မင်္ဂလာပါဗျာ ဝေယံအိမ်သစ်လေးမှ ကြိုဆိုပါတယ် ဒီကနေ့ဟာပျော်ရွှင်စရာနေ့လေးဖြစ်ပါလို့ဆုတောင်းလိုက်ပါတယ် ကျွန်တော့အိမ်သစ်ကလေးဟာ တော်လို့တတ်လို့ ပြုလုပ်ထားခြင်းမဟုတ်ပါ လေ့လာသင်ယူရင်းနဲ့ ဖြန့်ဝေမူများလုပ်နေခြင်းဖြစ်ပါသည် အားလုံးကိုကျေးဇူးတင်ပါတယ်

Wednesday, November 14, 2012

သတိထားမိသောနာမည်များအကြောင်း
















ဒီဆောင်းပါးနဲ့ပတ်သက်လို့ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်နစ်နာစေလိုသော စိတ်ဆန္ဒအလျင်းမရှိပါ ကြောင်းဦးစွာ ပြောကြားထားလိုပါတယ်။ နာမည်အချို့ နဲ့ ပတ်သက်လို့ .အကျိုးအပြစ် ပြုတတ်ပုံလေးတွေကို တင်ပြပေးခြင်းသာဖြစ်ပါတယ်။ မှန်၏ မှန်၏ ဆိုတာကိုတော့ မိမိကိုယ်တိုင်နဲ့မိမိပတ်ဝန်းကျင်ကိုလေ့လာကြည့်ပြီး သိရှိနိုင်ပါလိမ့်မယ်။ အဓိကကတော့ ...ကာယကံရှင်ကိုယ်တိုင် ကိုယ့်ကိုယ်ကို အဖြေရှာရခက်ပြီး...နားမလည်နိုင် အောင်ဖြစ်နေတဲ့ အချို့ သောဘ၀အစိတ်အပိုင်းများ ဟာ နာမည်ကြောင့်များဖြစ်နေခဲ့ရင် ပြုပြင်နိုင်စွမ်း ကာကွယ် နိုင်စွမ်းရှိစေနိုင်ဖို့နဲ့....အရွယ်မရောက်သေးတဲ့ကလေးတွေကို နာမည်မှည့်ခေါ်ပေးရာမှာ သတိပြုစေနိုင်ဖို့ ရေးသားပေးလိုက်ရခြင်းဖြစ်ပါတယ်။ အများစုနားလည်နိုင်အောင် ...ဗေဒင်ဝေါဟာရတွေ အတတ်နိုင်ဆုံးလျော့ချ ပြီး....လိုတိုရှင်းနားလည်လွယ် စနစ်နဲ့ရေးသားဖော်ပြပေးအပ်ပါသည်ခင်ဗျား။



(နှင်း)

မြန်မာလူမျိုးတော်တော်များများ မှည့်လေ့ရှိတဲ့ နာမည်တစ်ခုပါပဲ။ နှင်း ဆိုတဲ့ ပညတ်ဟာ မိန်းကလေးအများစု မှည့်ခေါ်တတ်ကြတာကိုတွေ့ရပါတယ်။ နငယ် ဟာ အသားရောင်မည်း သူတွေ နဲ့ ကိုက်ညီမှုပိုမိုရှိတဲ့ဟေဌအုပ်စု ၀င်အက္ခရာတစ်မျိုးဖြစ်ပြီး၊ အများစုသော မြန်မာတို့ကတော့ အသားဖြူလေ နှင်းဆိုပြီးမှည့်လေလေပါပဲ။ နငယ်ကို ဟထိုးသရနဲ့ ငသတ်ပေါင်းစပ်ပြီး ဖြစ်တည်လာတဲ့ နှင်း ဆိုတဲ့ ပညတ်ဟာ ...မိန်းကလေးအများစုကို .. ကာမအမှောင်အတွင်း တွန်းပို့နေတဲ့ ပညတ်တစ်ခုလို့ ဆိုရပါမယ်။ စာရေးသူအတွေ့အကြုံအရ နှင်း ဆိုတဲ့ပညတ် နဲ့နာမည်ကို အစပြုမှည့်ခေါ်ထားသော........ဥပမာအားဖြင့် နှင်းနှင်းလွင်၊ နှင်းမြအေး၊ နှင်းရတနာ၊ နှင်းပွင့်ဖြူ... စသည်ဖြင့်သောနာမည်ရှင်များ ..ဟာ၊ ဘ၀မှာ လက်မထပ်မီ ..အမျိုးသားနဲ့ ကျုးကျုးလွန်လွန်ဖြစ်စေရန် အလွန် အခွင့်အလမ်းများတာကို တွေ့ရပါတယ်။ အသားဖြူ ရင် ...ပိုပိုပြီးသေချာလာပါတယ်။ အားလုံးလို့ မဆိုလိုချင်သေး ပေမယ့် ဒီယနေ့ထိတွေ့မိသမျှနဲ့ အကြောင်းသိမိခဲ့ရသမျှ အဆိုပါနာမည်ရှင်တွေဟာ ..လက်မထပ်မီမှောက်မှားမိ တာမျိုးကို မကင်းတတ်ကြတာတွေ့ရပါတယ်။ ဒီ့ထက်ဆိုးဆိုးရွားရွားတွေလည်း အများအပြားတွေ့ရသော်လည်း .. မရေးလိုသဖြင့်ချန်လှပ်ထားခဲ့ပါတယ်။ အဓိကကတော့ အသားအရောင် ၀ဏ္ဏလွဲမှားပြီး ဟထိုးသရတပ်ပေးလိုက် တာဟာ...ဒီပညတ်မှာ အပြစ်သင့်နေတယ်လို့ စာရေးသူအနေနဲ့ယူဆမိပါတယ်။

(မီမီ၊ မီးမီး)..........................

မ အက္ခရာ ကို လုံးကြီးတင်ဆံခတ်သရ ( -ီ ) နဲ့ တွဲပြီး မှည့်ထားတဲ့ မီ ဆိုတဲ့ အမည်ဟာ...လည်း မိန်းကလေးတွေနဲ့ တော်တော်ပြသနာများတတ်တဲ့ နာမည်တစ်ခုဖြစ်ပါတယ်။ ပတ်ဝန်းကျင်ရဲ့ မကောင်းပြောတာကို ခံရဖို့ ..အလွန် သေချာပြီး ဒီအမည်ကလည်း အသားဖြူလေလေ ..ဒုက္ခပိုမိုပေးလေလေပါပဲ။ ဗိုင်းကောင်းကျောက်ဖိနေတတ်ပြီး၊ မိဘလူကြီးအသိုက်အ၀န်းကောင်းတာတောင် အပြစ်ပြောခံရဖို့မလွတ်ပါဘူး။ အထူးသဖြင့် မီထက်..မီးမီး ဆိုတဲ့ နာမည်ဟာ ပိုမို ပြသနာပေးပါတယ်။ ပတ်ဝန်းကျင်က မကောင်းဘယ်လိုပြောပြော အမည်ရှင်တွေကလည်း ဂရု ကိုမစိုက်ပဲ...ကိုယ်ထင်ရာကိုကိုယ် ဇွတ်တရွတ်လုပ်လေ့ရှိတတ်ကြတာကို အမြဲတွေ့ ရတဲ့အမည်ပါပဲ။ မူလမဟာ ဘုတ်မှာ အင်္ဂါဂြိုဟ်နဲ့ တနင်္ဂနွေဂြိုဟ်တို့ အနေအထားညံ့ ဖျင်းတာ၊ နာမည်နဲ့ ပက္ခမိနေတာများ ရှိခဲ့ရင် သက်ဆိုင် ရာအမည်ရှင်ကို တစ်ဘ၀လုံးလိုက်ပြီး အရှက်ခွဲတတ်တဲ့အမည်လို့ဆိုချင်ပါတယ်။

( မြင့်...)

အမျိုးသားကော အမျိုးသမီးပါ အမှည့်များတဲ့ ဒီနာမည်ဟာလည်း ...တော်တော်လေးကို ဒုက္ခများတဲ့နာမည်တစ်ခု ပါပဲ။ အသားအရောင်အမဲရောင် အညိုရောင်ကိုကြိုက်ပြီး ပညတ်သဘောအရ အရပ်မြင့်မြင့်လူတွေသာ မှည့်အပ် တဲ့ ဒီအမည်ဟာ ...၊ အမည်အရင်းစာလုံးကို မြင့်နဲ့မှည့်ပြီး ..ဥပမာအားဖြင့် (မြင့်မြင့်နိုင်၊ မြင့်သူ၊ မြင့်ခိုင်၊ မြင့်မြင့်ကြည်) စသည်ဖြင့်မှည့်ထားပြီး....အရပ်ပုပု ဖြစ်ခဲ့မယ်ဆိုရင် ...ဘ၀မှာ ဗြုန်းကနဲနိမ့်ကျတတ်တဲ့ကံတရား မျိုးကို စရံသတ်ထားသလိုပါပဲ။ အရပ်ပုလေလေ ကံအကျိုးပေး ယိမ်းယိုင်တတ်လေလေမို့ သတိထားပြီးမှည့်သင့် တဲ့ နာမည်မျိုးပါ။ အသားဖြူလေလေ ..အိမ်ထောင်ရေးမှာ ဆိုးကျိုးပေးလေလေပါပဲ။ အသားညိုသူမည်းသူများ အဖို့ တနင်္ဂနွေဂြိုဟ်လည်း အားကောင်းခဲ့မယ်ဆိုရင်တော့ အိမ်ထောင်ရေးမှာ ..ပြသနာမပေါ်ပဲ ..ကောင်းကျိုးပေး တတ်ပေမယ့် ...၊ အသားဖြူပြီး အရပ်ပုပုနဲ့ တနင်္ဂနွေဂြိုဟ်ပါ အင်အားနဲပါးခဲ့မယ်ဆိုရင်တော့ အိမ်ထောင်ရေးမှာ ကံခေကြပါတယ်။ စာရေးသူ မွေးရပ်မြေမှာ မြင့်နဲ့မှည့်ထားပြီး အသားဖြူဖြူ အရပ်ပုပြတ်ပြတ် မောင်နှမတစ်သိုက် နဲ့ အိမ်နီးနားချင်းဘ၀ ဖြစ်ခဲ့ဖူးပါတယ်။ သူတို့မောင်နှမတစ်တွေဟာ ရုပ်ရည်အဆင်းအပြင် သန့်ရှင်းစင်ကြယ်ကြ ပြီး..ဖြူဖြူဖောက်ဖောက် နဲ့ တရုပ်ကပြားတွေလားတောင်ထင်မှားရပါတယ်။ တူညီတာတစ်ခုကတော့ အားလုံးရဲ့ နာမည်ကို မြင့် နဲ့ စပြီးမှည့်ထားကြပြီး အားလုံး အိမ်ထောင်ရေးကံဆိုးကြတာပါပဲ။ ဘာပဲဖြစ်ဖြစ် သတိထားသင့် တဲ့ ပညတ်တစ်ခုမို့ တင်ပြပေးလိုက်ရပါတယ်။

(စိုး)

.. အမျိုးသားကော အမျိုးသမီးပါ အမှည့်များတဲ့ စာလုံးတစ်ခုဖြစ်ပါတယ်။ အသားဖြူမှ အကျိုးပေးဖြောင့်ဖြူး မှုပိုမိုရရှိပါတယ်။ အသံသြဇာရှိရင် နောက်ထပ်ကံအကျိုးပေးပိုမိုကောင်းမွန်တယ်လို့ဆိုပါတယ်။ အသားညိုသူ မည်းသူများမှာ အိမ်ထောင်ရေးမှာ ..အခက်အခဲမကင်းတတ်သလို ၊ စီးပွားရေး လူမှုရေးမှာလည်း ...ခဲရာခဲစစ်အ နေအထားအချို့ ရင်ဆိုင်ရမယ်လို့ ဆိုပါတယ်။ လက်တွေ့လေ့လာကြည့်တော့လည်း တော်တော်များများတိုက် ဆိုင်နေတာကိုတွေ့ရသလို..စိုး ဆိုတဲ့ နာမည်အစပြုမှည့်ခေါ်ထားသော စိုးအောင်၊ စိုးမင်း၊ စိုးစိုးသန့်၊စိုးဝတ်ရည်. စသည်ဖြင့်နာမည်ရှင်တွေမှာ ..အသားညိုသူမည်းသူဖြစ်ခဲ့ရင် ဘ၀ခရီးပိုမိုကြမ်းတမ်းတတ်ပါတယ်။ မိန်းကလေး တွေမှာ ဒီနာမည်အစပြုမှည့်ထားရင် အပျိုကြီးဖြစ်ချင်ဖြစ် မဖြစ်ရင် အမျိုးသားများနဲ့နင်လားငါလား နေတတ်တဲ့ စရိုက်မျိုး ရလာကြတာကို အထူးသဖြင့်တွေ့ရတတ်ပြီး၊ အမျိုးသားကော အမျိုးသမီးကော အားလုံးဟာ .... မာနကြီးပြီး အထီးကျန်ရတဲ့ စိတ်ခံစားချက်တွေကို ပိုင်ဆိုင်ရတတ်တဲ့သဘာဝကို အများအပြားတွေ့ရပါကြောင်း။

ဆက်လက်ပြီး ရေးသားတင်ပြပေးသွားပါဦးမယ်။
ချမ်းမြေ့ကြပါစေ။
ကိုစိုးမိုးထွန်း (ဗေဒင်ပညာသုတေသီ)

No comments:

Post a Comment