မင်္ဂလာပါဗျာ ဝေယံအိမ်သစ်လေးမှ ကြိုဆိုပါတယ် ဒီကနေ့ဟာပျော်ရွှင်စရာနေ့လေးဖြစ်ပါလို့ဆုတောင်းလိုက်ပါတယ် ကျွန်တော့အိမ်သစ်ကလေးဟာ တော်လို့တတ်လို့ ပြုလုပ်ထားခြင်းမဟုတ်ပါ လေ့လာသင်ယူရင်းနဲ့ ဖြန့်ဝေမူများလုပ်နေခြင်းဖြစ်ပါသည် အားလုံးကိုကျေးဇူးတင်ပါတယ်

Tuesday, October 16, 2012

သူများကိုယ့် E-mail ကိုဖတ်မဖတ် သိချင်လား........


          ဟီးဟီး လဝန်းညိုတို့ ကတော့ သူများကျိန်ဆဲခံရအောင် လျှောက်ထွင်ပြန်ပြီ။ ဘယ်သူ့ကိုမှတော့ ထိခိုက်ပါစေလို့ မရည်ရွယ်ဘူးနော် ဗဟုသုတ ရအောင် ပြောပြတာ။ ဥပမာ ကိုယ်က ကိုယ့်ကောင်မလေးဆီကို Mail ပို့တာပဲဖြစ်ဖြစ် ကျောင်းကနေ ကိုယ့်မိဘဆီကို ပိုက်ပိုက်လှမ်းတောင်း ဖို့Mail ပို့တာပဲဖြစ်ဖြစ် ကိုယ်ပို့လိုက်တယ့် သူကိုယ့် E-Mail ကိုဖတ်လားမဖတ်လား သိရအောင် လုပ်တယ့် နည်းလေးပါ အားလုံးအတွက် တော်တော်ကို အသုံးဝင်မယ့် ကောင်လေးမို့လို့ အားလုံးသိအောင် (မသိသေးသူများကို ဆိုလိုခြင်းဖြစ်ပါသည်) ဖော်ပြလိုက်ပါသည်။ အားမနာတမ်းကြည့်ရှု လေ့လာကြပါကုန်။..........
            ဒါလေး ပေါ်တာတော်တော်လေး ကြာနေပါပြီ။ မသိသေးသူများ အတွက် ရည်ရွယ်ရင်းဖြစ်ပါတယ် သိပြီးသားကိုကို မမများ ကတော့ သည်းခံပေးကြပါလို့ ကြိုပြောထားပါရစေ။
          သူ့ဆိုဒ်လေးရဲ့လိပ်စာက www.spypig.com ဖြစ်ပါတယ် အဲဒီကိုအရင်သွားလိုက်ပါ။ အောက်မှာကျွန်တော် ပုံနဲ့ ရှင်းပြထားပါတယ်။ (စမ်းကြည့်တော့မယ်ဆိုရင် ကိုယ့်မေးလ် အကောင့်လေးတွေကို ကြိုဖွင့်ထားကြပါ။ ပြီးရင် ကိုယ်ပို့ချင်တယ့် သူရဲ့ Email ကို Compose Mail အနေနဲ့ ထားထားပါ။ စာကတော့ ကိုယ်ရေးချင်တာရေးပေါ့နော်။း )
SpyPig.jpg
     


   သူ့Home Page ကိုရောက်ရင် အပေါ်က ကျွန်တော်ပြထားသလို ပုံလေးကိုတွေ့ရမှာဖြစ်ပါတယ်
(1)     ပထမဆုံး Your Email Address နေရာမှာ ဘော်ဒါတို့ရဲ့ Mail Address လေးကိုဖြည့်လိုက်ပါ။
 
(2)     ပြီးတော အဆင့် ၂ နေရာမှာတော့ ကိုယ့် message Title ပေါ့နော်။
 
(3)    ပြီး အဆင့် ၃ မှာတော့ ကိုယ်ပို့မယ့် မေးလ်ထဲမှာ ထည့်ပေးလိုက်မယ့် ပုံလေးကို ရွေးပေး ရပါမယ်။ ကျွန်တော် ကတော့ ဘယ်သူမှ မမြင်နိုင်တယ့် ဘယ်ဖက်ဆုံးက အဖြူရောင် ဗလာကွက်လေးကို သုံးရတာ ပိုသဘောကျပါတယ်.... ရှင်းရှင်းပြောရရင် သူခိုးကျင့် သူခိုးကြံပေါ့နော် : D ။
 
(4)     ပြီးရင်တော့ အဆင့် ၄ အနေနဲ့ Click to Create My SpyPig ဆိုတယ့် Icon လေးကိုနှိပ်ပေးလိုက်ပေါ့။ ပြီးရင် အောက်က Window သေးသေးလေးထဲမှာ နံပါတ်လေးတွေ အစဉ်လိုက် Count Down အနေနဲ့ တစ်မိနစ် နီးပါး ပြနေပါလိမ့်မယ် ကျွန်တော့ ပုံထဲမှာဆို ၃၇ စက္ကန့် ကျန်သေးပါတယ်။ အဲဒီ ကိုယ်ရွေးထားတယ့် Spypig Image လေးကို (ခုဏက ကျွန်တော် ဗလာကွက်လေး ရွေးထားပါတယ်။) Copy လုပ်ပြီး ကိုယ်ပို့မယ့် Email ထဲကို Past လုပ်ပေးလိုက်ပါ။
 
     ပြီးရင်တော့ ပုံမှန်စာပို့နေကြအတိုင်းပဲ ကိုယ့် Mail ထဲက Sent Button လေးကိုနှိပ်ပေးလိုက်ပေါ့။ အားလုံးပြီးသွားရင်တော့ စောင့်နေရုံပဲ ကျန်ပါတော့တယ် ကိုယ်ပို့လိုက်တယ့် Email ကိုသူဘယ်အချိန်မှာ ဘယ်နှစ်ကြိမ်ဖတ်လည်း ဘယ် IP Address နဲဖတ်လည်းဆိုတာက အစ ဒီ SpyPig လေးက ကိုယ့်ဆီကို သတင်းပြန်ပို့ပါလိမ့်မယ် သတင်းပို့တယ့် အခါမှာလည်း ကိုယ့် Email ထဲကိုပဲ အချက်အလက်တွေ တိုက်ရိုက်ပို့ပေးတာဖြစ်တယ့် အတွက် ဘာအလုပ်မှမရှုပ်ပဲ တော်တော်ကို အဆင်ပြေပါတယ်။ အပျင်းပြေ ဗဟုသုတ ရအောင် စမ်းကြည့်လိုက်ကြပါဦး။
ငါ့မေးလ်ကို နင်ဘယ်နှစ်ခေါက်တောင်ဖတ်တာနော် ဆိုပြီးသူငယ်ချင်း အချင်းချင်း ပျော်ရွှင်စရာ နောက်ပြောင်ကြည်စယ် ရန်အတွက်ပဲ  စေတနာ ဗလပွ ရှေ့ထားပြီး ဒီ Post လေးကို ဖော်ပြလိုက်ခြင်းဖြစ်ပါတယ် စေတနာတွေနော် လဝန်းညိုရဲ့ စေတနာတွေ ဟဲဟဲ။ သူများ IP Address ကိုယူပြီး သူများကို ဒုက္ခ ပေးစေဖို့ ဒုက္ခရောက် စေဖို့ရည်ရွယ်ခြင်း မဟုတ်ပါ။ 
အားလုံးအဆင်ပြေကြပါစေခင်ဗျာ။
(လဝန်းညို)

No comments:

Post a Comment