အနေနီးလို့ ဖြစ်သွားတယ်ဆိုတာ
စိတ်မခိုင် စိတ်ယိုင်တတ်သူတွေအတွက်
အမြဲဟောမယ့် တရားသဘောကြီးပါ............................။
ခုတော့ငါသိသွားပြီ
အချစ်မှာ.....................
အပြောင်းလည်းတွေများသလို
အချိုးကွေ့ တွေလည်းပေါတယ်
အတိမ်အနက် ခန့် မှန်းရခက်သလို
အနုတ်အသိမ်းလည်း မြန်တတ်တယ်ဆိုတာကိုပေါ့..............................။
တစ်ပြီးရင် သုံးမလာသလို
ချစ်ပြီးရင်လည်း အမုန်းမပါဘူးဆိုတာ
16 နှစ်လောက်တုန်းက ပဲပြောလို့ ကောင်းတာပါ................................။
တကယ်တော့ ယုံကြည်မှုဆိုတာ
အချိုးကျကျဖွဲ့ တည်ထားတဲ့
သဘာဝဗေဒပု စ္ဆာတစ်ပုဒ်
ရှုပ်တာကို မဟုတ်တာနဲ့ ပေါင်းပြီး
အီစီကလီမာယာသီအိုရီအရ
Equation ချဖို့  မကြိုးစားနေပါနဲ့  တော့.............................။
ခွင့်ပြုတယ်ခွင့်လွတ်တယ်ဆိုတာ
သီချင်းထဲမှာပဲ ဆိုလို့ ကောင်းသလို
ဇာတ်သိမ်းပိုင်းတိုင်း
ညားစေခိုင်းတာလည်း
ဇာတ်လမ်းထဲမှာပဲ သဘာဝကျတာပါ.................................။
ဖြစ်ခဲ့ပြီးမှ တောင်းပန်တယ်ဆိုတာ
အကြောင်း မမှန်သူတွေအတွက်
အဆင်ပြေတဲ့ ဆင်ခြေတစ်ခုပဲ
ဆောရီးပါ......ချစ်သူ
ယုံကြည် မပေးနိုင်တဲ့အတွက်
ဝမ်းလည်းမနည်းနဲ့  စိတ်လည်းမဆိုးနဲ့ ........................။
တစ်ခုလုံးမရလို့ တစ်ဝက်ပဲ ယူမယ်ဆိုတဲ့အထဲမှာ
င.. ရေးချ ငါက
မပါရေးချ ...မပါတာတော့
သိတ်စိတ်ပျက်ဖို့ ကောင်းတာပဲ
အများကြီး မရှိတာထက်စာရင်
နဲနဲလေး ရှိနေတာကပိုကောင်းတယ်ဆိုတာ
ပိုက်ဆံကိုပဲ ပြောတာ..............................။
ပြီးခဲ့တာတွေလည်း ပြီးပါစေတော့
မချိုမြိန်တော့တဲ့
သက္ကရစ်တွေနဲ့ 
အနားအက်ပြီး
ခါးသက်နေတဲ့ နေ့ ရက်တွေကို
နောက်ပြန် မကြည့်ချင်တော့ဘူး
အဆုံးသတ်သိနေတဲ့ ဇာတ်လမ်းလိုပဲ
ရင်ခုန်စရာမှ မကောင်းတော့တာ.......................။
ခုတော့လည်း
"သက်ရောက်မှုတိုင်းမှာ
တန်ပြန်သက်ရောက်မှုရှိသည်" ဆိုတဲ့
နယူတန်ရဲ့ သီအိုရီကြီးက
ဒဿဂီရိနဲ့ ငါ့အတွက် မှားနေပေမယ့်
" မဖြစ်နိုင်တာ မရှိ " ဆိုတဲ့
နပိုလီယံရဲ့ အဘိဓာန်က
ချစ်တတ်သူတွေအတွက်
သိတ်မှန်တဲ့ ၀ါကျ တစ်ကြောင်းပဲ
ဘာလို့ လည်းဆိုတော့
ချစ်တဲ့သူကို မေ့ နိုင်ဖို့ ဆိုတာ
ဘယ်တော့မှ မဖြစ်နိုင်လို့ ပေါ့............................။
ဘာပဲဖြစ်ဖြစ်ပေါ့ဟာ
နင်နဲ့ ငါရဲ့ဇာတ်လမ်းဟာ
အာဇာနည်ဆိုဆိုနေတဲ့
ယဉ်ယဉ်လေးရူးလောက် မထူးသလို
ဇော်ပိုင်ပြောပြောနေတဲ့
မဆုံသောလမ်းလောက်လည်း မဆန်းပါဘူး..........................။
စိတ်မကောင်းတာ တစ်ခုပါပဲ
အိမ်ပြန်ချိန်စောသွားတဲ့
ငါတို့ ရဲ့ အချစ်ငှက်ငယ်လေးအတွက်
ဒီဘ၀ ဒီလိုအဖြစ်မျိုးတွေ
နှိဗ္ဗာန်မရောက်မှီစပ်ကြား
သုံးဆယ့်တစ်ဘုံမှာကျင်လည်နေသ၍
ဘယ်ကမ္ဘာ....ဘယ်အခါ... ဘယ်နေရာမှာမှ
မဆုံပါရစေနဲ့ လို့ ......................................................။
မောင်(ခေတ္တလူ့ ပြည်) 14th December 2011
No comments:
Post a Comment