ဝေးကြ ပြီဆိုမှတော့
ဘယ်ခေါင်းစဉ်တပ်ပြီး
ဘာစာတွေပဲရေးရေး
ရင်နာခြင်းတွေနဲ့ 
အလွမ်းတွေပဲပြည့်နေပါတယ်ချစ်သူ......................။
ခိုင်မာခဲ့တဲ့ တွဲလက်တွေ
ကွဲအက်မသွားတော့ဘူးလို့ 
ယုံကြည်လာခဲ့ပြီးမှ
ခေါင်းစဉ်ရှာ မရတဲ့ပြဿနာတွေနဲ့ 
ရှင်းမရအောင် ရှုပ်လာခဲ့ရတယ်.......................................။
အမုန်းတွေဆို အရှုံးတွေပို
အပြုံးတွေငိုလာတဲ့
မျော်လင့်ချက်မနက်ဖြန်တွေအကြောင်း
ငါမစဉ်းစားချင်တော့ဘူး...................................။
ပေးလိုက်တဲ့စာနဲ့  ရလာတဲ့သတင်းတွေက
အတင်းတွေမဟုတ်ဘူးဆိုတာ
နင်ကိုယ်တိုင်ရေးလာတဲ့စာရမှ
ငါယုံကြည့်လိုက်တော့တယ်...........................................။
လမ်းအတူလျှောက် ၊ ဈေးအတူရောက်
ငါတို့ ရဲ့မျော်လင့်ခြင်အိမ်မက်တွေကိုခေါက်ပြီး
ဘ၀ပန်းခင်းကိုပျော်ပျော်ကြီးနင်း၇ဲနေမှတော့
ငါဘက်ကအယူခံဝင်နေလည်း
ပယ်ချခံနေရမှာသိနေပြီလေ
သေမိန့် ပေးခံထားရပြီး
မျော်လင့်ချက်ပျောက်သွားတဲ့
ဘ၀ကိုငါမလိုချင်ပဲရောက်နေမှတော့
ဖူးမျှော်ခွင့်လာ မတောင်းတော့ပါဘူး.........................................။
ဇာတ်လမ်းတွေဘယ်လိုဆင်ရေးရေး
စာရေးသူတစ်ယောက်ရဲ့ နောက်ကွယ်က
အတ္တကတော့ပါလာစမြဲပါပဲ
ဝေးကွာခြင်းဆိုတဲ့ ဒုက္ခကို
နင်မခံစားနိုင်မှတော့
တွေ့ ရာလူနဲ့ သာယာနေတတ်တာ
အဆန်းဟုတ်တော့မယ်မထင်ပါဘူး....................။
နင်ခိုင်းနှိုင်း ပြတဲ့ဥပမာတွေထဲမှာ
မိန်းမကောင်းမိန်းမမြတ်အင်္ဂါ
တစ်ခုမှငါရှာမရဘူး
မိန်းကလေးဆိုတာလက်သာယာမှနေချင်တာ
အနေနီးစပ်လို့ ဖြစ်သွားတယ်ဆိုတာတွေ
ရှိတော့ရှိနေပါတယ် ကြားလည်းကြာဖူးပါတယ်.........................။
ဒါပေမယ့်လည်း ယောက်ျားသေသွားလို့ 
နောက်လူအစားမထိုးဘဲ
ဘ၀ကို မာန်မာန အပြည့်နဲ့ ရဲရဲ ရင်ဆိုင် လျှောက်လှမ်းနိုင်တဲ့
သစ္စာရှင်မိန်းမမြတ်တွေလည်းရှိနေပါသေးတယ်..........................။
အနှိမ်ခံဘ၀နဲ့ လူမျိုးရေးခွဲခြားတဲသူဌေးတွေက
ငါတို့ ဘ၀ကို နေ့ စဉ်သာယာမှုမပေးဘူးလေ
ပညာတော်သင်သွားတဲ့သူတွေလိုတော့
နေ့ စဉ်စာရေး ဖုန်းဆက်မမေးနိုင်ခဲ့တာ
ငါ့ဘ၀ရဲ့ ဆိုးရွားလှတဲ့ ကံပေါ့...................................။
တကယ်တော့ အချစ်ဆိုတာ
အနေနီးခြင်းဝေးခြင်းကြောင့်
အရောင်တွေပြောင်းတတ်မှန်း
ငါအခုမှပဲသိရတယ်
သစ္စာဖောက်တယ်သိနေမှတော့
ဘယ်ခေါင်းစဉ်တတ်ပြီး ဘာအကြောင်းမှ လာမရေးပြပါနဲ့ ..........။
တကယ့်ဘ၀ဆိုတာက
နင်ကြည့်ဘူးတဲ့ ကိုရီးယားကားတွေလို
နင်ကြားဘူးတဲ့ အာဇာနည်သီချင်းလို မဟုတ်ဘူးဟ
ခွင့်ပြုတယ် ခွင့်လွတ်တယ်ကို ငါမခံစားတတ်တော့
သေလောက်အောင် ချစ်နေမိလည်း
ဒီဘ၀ ဒီမျှနဲ့ ပဲ ရှိပါစေ......................................။
မောင်(ခေတ္တလူ့ ပြည်) 18 ၊ December ၊ 2011
No comments:
Post a Comment