မင်္ဂလာပါဗျာ ဝေယံအိမ်သစ်လေးမှ ကြိုဆိုပါတယ် ဒီကနေ့ဟာပျော်ရွှင်စရာနေ့လေးဖြစ်ပါလို့ဆုတောင်းလိုက်ပါတယ် ကျွန်တော့အိမ်သစ်ကလေးဟာ တော်လို့တတ်လို့ ပြုလုပ်ထားခြင်းမဟုတ်ပါ လေ့လာသင်ယူရင်းနဲ့ ဖြန့်ဝေမူများလုပ်နေခြင်းဖြစ်ပါသည် အားလုံးကိုကျေးဇူးတင်ပါတယ်

Wednesday, November 14, 2012

အိမ်ပြေးဘာကြောင့်ဖြစ်ရတယ်




ကြုံဖူးသမျှ အမည်မျိုးစုံ လူမျိုးစုံ
လက်တွေ့ဇာတာများ  စာစု(၁)
သူကတော့ ကျွန်တော့်ညီဝမ်းကွဲပဲဖြစ်ပါတယ်။ ညီအရင်းထက် ပိုမိုတွဲဖြစ်ခဲ့သလို ၊ သံယောဇဉ်လည်း သူနဲ့ ကျွန်တော်ကြား ကြီးမားခဲ့ကြတာအမှန်ပါပဲ။ သူ့နာမည်ရင်းက ရဲမင်းဟိန်း လို့မည်ပါတယ်။ မွေးခုနှစ်အရ .. ကြာသာပတေးသား မရဏဖွား ဇာတာရှင် ဆိုပါတော့။

 
ဇာတာနံပါတ် (၁)
        ၂ခုကြွင်း မဟာဘုတ်ခွင်


 အဓိပတိ
     ၆

  အထွန်း
     ၁
   သိုက်
     ၄        
    ရာဇ
     ဝ
   မရဏ
      ၅
    ဘင်္ဂ
     ၂
    ပုတိ
      ၃
ဒီမဟာဘုတ်ခွင် ကတော့  ၂ခုကြွင်းဖွား မဟာဘုတ်ခွင်ပါ။  စာရှုသူများ ဖတ်သိလွယ်အောင် ..ဌာန အမည်များပါ ထည့်သွင်းပေးထားပါတယ်။ ဥပမာအားဖြင့်..ပုတိအောက်မှာ ရှိတဲ့ ၃ဂဏန်းဟာ ..ပုတိဌာနမှာ အင်္ဂါဂြိုဟ် ရပ်တည်နေကြောင်း ပြဆိုထားတာဖြစ်ပါတယ်။ ကောင်းပြီ..။ နာမည်ကို ကြည့်ကြ ရအောင် ။ နာမည် ရဲ မင်း ဟိန်း မှာ နာမည်အဖျားစာလုံး ဟိန်း ဟာ သောကြာဂြိုဟ်ပိုင် အက္ခရာ ဖြစ်ပြီး ၊ အဓိပတိဌာနမှာ ရပ်တည်ထားပါတယ် (အနီရောင်ဖြင့်ပြထားသည်) ။ အဲဒီ့နာမည် အဖျားစာလုံး  ဆိုတာကတော့ လူတစ်ယောက်ရဲ့ ဘ၀ဦးတည်ချက် ၊ ပန်းတိုင် ၊ အဲဒီ့လူခံစားရမယ့် ဆုလာဘ် သို့မဟုတ် အပြစ်ဒဏ် တို့ကို ဖော်ပြပါတယ်။ လေ့လာနေဆဲ ဘ၀တူ ပညာရှာသူများအတွက် ကျွန်တော် အောက်မှာ ရှင်းအောင် ထပ်ရေးပေးလိုက်ပါတယ်။

နာမည်အဖျားစာလုံး    =  ပန်းတိုင် ၊ အမည်ရှင်ခံစားရမည့် ဆုလာဘ် သို့မဟုတ် အပြစ်ဒဏ် ၊
                                တွေ့ကြုံရမည့် ကံတရား ၊ ထိုအမည်ရှင် ၏ အနာဂတ် ၊ ဘ၀ဦးတည်ချက် ။


နာမည်အဖျားစာလုံး အဓိပတိမှာ ရပ်တော့ ဘာဖြစ်သတုန်းလို့ မေးစရာရှိပါတယ်။ အဓိပတိဌာန ဆိုတာကတော့ အင်္ဂါဂြိုဟ်က ပိုင်ဆိုင်ထားတဲ့ ဌာနတစ်ခုပါ။ နာမည်အဖျားစာလုံး အဓိပတိမှာ ရပ်တော့ အင်္ဂါဂြိုဟ်ရဲ့ သဘာဝတွေဟာ အဲဒီ့နာမည်ရှင်ရဲ့ ဘ၀ဦးတည်ချက် ၊ အနာဂတ် ကံတရားတွေနဲ့ ပတ်သက် လာပါတော့တယ်။ ဟုတ်ပါပြီ ဆရာက တစ်ခုပြီးတစ်ခု ဆက်ပြော နေတယ်။ အင်္ဂါဂြိုဟ်ရဲ့သဘာဝ ဆိုတာတွေက ဘာတွေတုန်း မေးစရာရှိပြန်ပါတယ်။ ဗေဒင်ပညာ လေ့လာ လိုက်စားနေသူများ  အတွက် ကတော့ သိနှင့်ပြီးပဲ ဖြစ်မှာပါ။ အစိမ်းသက်သက် စာဖတ်သူတွေ အတွက်တော့ အကျဉ်းချုပ်ပြီး ဖော်ပြပေး ပါမယ်။

အင်္ဂါဂြိုဟ်  = ရုပ်ပိုင်းနယ်ပယ် ၊ လက်တွေ့ဆန်ခြင်း ၊ လက်နက်ကိုင် အဖွဲ့အစည်းများ ၊ တိုက်ခိုက်ခြင်း၊ ကျူးကျော်ခြင်း ၊ ရန်စခြင်း ၊ စွမ်းရည် ၊ ခွန်အား ၊ စူးစမ်းခြင်း ၊ အတိုင်းအတာ ပမာဏများ ၊ တိုးတက်အောင် ရှေးရှုခြင်း …..၊ ပေါက်ကွဲ စေတတ်သော အရာများ ၊ မီး  စသည်ဖြင့် ဆိုပါစို့ ။

အထက်ပါဇာတာမှာ ပဲ ကြည့်ပါ။ နာမည်အဖျားစာလုံး ဟိန်း ဟာ အင်္ဂါပိုင် အဓိပတိဌာနမှာ ရပ်တည် ထားတဲ့အတွက် အဆိုပါဇာတာရှင် အမည်ရှင် ကိုရဲမင်းဟိန်းဟာ အထက်ဖော်ပြပါ အင်္ဂါဂြိုဟ်ရဲ့ အချင်းအရာများ  ဆီကို ဘ၀ဦးတည်ချက် ပြုပါလိမ့်မယ်။ အထက်ပါဇာတာရှင်ဟာ လက်နက်ကိုင် အဖွဲ့အစည်းမှာ အရာရှိစစ်ဗိုလ်တစ်ယောက် ဖြစ်လာပါတယ်။ ယခုတော့ ညောင်ဦးမြို့မှာ ဘာမှုးဆိုလား ၊ ညာမှုးဆိုလား ….ဆိုလား ပဲ ဆိုပါတော့ ။ (ညီအစ်ကိုနှစ်ယောက် အဆက်အသွယ်လည်း ပြတ်ခဲ့တာ ကြာပြီမို့ ..သေသေချာချာလည်း မသိတော့ပါ )။ ကောင်းပြီ  ။ အဓိကပြောချင်တဲ့လိုရင်း ကိုခုထိ မရောက်သေးလို့ …ဆက်သွားပါရစေ။

မဟာဘုတ်ခွင်ကို တစ်ချက်ပြန်ကြည့်ကြည့်ပါ။ ဇာတာရှင်ဟာ ကြာသာပတေးသား မရဏဖွား ဖြစ်ပြီး နာမည် အဖျားစာလုံးက အဓိပတိမှာ ရပ်တည်ထားတဲ့အတွက် ..မွေးနံဖြစ်တဲ့ မရဏဌာနမှာ ရပ်တည် နေတဲ့ ကြာသာပတေးဂြိုဟ်ကို ပက္ခ ပြန်မိထားပါတယ်။ (အပြာရောင်နဲ့ ပြထားပါတယ်)

စာရေးသူ အဓိက ဆိုလိုချင်တဲ့ အချက်ကတော့ ဒီအချက်ကလေးပါပဲ။ ဒီနေရာမှာ ကျွန်တော်ဒီနေ့ ..မဟာဘုတ်  ပညာရပ်ပိုင်းနဲ့ပတ်သက်လို့ …  ဥပဒေသအသစ် အနေနဲ့ အချို့ကို တင်ပြပေးပါမယ်။

ဥပဒေသ  (၁)
မရဏဖွားများကို  နာမည်အဖျားစာလုံး အဓိပတိဂြိုဟ် ဖြင့် မမှည့်အပ် ၊  မှည့်ခေါ်ခဲ့သော် …အဆိုပါ ဇာတာရှင်သည် မိမိကိုယ်မိမိ အနစ်နာခံရန် ၊ မိမိရပ်တည်နေရာ ရပ်ဝန်းတစ်ခုခုမှ ထွက်ခွာစွန့်ခွာရန်   ကြိုးပမ်းမှု ပြုနိုင်သည်။
ဥပဒေသ (၂)
နာမည်အဖျားစာလုံးသည် မွေးနံရှင်၏ အပါဒါန ဂြိုဟ် ဖြစ်ပြီး ..နာမည်အရင်းစာလုံးဖြင့် ပက္ခမိခြင်း ၊ သို့တည်းမဟုတ် ၊ .. မရဏဌာနတွင် ရပ်တည်နေခြင်း ရှိခဲ့ပါမူ ..အဆိုပါအမည်ရှင်မျိုးသည် ၄င်းရပ်တည်မှုပြုရာ ရပ်ဝန်း ၊ နယ်ပယ် တစ်ခုခုမှ ထွက်ခွာစွန့်ခွာရန် ကြိုးပမ်းမှု ပြုမည် ဖြစ်သည်။
ဥပဒေသ (၃)
နာမည် အရင်းစာလုံးသည်  ဇာတာရှင်၏ မူလဌာနဂြိုဟ် ဖြစ်ပြီး ၊ နာမည်အဖျားစာလုံးသည် အဆိုပါဌာနဂြိုဟ် ၏ ..  အပါဒါနဂြိုဟ် ဖြစ်ခဲ့ပါမူ ၊ ယင်းအမည်ရှင်မျိုးသည် သူ၏ ရပ်တည်ရာဌာနကို စွန့်ခွာ   ချန်ထားခဲ့ရတတ်သည့် ဘ၀ကံအကျိုးပေးမျိုး ပိုင်ဆိုင်လာသည်။
အထက်ပါဥပဒေသများအရ … ဥပမာဇာတာဖြစ်တဲ့ ကိုရဲမင်းဟိန်းရဲ့ဇာတာဟာ ..၊ ဥပဒေသ (၁) အရ ကိုက်ညီနေသော ဇာတာမျိုး / အမည်ပိုင်ရှင်မျိုး ဖြစ်နေပါတယ်။ စာရေးသူရဲ့ အဆိုပါညီဝမ်းကွဲဖြစ်သူဟာ ငယ်စဉ်ကတည်းက အိမ်ကနေ မကြာခဏ ဆင်းပြေး တတ်တဲ့ကလေး တစ်ယောက်ဖြစ်လာပါတယ်။ အိမ်က ခဏခဏ လိုက်ခေါ်ရ ၊ တော်ကြာနေ ဆင်းပြေးပြန်ရော ။ အဲဒီ့တုန်းကတော့ ဘာကြောင့်လည်း ဆိုတာမသိရပေမယ့် .. နာမည်နဲ့ပတ်သက်ပြီးလေ့လာလိုက်စား  မှု အတန်ကြာခဲ့ပြီးမှ သိလာရပါတယ်။

ခု အသက်အရွယ်တွေကြီးရင့်လာ ၊ သူလည်း တပ်မတော်အရာရှိအရာခံ ဘ၀နဲ့ လူကြီးပိုင်း ရောက်လာတော့ကော ဒီကံက ပျောက်သွားပါသလား ။ မပျောက်ပါ။ အိမ်ကဆင်းမပြေးတော့ပေမယ့် …အကြီးအကဲမိဘတွေနဲ့ ဆွေပြတ်မျိုးပြတ်လို အဆက်အသွယ်ဖြတ်ပြီး .. သူပေါက်ဖွားရှင်သန်ခဲ့ရာ အသိုက်အ၀န်းကို စွန့်ခွာထားခဲ့တာ ခုဆို… ဆယ်စုနှစ်တစ်စုစာ မျှ ရှိခဲ့ပါပြီ။ ဒီအချက်နဲ့ ပတ်သက်ပြီး ၊ ဒီဆောင်းပါးကိုရေးနေတဲ့ကာလမှာလည်း စာရေးသူ စိတ်မကောင်းဖြစ်မိပါတယ်။

ဒါကြောင့် နာမည်တစ်ခုကို ကောင်းတယ်ဆိုးတယ် ဆိုတာ အရမ်းကာရော မပြောသင့်ဘူးလို့ ဒီနေရာမှာ ဆိုချင်ပါတယ်။ စာရေးသူ အမြင်အရတော့ …ဘယ်မိဘကမှ သူတို့သားသမီးကို သူတို့နှင့် အဆက်အသွယ်ကင်းပြတ်ပြီး ၊ မသင့်မြတ်တဲ့ အနာဂတ်ဘ၀မျိုး ကို ပိုင်ဆိုင်စေလိုမယ်လို့ မထင်ပါ။ နာမည်အားကောင်းလို့  စစ်ဗိုလ်ကြီး ၊ အရာရှိအရာခံကြီး ဖြစ်စေသည့်တိုင်…အထက်ပါကဲ့သို့ မိမိတို့မိဘအကြီးအကဲများ နဲ့ ဘ၀မှာ ကာလရှည်ကြာ ကင်းကွာ ခွဲခွာရမှုမျိုး ဖြစ်စေနိုင်မယ် ဆိုရင် …မှည့်ချင်ကြပါဦးမလားလို့ မေးလိုစိတ် ဖြစ်မိပါတယ်။ ဒါကြောင့် .. ဘယ်ဆရာက နာမည်မှည့်ပေးပေး ၊ နာမည်ကောင်းတယ် ဆိုရင်  ..ဘာကောင်းတာလဲ လို့တော့ အနဲဆုံးမေးသင့်ပါတယ်။

အမှန်ကတော့ နာမည်တစ်ခု မှည့်ပေးလိုက်တာနဲ့ ၊ အဲဒီ့နာမည်ရဲ့ အားသာချက်နဲ့ အားနဲချက်တွေကိုပါ သိထားပြီးမှ မှည့်တာဟာ အကောင်းဆုံးပါပဲ။ ဒါမှလည်း တစ်ကယ်ရွေးခြယ်ခွင့် ရသည်လို့ ဆိုနိုင်ပါတယ်။ ဘာမှမသိရပဲနဲ့တော့ ..ဘယ်လိုလုပ်ပြီး ရွေးရမှာပါလဲ။ သူတစ်ပါးလက်ကို ၀ကွက်အပ်ပြီး စီရင်ခိုင်းလိုက်တာနဲ့ မထူးပါ ။ အဲဒီ့လိုပါပဲ နာမည်နဲ့ ပတ်သက်တဲ့အကျိုးတွေကို ကြားသိရတဲ့ အခါတွေမှာလည်း အရမ်းကာရော မယုံလိုက်ပါနဲ့။ မောင်ဖုန်း ပြောလည်း မျက်စိမှိတ်မယုံလိုက်ပါနဲ့။  မိမိတို့ဥာဏ် ၊ မိမိတို့ ပတ်ဝန်းကျင် နဲ့ ၊ မိမိတို့ဖြတ်သန်းလာခဲ့ရတဲ့ ဘ၀ခရီးတစ်လျှောက် ကြုံလာသမျှ နာမည်ရှင်တွေကို ပြန်စဉ်းစားကြည့်ပြီး မှ .. ယုံသင့် ၊ လက်ခံသင့် တာကို လက်ခံပါ။

ဗေဒင်ပညာနဲ့ အသက်မွေးမည့်သူများ ၊ လက်ရှိအသက်မွေးနေသူများကို ပြောချင်တာကတော့ …အထက်ပါ မောင်ဖုန်းတင်ပြပေးထားတဲ့အချက်ကလေးတွေကို လက်တွေ့လေ့လာကြည့်ကြပါ။ ဟုတ်မှန်ကြောင်း လက်သင့်ခံနိုင်ပြီဆိုရင် ၊ အကယ်၍  ကလေးသူငယ်တွေကို နာမည်ပေးခွင့်ကြုံလာတဲ့ အခါမျိုးမှာ .. ဒီအချက် ဒီအချက်ကလေးတွေကို ..ဂရုစိုက်ပြီး ထိမ်းထိမ်းသိမ်းသိမ်း အမည်မှည့်ပေး နိုင်ကြမယ်ဆိုရင် ..ကျွန်တော်ဒီနေ့ နှစ်ပေါင်းများစွာ ရှာဖွေမှတ်တမ်းတင်လာခဲ့သမျှကို လွယ်လွယ်လေးနဲ့ ချရေးပြရကျိုး နပ်ပြီလို့ မှတ်ယူပါတယ်။ တနည်းအားဖြင့် ထိုက်တန်ပြီလို့ ကျွန်တော် မှတ်ယူပါတယ် ။

ယခုဆောင်းပါးဟာ …ဖြစ်နိုင်သမျှ .. ကလေးငယ်လေးတွေကို အိမ်ပြေးဘ၀ မရောက်စေဖို့ ရည်သန်ရေးသားခဲ့ခြင်းပင် ဖြစ်ပါတယ်။

ချမ်းမြေ့သုခ ရရှိနိုင်ကြသည် ဖြစ်ပါစေ။

ကိုစိုးမိုးထွန်း (ဗေဒင်ပညာသုတေသီ)

No comments:

Post a Comment