မင်္ဂလာပါဗျာ ဝေယံအိမ်သစ်လေးမှ ကြိုဆိုပါတယ် ဒီကနေ့ဟာပျော်ရွှင်စရာနေ့လေးဖြစ်ပါလို့ဆုတောင်းလိုက်ပါတယ် ကျွန်တော့အိမ်သစ်ကလေးဟာ တော်လို့တတ်လို့ ပြုလုပ်ထားခြင်းမဟုတ်ပါ လေ့လာသင်ယူရင်းနဲ့ ဖြန့်ဝေမူများလုပ်နေခြင်းဖြစ်ပါသည် အားလုံးကိုကျေးဇူးတင်ပါတယ်

Tuesday, October 16, 2012

ဘယ်က E-Mail လည်း? ဘယ်သူ့ E-Mail လည်း?.........

Mail.jpg
          ဒါလေးကတော့ ကိုယ့် Email Address သုံးစရာမလိုပဲ သူများကို စာပို့တယ့်နည်းလေးပါ။ ကိုယ်ပို့ချင်တယ့် Mail Address ကို ကိုယ့်စိတ်ကြိုက်သုံးလို့ရတယ် Gmail သုံးတယ့်လူဆိုပါတော့ Mail sender ရဲ့ Address ကို ကိုယ်ကြိုက်သလိုထားလို့ရတယ် Yahoo Mail လည်းလုပ်လို့ရတယ် Hotmail လည်းလုပ်လို့ရတယ် ကိုယ်က အဲဒီ Address ကိုသွား Hack နေစရာလည်း မလိုဘူး ရှင်းရှင်းပြောရရင် တစ်ယောက်နဲ့ တစ်ယောက် ဒါလေးသုံးပြီးတော့တောင် ရန်တိုက်ပေးလို့ရသေးတယ် ဥပမာ ပြောတာနော် တစ်ကယ်တော့ သွားမလုပ်ကြနဲ့ပေါ့ လဝန်းညို လည်းပြောသာပြောပြရတယ် အခုတစ်လော မျက်ခုံးတွေက ခပ်လှုပ်လှုပ်ရယ်။ ထားလိုက်ပါတော့ အကျိုးရှိအောင် သုံးတယ့်နည်းလမ်းလေးပဲ ပြောပြတော့မယ် ဥပမာ ကိုယ်က ကိုယ်နဲ့ မသိသေးတယ့် လူတစ်ယောက်ကို Email ပို့ရတော့မယ် ကိုယ့် Mail Address ကိုလည်း သူ့ကိုမသိစေချင်ဘူးဆိုရင်သုံးလို့ရတယ့် နည်းလမ်းလေးပါ။


ကျွန်တော်က ဗဟုသုတ အနေနဲ့ မျှဝေတာနော် သူများ Address တွေနဲ့လည်း ပတ်ရမ်းမနေကြနဲ့ဦး သူများကိုလည်း ဒီဟာလေး အားကိုးနဲ့ ပတ်ဆဲမနေကြပါနဲ့ အထူးသဖြင့်ကျွန်တော့်ကိုပေါ့ ဟီးဟီး။ အတတ်ကောင်းတွေသင်ပေးရကောင်းလားဆိုပြီး ဆဲချင်တယ့် သူလည်းရှိရင် ရှိမှာပဲနော့..... ထားလိုက်ပါ ဗဟုသုတ ပေါ့။ ကဲကဲ စမ်းကြည့်ချင်တယ့် သူများ http://www.anonymailer.net ဒီဆိုဒ်လေးကို သွားလိုက်ကြပါ ကိုယ်ဝင်သွားတာနဲ့ အောက်မှာပြထားသလို ပုံလေးတွေ့ရပါလိမ့်မယ်။
Mail2.jpg
          အားလုံးပြီးပြီဆိုရင်တော့ အောက်မှာရှိတယ့် Submit ကိုနှိပ်ပေးလိုက်ပါ။ ဒါဆိုရင်တော့ ဘော်ဒါတို့ ပို့လိုက်တယ့် Fake Mail ကဘော်ဒါတို့ ပို့လိုက်တယ့် သူဆီကို ဆယ့်ငါးမိနစ်အတွင်းရောက်သွားပါလိမ့်မယ်။ ပြီးတော့ ဒီဆိုဒ်မှာ Fake E-mail ပို့မယ်ဆိုရင် Free User တွေအနေနဲ့ ဆယ့်ငါးမိနစ်တစ်ခါပဲ ပို့လို့ရပါတယ်။ ဒီထက်ပိုပြီးပို့ချင်ရင်တော့ ပိုက်ပိုက်ကုန်မယ်ပေါ့နော်။ အို ဆယ့်ငါးမိနစ်တစ်စောင်လည်း နဲတာမှတ်လို့ အလကားရတာပဲဟာ ဟီးဟီး ဟုတ်ဘူးလား........။ နောက်ဆုံးတစ်ခေါက် ထပ်ပြီးပြော ပါရစေ ဒီကောင်လေးနဲ့ ဘယ်သူ့ကိုမှ စိတ်အနှောက်အယှက်မပေးကြပါနဲ့ အထူးသဖြင့်ကျွန်တော့ကိုပေါ့နော် ဟဲဟဲ။ အပျော်သဘော ဗဟုသုတ အနေနဲ့ပဲ အသုံးပြုကြပါခင်ဗျာ။ ကလိချင်သူများ စမ်းကြည့်လိုက်ကြပါဦး။
စေတနာများစွာဖြင့်....                       လ၀န်းညို   ဆိုဒ်မှပြန်လည်တင်ပြပေးပါသည်


No comments:

Post a Comment