မင်္ဂလာပါဗျာ ဝေယံအိမ်သစ်လေးမှ ကြိုဆိုပါတယ် ဒီကနေ့ဟာပျော်ရွှင်စရာနေ့လေးဖြစ်ပါလို့ဆုတောင်းလိုက်ပါတယ် ကျွန်တော့အိမ်သစ်ကလေးဟာ တော်လို့တတ်လို့ ပြုလုပ်ထားခြင်းမဟုတ်ပါ လေ့လာသင်ယူရင်းနဲ့ ဖြန့်ဝေမူများလုပ်နေခြင်းဖြစ်ပါသည် အားလုံးကိုကျေးဇူးတင်ပါတယ်

Friday, November 9, 2012

လွတ်လတ်ပျော်ရွှင် အောင်ပွဲဝင် (ပညာရေးယတြာ)





ယတြာ၏ဥပဒေသ

မည်သည့်နေ့သားသမီးမဆို မိမိတို့ မွေးနေ့မှ ဘုမ္မိအရပ်( လေးခုမြောက်ဒေါင့်) မှ ဆပွတ်(၆-ခုမြောက်)ကျသော အပင်၏အရွက်ကို ဆောင်ထားခြင်းဖြင့် ကံ ၊ ညာဏ် ၊ ၀ိရိယ ဤသုံးပါတို့ ထက်မြက်သည်ဟု ဆိုသည်။ စာကြည့်စားပွဲတွင် ဆောင်ထားနိုင်သည်။ ပလပ်စတစ်လောင်း၍ ဆောင်ထား တင်ထားနိုင်ပါသည်။ သစ်ရွက်ခူးသောအခါတွင် မည်သည့်နေ့တွင်မဆို ဆောင်ရွက်နိုင်သည်။ အနာအဆာကင်းသည့် သစ်ရွက်ကို အညှာပါအောင် ခူးယူပါ။ သစ်ရွက်ကို ခူးယူသောအခါတွင် ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်နိုင်ခြင်း မရှိပါက မိသားစုဝင် တစ်ဦးဦးမှ ဆောင်ရွက်ပေး၍ ရသည်။

ယတြာ၏အကျိုးကျေးဇူး

အထူးသဖြင့် ပညာသင်ကြားဆဲ ကျောင်းသူကျောင်းသားများတွင် ဖြစ်တတ်သော ကံနိမ့်ခြင်းကြောင့် ပညာရေးညံ့ခြင်း၊ အပေါင်းအသင်းကြောင့် နာမည်ပျက်ခြင်း ၊ ဆရာငြိုငြင်ခံရခြင်း ၊ ကျောင်းသွားကျောင်းပြန် လမ်းခရီး ဘေးဥပ္ပါဒ်ကြုံရခြင်း ၊ စာမေးပွဲဖြေဆိုခါနီးတွင် ကျန်းမာရေးညံ့ခြင်း ကင်းဝေးစေသည်။ ထို့အပြင် စာကို စိတ်ဝင်စားလာမည်။ ၀ိရိယကောင်းလာမည်။ စာကြည့်ချိန် မြဲလာမည်။ ထိထိမိမိ လုပ်ကိုင်ကြိုးစားလာမည်။ တက်ကြွခြင်း၊ ရွှင်လန်းခြင်းဖြင့် ကြိုးစားအားထုပ် လာမည်။ အောက်တွင် နေ့သားအလိုက် ဘုမ္မိအရပ်နှင့် ဆောင်ရန်အညွန့်များကို ဇယားဖြင့် ဖော်ပြပေးလိုက်ရပါတယ်။

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQziJgxvBz3B51jK2BFuphe7vGoov7p9kyeUI3xpWaXtjPl98U2tVecWgE4bFD9hFKco5xD7D6xigQ9hJcNsDm28bELm3cbPTiDK2v23mM3FRvdEcB_ROyqLvNLXuMo6QBvfVqlBZ62aGZ/
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGOYQeMZGhUixGTssTj7je6OGp2kLNC_Kgau8eXeAeQnlcWV_UDOw28A651nhom72TVYkUCU-7BuhedoU4XeKJ82fxOiZHnu-sPeBDsjur-ftFvaP4kvGUeeKuXk0lQpYnICaBe8TFoZFb/
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgj8UnODse53mhSg6eGJH5V_2dRxHUTbxooONEeyMqj1jvJW9MVLUDW6vGtqvbgRZY6X_6f221KP0MkM7dELnS2tO7TZ3fSWZO7T8Fk3uqQ5XatWQBk6FhUnT9NFPZzbwiGCDdHdqs23oKk/

သင်တို့၏အကျိုးကိုထာဝစဉ်လိုလားသော
ဆရာဟိန်းတင့်ဇော် (ထိုင်းနိုင်ငံ-မဟာချိုင်မြို့)
စာလုံးပေါင်းသတ်ပုံတော့ စစ်ဖို့ အချိန် မရတော့ပါ။ အမှားပါက ပြင်ဆင်ဖတ်ပေးကြပါရန်

No comments:

Post a Comment