကျိုးရှိအောင် သုံးတယ့်နည်းလမ်းလေးပဲ ပြောပြတော့မယ် ဥပမာ ကိုယ်က ကိုယ်နဲ့ မသိသေးတယ့် လူတစ်ယောက်ကို Email ပို့ရတော့မယ် ကိုယ့် Mail Address ကိုလည်း သူ့ကိုမသိစေချင်ဘူးဆိုရင်သုံးလို့ရတယ့် နည်းလမ်းလေးပါ။


Online Converter...... အလန်းလေးနော်။

Online-Converter.jpg
          လဝန်းညို စိတ်ညစ်ညစ်နဲ့ အွန်လိုင်းပေါ် ထင်ရာမြင်ရာ လျှောက်သွားရင်း ရှာဖွေတွေ့ရှိလာတယ့် ဆိုဒ်ကလေးပါ။ ဒီဆိုဒ်ကလေးမှာ Media File တွေ Document File တွေကို ကိုယ်ကြိုက်တယ့် Formet ပြောင်းခိုင်းလို့ရပါတယ်။ ဘာ Software မှ Install လုပ်စရာမလိုတယ့် Online Converter လေးပါ။ သီချင်းတွေကို Mp3, ACC, စတယ့် Format ကိုပဲပြောင်းပြောင်း Video File Mp4, 3gp, mkv စတယ့် Format ကိုပဲပြောင်းပြောင်း အိုစုံစုံပြောရရင် .doc Format ကိုတောင်မှ ဘာ Software မှမလိုပဲ .Pdf File အနေနဲ့ ပြောင်းပေးလို့ရပါတယ်။ ဆိုဒ်လိပ်စာကတော့ www.online-convert.com ဖြစ်ပါတယ်။
 

Online Converter2

မိမိကွန်ပျူတာ memoryသန့်ရှင်းအောင်လုပ်နည်း

၁. Desktop ပေါ်မှာ Right-click နိုပ်ပြီး New-Shortcut ကိုထပ်နိုပ်ပါ၊
၂. Type the location of the itemလိုရေးထားသည့်နေရာမှာအောက်ကစာကြောင်းတွေကိုထည့်လိုက်ပါ၊
%windir%\system32\rundll32.exe advapi32.dll,ProcessIdleTasks
၃.Next ထပ်နိုပ်ပါ၊
၎.Type a name for this shortcut:နေရာမှာ Clear Memory ဆိုပြီးရေးထည့်လိုက်ပါ၊
၅. Finish. ကိုနိုပ်လိုက်ပါ။ပြီးပါပြီ။။
ကွန်ပျူတာသိသိတာတာမြန်ဆန်လာလိမ့်မည်!အားလုံးလည်းကြိုက်ကြမယ်လို့မျော်လင့်ပါတယ်။

Gtalk Password Finder

သည်ဟာလေးကတော့ ဘာမှတော့မဟုတ်ပါဘူး။ အပျင်းပြေပေါ့ ။ သည်မှာသည်ကောင်လေးကို Run လိုက်ရင် သည်စက်မှာသုံးဖူးတဲ့လူတွေအကောင့်အကုန်လာပေါ်တယ် ။ တစ်ချို့ဟာ ဆိုရင် Password တောင်ကျန်ခဲ့သေးတယ်ဗျာ ။ ပေါ့ပေါ့ပါးပါးနဲ့သုံးရတာအဆင်ပြေပါတယ် ။Hack တာကိုစိတ်ဝင်စားတဲ့သူတွေအတွက်ပေါ့ သုံးကြည့်လိုက်ပါ ။ ဆိုဒ်က 1MB တောင်မရှိပါဘူးဗျာ ။အသုံးပြုမယ်ဆိုရင်တော့ အောက်မှာ ဒေါင်းလိုက်ပါ။ အားလုံးအဆင်ပြေကြပါစေ ဗျာ။

   ဒီနေရာလေးမှ

၂၀၀၉ ခုနှစ်ရဲ့ လူဖတ်အများဆုံး စာအုပ် (၁၀) အုပ်



အားလုံးပဲ .. မင်္ဂလာ ၂၀၁၀ နှစ်သစ်ပါ။ နှစ်ဟောင်းကုန်လို့ နှစ်သစ်ရောက်လာတဲ့ အချိန်မှာ အရင်နှစ်က ဘာတွေဖြစ်ခဲ့တယ် ဘာလုပ်ခဲ့တယ်ဆိုတာကို ပြန်ပြီး ဆန်းစစ်လေ့လာကြပါတယ်။ ကျွန်တော်တို့ရဲ့ စာအုပ်စင်လေးမှာလည်း ၂၀၀၉ ခုနှစ် ကုန်တဲ့အချိန်ထိ ရှိသမျှစာအုပ်တွေထဲက လူဖတ်အများဆုံး စာအုပ်(၁၀)အုပ်ကို တင်ပေးလိုက်ပါတယ်။ အောက်ဖော်ပြပါ စာအုပ်လေးတွေကတော့ Scribd ရဲ့ စာရင်းဇယားအရ အများဆုံး ဖတ်ကြတဲ့ စာအုပ်တွေဖြစ်ပါတယ်။ ဒီနှစ်ဖို့ ကျွန်တော်တို့ရဲ့ စာဖတ်ပရိသတ်ကြီးက ဟာသ၀တ္တုတွေ တော်တော်ကြိုက်ပုံရတယ်။ Top Ten မှာ ငါးအုပ်က ဟာသ စာအုပ်တွေ။

ဝက်ခြံ အကြောင်းသိကောင်းစရာ



ဝက်ခြံဖြစ်ခြင်း

ဝက်ခြံ အဓိက ဖြစ်ပေါ်လာခြင်းသည် မွေးညှင်းပေါက်လေးများ ပိတ်ဆို့ရာမှ
ဖြစ်ပေါ်လာခြင်းဖြစ်ပါသည် ။ အဆီအိတ်ဂလင်း များမှ ထုတ်လိုက်သော
အဆီလေးများသည် ပုံမှန်အခြေအနေတွင် အရေပြားမျက်နှာပြင်
(Skin Surface) ပေါ်သို့ ထွက်လာလေ့ရှိပါသည် ။ ထိုအချိန်တွင်
အဆီပြွှန် ပိတ်နေပါက ထွက်ပေါက်ပိတ်သွားပြီးနောက် ဘတ်တီးရီးယားများ
စတင်ပွားများလာနိုင်ပါသည် ။ ထိုမှ တစ်ဆင့် ၀က်ခြံများ ဖြစ်ပေါ်လာခြင်းဖြစ်ပါသည်။
ဝက်ခြံအဖြစ်များသောနေရာများမှာ မျက်နှာ ၊ ရင်ဘတ် ၊ကျော ၊ပုခုံး နှင့် လက်ပြင်တို့ ဖြစ်သည် ။
အပျိုဖော်ဝင်စနှင့် လူပျိုဖော်ဝင်စ အချိန်များတွင် သာမန်ထက်လွန်ကဲသော ဟော်မုန်းများဧ။်
လှုံ့ဆော်မှုကြောင့် ၀က်ခြံဖြစ်နိုင်ချေ ပိုများပါသည် ။ ထိုလှုံ့ဆော်မှုသည် လူအများစုအတွက် အချိန်နှင့်အလိုက်
လျှော့နည်းပြီးနောက် ပျောက်ကွယ်သွားလေ့ရှိသည် ။ ထို့ကြောင့် ၀က်ခြံသည် အချို့လူများတွင် အသက်နှစ်ဆယ် ကျော်ချိန်တွင်
စတင်၍ပျောက်ကွယ်ခြင်း သို့မဟုတ် လျော့နည်းခြင်းများဖြစ်ပေါ်လာသည် ။သို့သော် ၀က်ခြံပျောက်ကင်းသော အချိန်အားတိကျစွာ
မခန့်မှန်းနိုင်ပေ။ တစ်ချို့သော လူများသည် အသက် (၃၀) နှင့် (၄၀) ကျော်သည့်တိုင်အောက် ၀က်ခြံများ ပျောက်ကင်းမသွားသည်ကို
တွေ့ရှိရပေသည် ။

ဝိညာဉ်သစ် စာအုပ်စင်ရဲ့ ၂၀၀၈ ခုနှစ်ရဲ့ ဖတ်သူများဆုံးစာအုပ် ၁၀ အုပ်



နှစ်ဟောင်းကုန်လို့ နှစ်သစ်တစ်ခုပြောင်းလဲတော့မှာပါ။ မိတ်ဆွေတို့လည်း နှစ်သစ်မှာ လူသစ်စိတ်သစ်နဲ့ ၂၀၁၀ ဆိုတဲ့ နောက်ထပ်ဆယ်စု နှစ်တစ်ခုဆီ ဦးတည်နေပါပြီ။ ဒီနှစ်လေး အတွင်းမှာ ကျွန်တော်တို့ရဲ့ စာအုပ်စင်လေးမှာ ပုံမှန်လာရောက်ဖတ်ရှူတဲ့ ပရိသတ်တွေဟာ များသည်ထက်များပြားလာပါတယ်။ တစ်ယောက်စကား တစ်ယောက်ကြားပြီး ရောက်လာအောင် သတင်းဆောင်ပေးခဲ့တဲ့ မိတ်ဆွေအပေါင်းကိုလည်း ကျေးဇူးတင်ကြောင်း ပြောပါစေ။ ထိုအတူပဲ ကျွန်တော်စာအုပ်တော်တော်များများကို ရခဲ့တဲ့ ပဒုမာဖိုရမ်မှညီအကိုမောင် နှမများ၊ မြန်မာမိသားစုမှရောင်းရင်းများ၊ မြန်မာebook ဆိုဒ်မှ မိတ်ဆွေများ၊ သူတို့ဆီမှာရှိတဲ့စာအုပ်များကို ကျွန်တော်ဆီရှယ်ပေးသော ညီအကိုမောင်နှမများကိုလည်း ကျေးဇူးတင်ပါတယ်။ နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့ ဒီစာအုပ်စင်လေးက ကျွန်တော်တစ်ယောက်တည်း ပိုင်တာ မဟုတ်ပါဘူး။ မိတ်ဆွေတို့အားလုံးရဲ့ ကိုယ်ပိုင်စာကြည့်တိုက်လေးတစ်ခုဖြစ်ပါတယ်။  အားလုံးကို ကျေးဇူးတင်ပါတယ်။
ဒီစာအုပ်စင်လေးက ကျွန်တော်ကိုယ်ပိုင်အရာတစ်ခုမဟုတ်ပါဘူး။ ဒီကိုလာတဲ့သူအားလုံးပိုင်ဆိုင်တဲ့ အရာလေးဖြစ်တယ်လို့ ကျွန်တော်ယူဆပါတယ်။
စာပေနယ်ထဲက ၂၀၀၈ ခုနှစ်ရဲ့  အကြီးမားဆုံး ဆုံးရှုံးမူကတော့ လူထုဒေါ်အမာ၊ မင်းသိင်္ခ ၊ ပန်းချီဝသုန် အစ ရှိတဲ့ ထင်ရှားတဲ့ အနုပညာရှင်တွေရဲ့ ကြွေလွင့်ြ့ခင်းတွေက ဘာနဲ့မှ အစားထိုးလို့မရနိုင်တော့မဲ့ အရာတွေပါ။ ကျွန်တော်တို့ အားလုံး သူတို့ဖိုလည်း ဆုတောင်းမေတ္တာပို့သပေးရအောင်ဗျာ။
၂၀၀၈ ခုနှစ်ရဲ့  လူဖတ်အများဆုံးစာအုပ်များကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။

ယောက်ျားစစ်မစစ်စမ်းမယ် .....

သင်ကိုသင်ယောက်ျားစစ်မစစ်စမ်းချင်တယ်ဆိုရင်

စမ်းလို့ရတဲ့ဆိုဒ်လေးပါ   ပြီးရင်တော့ကျွန်တော့ကိုအပြစ်မတင်ပါနဲ့နော်

ကျွန်တော်လဲကြုံခဲ့ရလို့ပြန်တင်ပေးထားတာပါ


ဒီနေရာလေး    ကို ကလစ်လိုက်ပါနော်  အဆင်ပြေပါစေ

 

ဗေဒင်ကြည့်ရအောင်

ဗေဒင်မေးကြည့်ရအောင်နော် မှန်မမှန်တော့ယုံကြည့်မူပေါ်မူတည်ပါတယ်တွက်ကြည့်လိုက်ပါ .....အောက်မှာလဲဒါတိုက်မေးလို့ရအောင်တင်ပေးထားပါတယ်

အဆင်ပြေကြပါစေဗျာ



မြန်မာနိုင်ငံတွင် ဘ၀ကြင်ဖေါ်ရှာသည့် website တစ်ခုပေါ်ထွန်းလာခဲ့


online  တွင် မန်ဘာဝင်အချင်းချင်း မိမိအလိုဆန္ဒရှိသော အိမ်ထောင်ဖက်ကို ရွေးချယ်၍ invite ပြုလုပ်ကာ အဆင်ပြေသည် နှင့်တစ်ပြိုင်နက် ပြင်ပ၌ တွေ့ဆုံလေ့လာမှုများ ပြုလုပ်နိုင်မည့် ဘ၀ကြင်ဖော် ၀က်ဆိုဒ် တစ်ခုကို မြန်မာနိုင်ငံတွင်လည်း ပြုလုပ်လွှင့်တင်နိုင်လိုက်ပြီဖြစ်ကြောင်း သိရှိရသည်။
        အွန်လိုင်းမှနေ၍ ဘ၀ကြင်ဖော်ရှာသော ကိစ္စရပ်များကို အနောက်တိုင်း နိုင်ငံများတွင် တွင်ကျယ်စွာသုံးနေပြီဖြစ်သော်လည်း မြန်မာနိုင်ငံ၌မူ ယခုစနစ်မှာအဆင်ပြေရန်အချိန် ကြာမြင့်အုံးမည်ဖြစ်ကြောင်း သတင်းများလည်းကြားသိနေရသည်။ အဆိုပါ ၀က်ဆိုဒ်ကို တည်ထောင်ပြီး လပိုင်းအတွင်း၌  မန်ဘာဝင်ပေါင်း နှစ်ထောင်ကျော် ရှိနေပြီဖြစ်ပြီး ၀င်ရောက်ကြည့်ရှုသူအရေအတွက် စုစုပေါင်းမှာ နှစ်သိန်းနီးပါး ရှိလာခဲ့ပြီဖြစ်ကြောင်း လည်းသိရှိရသည်။ လက်ရှိအချိန်တွင် ၄င်းဝက်ဆိုဒ်သည် မြန်မာနိုင်ငံအတွင်း၌ ဘ၀ကြင်ဖော်ရှာပေးသော တစ်ခုတည်းသော ၀က်ဆိုဒ်ဝန်ဆောင်မှုလုပ်ငန်းအဖြစ် ရပ်တည်နေလျှက်ရှိကာ တရားဝင် မှတ်ပုံတင်ထားသေးခြင်းမရှိကြောင်း သတင်းကြားသိရသည်။

စိတ်ဖောက်ပြန်ရောဂါကို မြွေဟောက်၏အဆိပ်ဖြင့် ကုသနိုင်


ဆင်တစ်ကောင်ကိုပင် တုံးလုံး လဲကျသွားနိုင်အောင် ပေါက်သတ်နိုင်သော တောကြီးမြွေဟောက်၏ အဆိပ်သည် ဦးနှောက် ဒဏ်ရာရမှုကြောင့် ဖြစ်သော စိတ်ဖောက်ပြန်မှု ရောဂါဖြစ်စတွင် ကုသနိုင်ကြောင်း စင်ကာပူအမျိုးသား တက္ကသိုလ်မှ သုတေသီများက တွေ့ရှိခဲ့ကြသည်။ အဆိပ်အတောက် ကျွမ်းကျင်သူ မန်ဂျူနာသာကီနီက ဗက်တီးရီးယား ပိုးကြောင့်ဖြစ်သော အဆိပ်အတောက်သည် ကြွက်သား အာရုံကြောနှိုးဆွမှုကို ကာကွယ်ပေးခြင်းဖြင့် ကြွက်သားများ ကျဉ်းမြောင်းသွားမှုကို သက်သာစေကြောင်း ပြောသည်။



ထိုဆေးကို ခြောက်လမှ ရှစ်လ အတွင်းတစ်ကြိမ် ထိုးပေးခြင်းဖြင့် နို့တိုက် သတ္တဝါများတွင် ရှိသော NA-CHR (ပတ်ဝန်းကျင် ပြောင်းလဲမှုများကိုမှတ်သား၍ မိမိအာရုံကြောစနစ်တွင် လှုံ့ဆော်စေသောဆဲလ်)တွင် အကျိုးသက်ရောက်မှုရှိသည်ကိုတွေ့ရသည်။ သို့သော် ယခုအချိန်ထိ ထိုဆေးကို ကြွက်များနှင့်သာစမ်းသပ် သောအဆင့်တွင်သာရှိကြောင်း သိရသည်။

လူသားများတွင်ဖြစ်ပေါ်တတ်သော ဦးနှောက်ဒဏ်ရာကြောင့် စိတ်ဖောက် ပြန်မှုရောဂါကို ကုသနိုင်ဖွယ်ရှိကြောင်း ပါမောက္ခကီနီက ပြောပြသည်။

သွေးဗေဒင်


" A "သွေးပိုင်ရှင်များ ၏ထူးခြားချက်

သွေးအမျိုးအစားကို လိုက်ပြီး လူတွေရဲ့ စိတ်နေစိတ်ထားတွေကို
ခန့်မှန်းလို့လည်း ရပါတယ်..ဒီနေ့တော့ သွေးအုပ်စု လေးမျိုးထဲက
အေသွေးပိုင်ရှင်များရဲ့ စိတ်နေစိတ်ထားများကို ဖော်ပြပေးလိုက်ပါတယ်..

အေသွေးပိုင်ရှင်များရဲ့ စိတ်နေစိတ်ထားကတော့ အောက်ပါအတိုင်းပါ..
ငယ်စဉ်ဘ၀မှာတော့ သူတပါးကို စဉ်းစားပေးတယ်ဆိုတာ သိပ်မရှိခဲ့ဘဲ
ကိုယ်အတွက်ကိုသာ စဉ်းစားတတ်ကြပါသတဲ့... သူတပါးကို နောက်ပြောင်ရတာကိုလဲ
ကြိုက်နှစ်သက်ပါသတဲ့... ဒါပေမယ့် ကြီးပြင်းလာတာနဲ့ အမျှ ငယ်စဉ်က
စရိုက်သဘာဝများက တဖြည်းဖြည်း ပြောက်ကွယ်သွားပြီး သူများတကာတွေ
အံ့အားသင့်လောက်အောင် အေးဆေးတည်ငြိမ်တဲ့သူ ဖြစ်လာပါတယ်တဲ့...
အရွယ်ရောက်လာတဲ့ အခါမှာတော့ ကိုယ်လုပ်ရမည့် အရာအားလုံးကို တာဝန်သိစွာ
လုပ်ကိုင်တတ်သူများ ဖြစ်လာပါတယ်တဲ့... တခါတလေ ပတ်ဝန်းကျင် အခြေအနေ
မကောင်းတဲ့ အခါမှာ စိတ်လေလွင့်တတ်ပါတယ်တဲ့... အသစ်အဆန်းတွေကို
စမ်းသပ်လုပ်ကိုင်တာထက် ကျင့်သားရနေတဲ့ ပတ်ဝန်းကျင်မှာ အေးအေးချမ်းချမ်း
ကျင်လည်ရတာကို နှစ်သက်သူများ ဖြစ်ကြပါတယ်... အလုပ်တစ်ခုကို
လုပ်ပြီဆိုရင်လည်း အလျင်လိုတာမျိုး မရှိဘဲ အဆင့်လိုက် အဆင့်လိုက်
တဖြည်းဖြည်းချင်း ဖြေရှင်းတတ်တဲ့ စတိုင်လ် ပါ... သပ်သပ်ရပ်ရပ်
စေ့စေ့စပ်စပ်နဲ့ အလုပ်တစ်ခုကို ပြီးဆုံးအောင် လုပ်တတ်သူများပါ...

ဆရာ စံ-ဇာဏီဘို ၏ ၂၀၁၂ တစ်နှစ်စာ ၁၂ ရာသီဟောကိန်း



အိပ်ဆောင် ဗေဒင် စာအုပ် ။








Aries

March 21 - April 19
Download PDF




Taurus

April 20 - May 20
Download PDF




Gemini

May 21 - June 20
Download PDF




Cancer

June 21 - July 22
Download PDF




Leo

July 23 -
August 22
Download PDF




Virgo

August 23 -
September 22
Download PDF




Libra

September 23 -
October 22
Download PDF



Scorpio

October 23 -
November 21
Download PDF




Sagittarius

November 22 -
December 21
Download PDF




Capricorn

December 22 -
January 19
Download PDF




Aqaurius

January 20 -
February 18
Download PDF




Pisces

February 19 -
March 20
Download PDF

သနပ်ခါးနှင့် ပန်းသီး စားမိ၍ ကလေးရော ဖခင်ပါသေဆုံး




တစ်ကယ့်ဖြစ်ရပ်မှန်လေးတစ်ခုပါ …
အညာဒေသမှာ မိခင်က သူမ၏ကလေးငယ်ကို သနပ်ခါးလိမ်းပေးပြီး သနပ်ခါးတွေ ပေကျံနေသောလက်ဖြင့် ပန်းသီးခွံ့ကျွေးလိုက်လေသည်။
ထိုကလေးငယ်သည် ထိုပန်းသီးစားပြီးသောအခါတွင် ချက်ခြင်းပင်သေဆုံးသွားလေသည်။
ဖခင်ဖြစ်သူကလည်း သနပ်ခါးနှင့် ပန်းသီးမတည့်သည်ကို မယုံသင်္ကာဖြစ်ပြီး ပန်းသီးကို သနပ်ခါးနှင့် လူးပြီးစားကြည့်လေသည်။
စားပြီးခဏ၌ပင် ဖခင်ပါသေဆုံးသွားလေတော့သည်။
စာဖတ်သူမိတ်ဆွေ သူငယ်ချင်းများအားလုံး သိရှိစေရန်ရည်ရွယ်မျှဝေလိုက်ပါသည်။
အားလုံးပဲ သတိပြုဆင်ခြင်နိုင်ကြပါစေ။

ဖုန်းအလကားပြောချင်သူများအတွက် ဆော့ဝဲကောင်းလေးတစ်ခု Viber(နည်းပညာ)




ဒီဆော့ဝဲလေးကတော့ အသုံးတည့်လို့  သုံးနေကြသူတွေ အများကြီးရှိပါတယ်

မသိသေးသူတွေ သုံးရအောင် ထပ်ဆင့်မျှဝေလိုက်ပါတယ် ။ ဖုန်းထဲမှာ Viber

ဆော့ဝဲထည့်ထားရင်  ဆော့ဝဲရှိတဲ့ ဖုန်းအချင်းချင်း Gtalk ပြောသလိုပြောလို့ 

အဆင်ပြေတယ် ။အင်တာနက်တော့ ချိတ်ထားရမယ် ။  အဲ့ဆိုရင်  ဖုန်းထဲက

ပိုက်ဆံ  စားမသွားဘူး ။