မင်္ဂလာပါဗျာ ဝေယံအိမ်သစ်လေးမှ ကြိုဆိုပါတယ် ဒီကနေ့ဟာပျော်ရွှင်စရာနေ့လေးဖြစ်ပါလို့ဆုတောင်းလိုက်ပါတယ် ကျွန်တော့အိမ်သစ်ကလေးဟာ တော်လို့တတ်လို့ ပြုလုပ်ထားခြင်းမဟုတ်ပါ လေ့လာသင်ယူရင်းနဲ့ ဖြန့်ဝေမူများလုပ်နေခြင်းဖြစ်ပါသည် အားလုံးကိုကျေးဇူးတင်ပါတယ်

Friday, November 16, 2012

၂၀၁၂ ဒီဇင်ဘာလ ၂၁ရက်နေ့ မတိုင်မှီ ဖြစ်ပေါ်လာနိုင်သည့် ကမ္ဘာကြီး၏ မျက်နှာပြင်အား ၀င်တိုက်ခဲ့သည့် ဂြိုလ်ကြီးတလုံးကြောင့် ၊ ဖြစ်လာမည့်သက်ရောက်မှုများ-

Nasa Warns Of Super Solar Storm 2012 - 2013 & Andromeda - Doc 

 ၂၀၁၂ ဒီဇင်ဘာလ ၂၁ရက်နေ့ မတိုင်မှီ ဖြစ်ပေါ်လာနိုင်သည့် ကမ္ဘာကြီး၏ မျက်နှာပြင်အား ၀င်တိုက်ခဲ့သည့် ဂြိုလ်ကြီးတလုံးကြောင့် ၊ ဖြစ်လာမည့်သက်ရောက်မှုများ-

 

 

----------------------------------------------------------------------------------------------------------


 
Springfield College မှာ ပညာသင်ကြားပို့ချနေစဉ်တုန်းက
တပည့်ကျောင်းသားတစ်ဦးရဲ့ “ ပျောက်ဆုံးသွားတဲ့ ကမ္ဘာ့တိုက်ကြီးများ “
အကြောင်းမေးခွန်းကနေစတင်ခဲ့တဲ့ စိတ်ဝင်စားမှုကြောင့် အပြင်းအထန်
စတင်သုသေသနပြုခဲ့ရင်း 1958 မှာ “The Earth's Shifting Crust “
(ကမ္ဘာမြေကြီးရဲ့ ရွေ့လျားနေသော အတွင်းပိုင်းလွှာ) ဆိုတဲ့
စာအုပ်ကိုရေးသားထုတ်ဝေခဲ့ပါတယ်။

သူ့ရဲ့အဆိုအရကတော့ ကမ္ဘာကြီးရဲ့ အတွင်းပိုင်းအလွှာတွေထဲမှာ ချော်ရည်များရဲ့
အပူရှိန်လွန်ကဲခြင်း ဓါတုဗေဒပေါက်ကွဲမှုများဖြစ်ခြင်းစသည်တို့ကြောင့်
ကမ္ဘာ့ဗဟိုက သံလိုက်လုံးကြီးဟာ တစ်ခါတရံ မူလအနေအထားကနေ
အနည်းငယ်ရွေ့လျားသွားနိုင်ပါတယ်
အဲ့ဒိလိုဖြစ်သွားတဲ့အခါမှာ သံလိုက်ဝင်ရိုးစွန်းတွေရဲ့ အနေအထားကလဲ
ပြောင်းလဲသွားပါတယ်။

ဒီလို ပြင်းထန်လွန်းတဲ့ သံလိုက်ဓါတ်ရဲ့ ဆွဲငင်မှု အနေအထား ပြောင်းလဲသွားတာ
နဲ့ ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေကတော့ ကမ္ဘာ့မျက်နှာပြင်ပေါ်မှာ ရှိသမျှ
အဆောက်အအုံဆိုတာတွေရဲ့ ခံနိုင်မှုဆိုတာထက် အဆပေါင်းများစွာ ပြင်းထန်တဲ့
ငလျင်တွေ လှုပ်မယ်
ပင်လယ်ရေမျက်နှာပြင်ဟာ ပေ သောင်းနဲ့ချီမြင့်တဲ့ လှိုင်းလုံးကြီးတွေကို
ခေါ်ဆောင်လာပြီး ကုန်းမြေပေါ်မှာ ရှိသမျှ သက်ရှိသက်မဲ့ အရာအားလုံးကို
ရိုက်ခတ်ဖျက်ဆီးပြီး ဆွဲငင်နှစ်မြှုပ်သွားလိမ့်မယ်
မြေမျက်နှာပြင်တွေဟာ ပြောင်းလဲသွားတဲ့ သံလိုက်စက်ကွင်း (Polar Shifting)
ရဲ့ အနေအထားပေါ်လိုက်ပြီး ကုန်းမြေပြတ်ရွေ့ခြင်း
တွေစတင်ဖြစ်ပေါ်လာပါလိမ့်မယ် လို့ သူက သုံးသပ်ပြောကြားခဲ့ပါတယ်။



ဒီလို ဖြစ်ခဲ့ဖူးတာ အကြမ်ကြိမ်ရှိပြီလို့လဲ သူကဆိုပါတယ်။
9,600 BCE လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၆၀၀၀ ကျော်ခန့်ကလဲ ကမ္ဘာ့ဝင်ရိုးစွန်းဟာ
၁၅ ဒီဂရီထိ ရွေ့လျားသွားခဲ့တဲ့အတွက် “ ပျောက်ဆုံးသွားသော Atalantis “
လို့ခေါ်ကြတဲ့ Antarctica တိုက်ကြီးတစ်ခုလုံး ရေအောက်ကို
ရောက်သွားခဲ့တယ်လို့ သိပ္ပံပညာရှင်များအားလုံးက လက်ခံထားကြပါတယ်။
အဲ့ဒိလို မဖြစ်ခင်တုန်းက Antarctica တိုက်ကြီးဟာ သာမန်အပူချိန်နဲ့
ကုန်းမြေတစ်ခုဖြစ်ခဲ့တယ်ဆိုတာကိုလဲ ရှေးဦးလူသားတို့ ဆွဲထားခဲ့တဲ့
ကမ္ဘာ့မြေပုံတွေကို ကိုးကားပြီး သူက သက်သေပြခဲ့ပါတယ်။

ကမ္ဘာကြီးဟာ ဒီလိုအဖြစ်မျိုးနဲ့ အကြီးအကျယ်ကြုံရပြီး
သက်ရှိမျိုးနွယ်တွေအားလုံးသေကြေပျက်စီးခြင်းကိုရောက်ရှိသွားတဲ့အခါကို “
ကမ္ဘာပျက်ခြင်း “ လို့ခေါ်ပါတယ်။
ပြီးတော့မှ ပြန်လည် ငြိမ်သက်သွားတဲ့နောက် ဇီဝ မျိုးနွယ်သစ်တွေ
ပြန်လည်ပေါ်ထွန်းလာတဲ့အခါ နောက်ထပ် ကမ္ဘာသစ်တစ်ခုအနေနဲ့
ပြန်လည်ဖြစ်ပေါ်လာရမှာဖြစ်ပါတယ်။

ဒါဟာ ဗုဒ္ဓဘုရားရှင် ကိုယ်တော်တိုင် ဟောခဲ့တာဖြစ်သလို ခရစ်ယာန် အစ္စလမ်
အစရှိတဲ့ဘာသာတိုင်းမှာလဲ တူညီစွာလက်ခံထားတဲ့ ကမ္ဘာကြီးရဲ့
ဖြစ်စဉ်တစ်ခုပါဘဲ။
အဲ့ဒိလို လက်ခံထားကြတဲ့အထဲမှာ ကမ္ဘာကြီးရဲ့ နောက်ဆုံးနေ့ အထိဖြစ်လာမယ့်
အကောင်းအဆိုးတွေကို ရှေးနှစ်ထောင်ပေါင်းများစွာထဲက
တိကျစွာကြိုတင်သိရှိခဲ့တာကတော့ အာဖရိကန် တွေပြီးရင်
ကမ္ဘာ့ရှေးအကျဆုံးမျိုးနွယ်စု ထဲမှာ ပါဝင်တဲ့ မိုင်ယန် ဆိုတဲ့
လူမျိုးတွေပါဘဲ။

မိုင်ယန်တွေရဲ့ပြက္ခဒိန်ဟာ လျှို့ဝှက်သင်္ကေတတွေနဲ့

ဖွဲ့စည်းထားပြီးကမ္ဘာ့သက်တမ်းတစ်လျှောက်လုံးမှာ ဖြစ်လာမယ့် အရေးအကြီးဆုံး
ဖြစ်ရပ်တွေအားလုံးကို ကြိုတင်ဟောကိန်းထုတ်ထားခဲ့တာဖြစ်ပါတယ်။
ယနေ့အချိန်ထိ ဖြစ်ပျက်ခဲ့တဲ့ ကမ္ဘာ့အရေးကြီး အဖြစ်အပျက်တွေ ဆူနာမီတွေ
ငလျင်တွေ စစ်ပွဲတွေ အားလုံးကိုပါ ထည့်သွင်းဟောကြားထားတာ အားလုံး
လွဲချော်မှုမရှိဘဲ မှန်နေသေးတယ်လို့လဲ သိရပါတယ်။
ဖြစ်ရပ်တစ်ချို့ဟာ နေ့ရက် အနည်းငယ် မဆိုစလောက်
ကွာခြားခဲ့တာလေးတွေရှိပေမယ့် ဖြစ်ပွားခဲ့တာကတော့ ကွက်တိဖြစ်နေတယ်လို့
ဆိုပါတယ်။

အဲ့ဒိပြက္ခဒိန်ရဲ့ အထူးခြားဆုံး နဲ့ ကြောက်စရာအကောင်းဆုံးတစ်ချက်ကတော့
ဒီပြက္ခဒိန်ဟာ ၂၀၁၂ ဒီဇင်ဘာ ၂၁ ရက်နေ့မှာ အဆုံးသတ်နေပါတယ်။
ယနေ့ သက်ရှိထင်ရှားရှိနေသေးတဲ့ မိုင်ယန်လူမျိုးတွေအားလုံးကတော့ ဒီနေ့စွဲ
ဟာ ကမ္ဘာကြီးရဲ့ နောက်ဆုံးနေ့ဖြစ်တဲ့အတွက် ဒီနေရာမှာဘဲ ရပ်သွားတာလို့
လေးနက်စွာ ယုံကြည်ကြပါတယ်။

ဒီအချက်တွေအပြင် သူတို့ယုံကြည်ထားတဲ့ ကမ္ဘာကြီး ပျက်ခါနီး မှာ ပြမယ်ဆိုတဲ့
နိမိတ်တွေကလဲ ထပ်မံတွေးခေါ်စရာတွေ အများကြီး ဖြစ်လာပါတယ်။



(၁) ကမ္ဘာကြီးဟာ သူ့ရဲ့နောက်ဆုံးနှစ် အနည်းငယ်အတွင်းမှာ သဘာဝတရားကနေတဆင့်
စတင်ပြီး သိသိသာသာပြောင်းလဲ ဖေါက်ပြန်လာပါလိမ့်မယ်။ ပူရင် လူသားတွေ
ခံနိုင်တာထက် ပူပြီး အေးရင်လဲ ထိုနည်းလည်းကောင်းဖြစ်ပါလိမ့်မယ်။

2008 လောက်စပြီး ကမ္ဘာကြီးရဲ့ အပူအအေးစံချိန်တွေ မိုးရေချိန်လက္မတွေ
အားလုံးသိသိသာသာ ပြောင်းလဲလာခဲ့တာ အားလုံးအသိပါဘဲ။
နာဂစ်မုန်တိုင်းဖြစ်တော့ မိုးကပြင်းထန် ရေဟာတောင်လိုမြင့်လာတဲ့အထိ
ဖြစ်သွားလိုက်တာ ဒါမျိုး တစ်သက်လုံးမကြုံဖူးခဲ့တဲ့ မြန်မာ နဲ့
အရှေ့တောင်အာရှ နိုင်ငံတစ်ချို့ လူဦးရေသိန်းနဲ့ချီ သေကြေခဲ့ရပါတယ်။
ပြီးခဲ့တဲ့ နှစ်တုန်းကကျတော့ ကုန်းတွင်းမြေနိမ့်ပိုင်းလဲ မဟုတ်တဲ့
အေးချမ်းတဲ့တောင်ပေါ်ဒေသ မှာ ရှိတဲ့ အင်းလေးကန်ကြီးပါ ခြောက်သွေ့သွားခဲ့တာ
မှတ်မိကြမှာပါ။
မြန်မာပြည်မှာ ပူလွန်းလို့ ရေငတ်လို့ သေတဲ့သူဆိုတာ ပထမ
ဆုံးအကြိမ်ပေါ်ထွက်လာခဲ့တာ တိုင်းပြည်တစ်ခုလုံးမှာ အနှံ့အပြားပါဘဲ။

ခု ဒီနှစ် ၂၀၁၀ ထဲမှာလဲ အပူအအေးက ထူးခြားစွာပြင်းထန်ခဲ့ပါတယ်။
မြန်မာပြည်မှာတင်မကပါဘူး တစ်ကမ္ဘာလုံးမှာပါသိသာစွာ စတင်ပြောင်းလဲခဲ့ပါတယ်။

အမေရိကားမှာ ဆိုရင် ပိုမိုသိသာခဲ့ပါတယ်။
ကမ္ဘာမှာ ရာသီဥတု အမျှတဆုံးလို့ နာမည်ကျော်တဲ့ ကယ်လီဖိုးနီးယားမှာ
မဖြစ်စဖူး မိုးရေချိန်လက္မများစွာ ကြာမြင့်စွာရွာသွန်းခဲ့ပြီး
နေရာတော်တော်များများ ရေကြီးပြီး ပျက်စီးတာတွေရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလရဲ့ နောက် ဆုံးပါတ်မှာဆိုရင် မိုးဟာ
မြန်မာပြည်မိုးတွင်းလိုဘဲ နေ့ရောညပါ အဆက်မပြတ်ရွာသွန်းခဲ့ပါတယ်။
ပုံမှန်အားဖြင့် ကယ်လီဖိုးနီးယား မိုးဟာ ထီးတောင်
ဆောင်းစရာမလိုလောက်အောင် ရေနည်းပြီး ရွာသွန်းချိန်ဟာ ပျမ်းမျှအားဖြင့်
မိနစ်ပိုင်းမှ နာရီ အနည်းငယ် အထိခန့်သာရှိပါတယ် ဒါပေမယ့် ဒီ
နှစ်ရွာတဲ့မိုးဟာ မြန်မာပြည်မှာလိုဘဲ ရေအင်မတန်များပြီး ထီးမပါဘဲနဲ့
သွားလာလို့မရအောင်ကို ပြင်းထန်ခဲ့ပါတယ်။
ဒါ့အပြင် ၂၀၁၀ တစ်နှစ်လုံးမှာ ပူတဲ့အချိန်ဟာ ပုံမှန်ရဲ့
သုံးပုံတစ်ပုံလောက်ဘဲ ရှိခဲ့ပြီး ထူးခြားစွာ အအေးဓါတ်ပြင်းထန်နေပါတယ်။
ယ္ခုစာရေးနေချိန်မှာတောင် နေ့ခင်း ၁၂ နာရီ ဆိုပေမယ့် အပြင်ထွက်လိုက်တာနဲ့
အေးစက်နေတာ ဒေသခံတွေတောင် ပြောစမှတ်ပြုနေရပါတယ်။
ကယ်လီဖိုးနီးယားတင်မကပါဘူး တခြားဒေသတွေမှာလဲ အလားတူ သိသာစွာ ပြောင်းလဲခဲ့ပါတယ်။
အမေရိကန်တွေ အထူးသဖြင့် New York မြို့ခံတွေ ခရစ္စမတ် ကာလ ကို အမြတ်တနိုး
နဲ့ White Christmas လို့ ခေါ်ကြတယ်ဆိုတာ အကြောင်းရှိပါတယ်။
ရုပ်ရှင်တွေထဲကလို ခရစ္စမတ် အချိန်မှာ နှင်းတွေ ဖြူပြီးဖွေးနေတဲ့ဖြစ်ရပ်ဟာ
အပြင်မှာမရှိသလောက်ပါဘဲ။
ဘာလို့လဲ ဆိုတော့ ဒီဇင်ဘာဟာ ပုံမှန်အားဖြင့် အအေးဆုံး
နှင်းအကျဆုံးဖြစ်ချင်မှဖြစ်တာပါ များသောအားဖြင့် နှစ်ကူးပြီး တစ်လ နှစ်လ
အတွင်းမှာ မှ တကယ်နှင်းတွေ ပိုကျလေ့ရှိတတ်ပါတယ်။
ဒါပေမယ့် ဒီနှစ်တော့ ရုပ်ရှင်ထဲကထက် ပိုဆိုးတဲ့ နှင်းကျမှုကို ခရစ္စမတ် မှာ
New York မြို့ခံတွေ ခံစားခဲ့ရပါတယ်။
ဂုဏ်ယူစရာ မြန်မာမလေး


(၂) မိုးပေါ်က ငှက်တွေ မြေကြီးပေါ် ကျလာပြီး ရေထဲကငါးတွေ မြေကြီးပေါ်
တက်လာပါလိမ့်မယ်။ တိရိစ္ဆာန်တွေ အမျိုးအမည်မသိတဲ့ ကိစ္စ တစ်ခုခုကြောင့်
စတင်သေဆုံးလိမ့်မယ်။

ဒါဟာလဲ Polar Shifting ကြောင့်ဘဲ ဖြစ်နိုင်ပါတယ်

ငှက်တွေ ငါးတွေ တိရစ္ဆာန်တွေမှာ လူသားတွေမှာမရှိတဲ့ သဘာဝက ပေးထားတဲ့
ထူးခြားတဲ့ အာရုံခံစားနိုင်စွမ်းတွေ ရှိပါတယ်။
ဥပမာ ပုရွက်ဆိတ်လေးတွေ အုံလိုက်ကျင်းလိုက် စီတန်းပြီး တနေရာကို အစာတွေ
သယ်ပြီးသွားနေပြီ ဆိုရင် နောက်ထပ် ၁၂ နာရီ မှ ၂၄ နာရီ အတွင်းမှာ မိုး
သို့မဟုတ် နှင်း အကြီးအကျယ်ရွာလေ့ရှိပါတယ်
ဒါကိုကြိုသိတဲ့ သူတို့က အရင် အစာကို ကြိုရှာပြီး လှောင်ထားဖို့ လုပ်နေတာပါ
သတိထားကြည့်ရင် သိမှာပါ သူတို့ မစားဘဲ သယ်သယ်သွားကြတာ တွေ့ရပါလိမ့်မယ်။

ဒီလိုဘဲ မိုင်ပေါင်းထောင်သောင်းချီပြီး ခရီးဝေးသွားနိုင်ကြတဲ့ ငှက်တွေ
ငါးတွေဟာ Migrating လို့ခေါ်တဲ့ ရာသီအလိုက်ရွှေ့ပြောင်းခြင်းဆိုတာကို
ပြုကြတဲ့အခါ သူတို့ ဟာကမ္ဘာကြီးရဲ့ သံလိုက်စက်ကွင်း ကို ခံစားအသုံးချပြီး
သူတို့ ဆက်လက်ရှင်သန်နိုင်မယ့် အပူအအေးမျှတရာကို
ပြောင်းရွှေ့သွားကြလေ့ရှိပါတယ်
ဒီအခါမှာ သူတို့ရဲ့ သံလိုက်စက်ကွင်းက အနေအထားစပြောင်းနေပြီဆိုတဲ့အခါမှာ
သူတို့လဲ လမ်းတွေမှားကုန်တတ်ပါတယ်။

ဒီနေရာမှာ ရှင်းပြချင်တာက သူတို့ သွားလာရေးစနစ်က စာရှုသူတို့ကြားဖူးနေတဲ့
Navigation ဆိုတာတွေနဲ့ မတူပါဘူး။
Navigation System က Global Positioning System (GPS) ကို သုံးထားတာပါ။
ကိုယ်ရှိနေတဲ့ X Y Location ကို Satellite ကနေတဆင့် ပြန်ကြည့်ပြီး
သွားနေတာပါ ဒါပေမယ့် Polar Shift အရှိန်အမြင့်ဆုံးဖြစ်လာတဲ့အခါမှာ
ကမ္ဘာပါတ်လမ်းကြောင်းထဲမှာ သံလိုက်စက်ကွင်းကို ဗဟိုပြုပြီးသွားနေရတဲ့ GPS
Satellite တွေရဲ့ အလုပ်လုပ်မှုတွေအားလုံးလဲ စတင် မှားယွင်းသွားနိုင်ပါတယ်

ဒီတော့ Polarity ပေါ်မှာ ခံစားပြီး Migrate လုပ်နေရရှာတဲ့ ငှက်တွေ ငါးတွေ
အားလုံး သွားဖို့ကြိုးစားတာက တစ်နေရာ ရောက်လာတာက တစ်နေရာ ဖြစ်ကုန်ပါတယ်။
အဲ့ဒိတော့ အရမ်း ပူ/အေး လာလို့ သင့်တင့်မယ့်နေရာရှာပြီး
ပြောင်းရွှေ့လာတဲ့ငှက်တွေ ငါးတွေဟာ သူတို့ အားထားတဲ့ သံလိုက်စက်ကွင်းက
လမ်းမှားခေါ်လာတဲ့အတွက် သူတို့ လုံးဝ မခံ နိုင်တဲ့ အပူချိန်
ရှိတဲ့နေရာတွေကိုရောက်သွားတော့ ဆက်လက်ရပ်တည်နိုင်စွမ်းမရှိဘဲ Heart
Attack (နှလုံးရုပ်တရက် ရပ်တံ့ခြင်း) ရပြီး
ရုပ်တရက်သေဆုံးသွားကြတာဖြစ်နိုင်ပါတယ်။

ဒါကြောင့် ငါးအသေတွေ သူတို့မျိုးစုတွေ နေလေ့မရှိတဲ့ ကမ်းစပ်မှာ
သိန်းနဲ့ချီပြီး ရုပ်တရက်ပေါ်လာတာ...

ဒေသခံ မဟုတ်တဲ့ ငှက်တွေ Arkansas နဲ့ Sweden မှာ ထောင်နဲ့ချီ မိုးပေါ်က
ပြုတ်ကျပြီးသေနေတာ.. တွေ စတင်တွေ့ရှိလာရတာ ဖြစ်ပါတယ်။

ဒီမှာ မေးစရာရှိပါတယ်



“ ဒီလောက်ရေးကြီးတဲ့ ကိစ္စ ကို အမေရိကန် အစိုးရက ဘာလို့ ဘာမှ မပြောဘဲ
ကြည့်နေမလဲ “ လို့ပေါ့



စိတ်ချပါ အမေရိကန် အစိုးရဟာ သူတို့ Handle မလုပ်နိုင်တဲ့ Conspiracy
(ထိပ်တန်းလျှို့ဝှက်ဖြစ်ရပ်) တစ်ခုကို ဘယ်တော့မှ အပြင်လူတွေကို
ပြောပြလေ့မရှိပါဘူး။
အမျိုးမျိုး ဖုံးဖိတဲ့အပြင် လိုအပ်ရင် အပျောက်ရှင်းပစ်တတ်တဲ့ ရာဇဝင်ရှိခဲ့ပါတယ်။
ဒီကိစ္စဟာ သာမန်ကိစ္စ မဟုတ်တဲ့ အတွက် သူတို့ Expose (ဖေါ်ထုတ်)
လုပ်လိုက်တာနဲ့ ဖြစ်လာမယ့် Riot (အဓိကရုဏ်း) တွေ လူတွေ စိတ်ဓါတ်တွေကျပြီး
ဖြစ်ချင်ရာဖြစ် လျှောက်လုပ်မှာ ဆိုးသွမ်းသောင်းကျန်း (Chaos)
ကုန်ကြမှာတွေကို ပိုကြောက်ပါတယ်။
ဒီ့အပြင် အဆိုးဆုံးက သူတို့ ဒါမျိုးတကယ်ကြုံလာရင် အစထဲက သမ္မတ နဲ့ မိသားစု
ရယ် အစိုးရ အသိုင်းအဝိုင်းထဲက မိသားစု တစ်ချို့ကလွဲပြီး ဘယ်သူ့ကို မှ
မကယ်နိုင်သလို ကယ်ဖို့လဲ ကြိုးစားမှာ မဟုတ်ပါဘူး။



ဒါကြောင့် ကျွန်တော် ဒီစာကို English နဲ့ ရေးမလို့ လုပ်ပြီး မြန်မာ လိုဘဲ
ရေးဖြစ်တာပါ။
ဘယ်သူသေသေ မြန်မာတွေ ရှင်နေဖို့အဓိကလို့ ကျွန်တော် အတ္တဆန်စွာတွေးမိတာ ဝန်ခံပါတယ်။



ကျွန်တော်ဟာ Professor တစ်ယောက်တော့ မဟုတ်ပါဘူး။

အကြားအမြင်ရနေတာလဲ မဟုတ်ပါဘူး။

ကျွန်တော် ဖတ်ဖူးတဲ့ စာတွေ ဗဟုသုတတွေ ခုဖြစ်လာတဲ့ သက်သေသာဓကတွေ ကို
မူတည်ပြီး ဒီစာလေးကို အားလုံးသိသင့်တယ် ထင်လို့ရေးလိုက်တာပါ။

တကယ်တမ်း အမြဲတမ်း မှန်ကန်နေမှာကတော့ ဗုဒ္ဓ ဘုရားရှင် ဟောခဲ့တဲ့ အနိစ္စ တရားပါဘဲ။

အားလုံးတနေ့သေကြရမှာပါဘဲ။



သေမယ့်နေ့ကိုသာ ကြိုပြီး တိတိကျကျ သိခွင့်ရခဲ့ရင် ကျွန်တော်တို့အားလုံး
လုပ်သင့်တာတွေကို လုပ်ဖြစ်ခဲ့ကြမှာပါ။



အခုမြင်နေရတဲ့ နိမိတ်တွေအရကတော့ ကျွန်တော်တို့အားလုံး ကမ္ဘာမြေကြီး ကို
မကြာခင် နှုတ်ဆက်စွန့်ခွာ သွားရတော့မယ်ဆိုတာ သေချာနေသလောက်ရှိနေပါပြီ။



မကြောက်ပါနဲ့ မိတ်ဆွေတို့...

ကျွန်တော်တို့အားလုံး လာတုန်းကလဲ တစ်ယောက်ထဲပါဘဲ...

ထွက်သွားတဲ့အခါမှာ ကျွန်တော်တို့အားလုံး အတူတူတစ်ချိန်ထဲ သွားကြရမယ်ဆိုတာ
ရတောင့်ရခဲ အခွင့်အရေးလို့ဘဲ မှတ်လိုက်ပါ...

အဲ့ဒိနေ့က အရမ်းကို နီးကပ်နေပြီဆိုတာ အခု သိပြီးပြီ ဆိုရင်
လုပ်ချင်တာတွေထဲက အကောင်းဆုံးဆိုတာလေးတွေ စလုပ်ကြပါ...



ဒုက္ခရောက်နေတဲ့သူတွေ ကို ကူညီလိုက်ပါ...

စိတ်ညစ်နေတဲ့သူတွေကို ပျော်ရွှင်အောင်လုပ်ပေးလိုက်ပါ...

သောကရောက်နေတဲ့သူတွေကို ဖျောင်းဖြပေးလိုက်ပါ...

ရန်သူတွေအားလုံးကို ခွင့်လွှတ်နားလည်ပေးလိုက်ပါ...



အားလုံးဘဝကူးကောင်းကြပါစေလို့ ကျွန်တော် လေးနက်စွာ ဆုတောင်းပေးလိုက်ပါတယ် ။ ။ ။

No comments:

Post a Comment