ဝေယံအိမ်သစ်
မူလစာမျက်နှာ
ကဗျာများ
ဆောင်းပါး
စာအုပ်စဉ်
နည်းပညာ
ဗေဒင်
သီချင်း
ဆော့ဝဲ
အသုံးပြုရန်လင့်ခ်များ
ကျန်းမာရေး
သတင်း
စွယ်စုံ
ဘောလုံးသတင်း
မင်္ဂလာပါဗျာ ဝေယံအိမ်သစ်လေးမှ ကြိုဆိုပါတယ်
ဒီကနေ့ဟာပျော်ရွှင်စရာနေ့လေးဖြစ်ပါလို့ဆုတောင်းလိုက်ပါတယ် ကျွန်တော့အိမ်သစ်ကလေးဟာ တော်လို့တတ်လို့ ပြုလုပ်ထားခြင်းမဟုတ်ပါ လေ့လာသင်ယူရင်းနဲ့ ဖြန့်ဝေမူများလုပ်နေခြင်းဖြစ်ပါသည် အားလုံးကိုကျေးဇူးတင်ပါတယ်
Monday, November 12, 2012
စင်ကာပူ (ဝါ) မြို့ပြရောဂါ.
အသပြာတခုရဲ့
အရသာကိုစားသုံးရင်း
ကျန်တဲ့အရသာတွေက
လုံးပါးပါးကုန်တယ်...မေမေ..
တခါတလေကျတော့
ပျော်ရွှင်မှုဆိုတဲ့စကားလုံး
နွေးထွေးမှုဆိုတဲ့စကားလုံး
အေးချမ်းမှုဆိုတဲ့စကားလုံး
တနိုင်ငံလုံးလှည့်ပတ်ပြီးတော့
ကျနော်ရှာကြည့်မိတယ်..
ဒါပေမဲ့
ရှာမတွေ့ဘူး.~~~
အခုခေတ်မှာ
မြို့ပြဆိုတဲ့စကားလုံးက
ဝံပုလွေရေခြုံထားတဲ့
သိုးတကောင်ရဲ့မျက်နှာဖုံးနဲ့တူတ
ယ်
ဘာဖြစ်လို့လဲဆိုတော့
သူတို့ဆီမှာ
သစ္စာတရားဆိုတာ
အရေခြုံထားရုံ
သက်သက်မလို့
တခါတလေကျတော့လည်း
ကျနော်စဉ်းစားကြည့်မိပါတယ်
စမ်းရေမရှိ
ပင်လယ်ရေပြင်နဲ့ပဲထိစပ်နေတာကြော
င့်များ
ဒီနိုင်ငံက
လူတွေရဲ့စိတ်ဓာတ်အေးချမ်းမှုမရှ
ိတာလား...လို့
အခုတော့လည်း..မေမေရယ်
ကျနော်ကိုယ်တိုင်
ပင်လယ်ရေနဲ့အသားကျ
စိတ်ဓာတ်တွေမငံမိအောင်
မ..နဲ..ကြိုး..စားနေ..ရတယ်
အသပြာတခုကြောင့်
ပျောက်ဆုံးနေရတဲ့အရာတွေအများကြီ
းပါ..။
တချို့တွေအသပြာနောက်လိုက်
ရင်း
မိသားစုတွေပျောက်ဆုံးနေတယ်.
.၊
သစ္စာတရားတွေပျောက်ဆုံးတယ် ၊
ချစ်ခြင်းတွေပျောက်ဆုံးတယ်
အေးချမ်းမှုတွေပျောက်ဆုံးတယ်.
အိ
မ်ထောင်ရေးတွေပျောက်ဆုံးတယ်..
လူ
မသိသူမသိဒီပြင်ပျောက်ဆုံးနေတာတေ
ွအများကြီး..
တကယ်တော့ကျနော်တို့
တွေက
အမဲလိုက်နေတဲ့မုဆိုးတွေနဲ့တ
ူတယ်
သားကောင်ကိုလိုက်ရင်းနဲ့ပဲတောထဲမှာအချိန်ကုန်ပြီး
အိမ်ပြန်လမ်းပျောက်နေတဲ့အသပြာမု
ဆိုးတွေပါပဲ..
ခင်မင်လျက်
ကောင်မလေးရဲ့ကောင်ကလေး
No comments:
Post a Comment
Newer Post
Older Post
Home
Subscribe to:
Post Comments (Atom)
No comments:
Post a Comment