အများအားဖြင့်တော့ သူ့ရဲ့
Window Firewall system က Query.exe ဆိုတယ့် Filter လေးကြောင့်
ဖြစ်တတ်ပါတယ်။ အဲဒါကို ဖြေရှင်းဖို့ Start ကနေ Run ကိုသွားပြီး
C:\windows\system32 ကိုအဆင့်ဆင့်သွားလိုက်ပါ။
ပြီးရင် ပွင့်လာတယ့် Window ကနေ Query.exe ဆိုတယ့် Icon လေးကို Scroll down လုပ်ပြီး ရှာကြည့်လိုက်ပါ။
တွေ့ပြီဆိုရင်
သူ့အပေါ်မှာ Right Click ထောက်ပြီး Properties ကိုနှိပ်ပေးလိုက်ပါ။ ပြီးရင်
ပွင့်လာတယ့် Properties Window ထဲက Security ဆိုတယ့်
Tab လေးကိုရွေးပေးလိုက်ပါ။
ပြီးရင် Group or user names: ဆိုတယ့် Title အောက်က Edit ဆိုတာလေးကို နှိပ်လိုက်ပါ။
ဒါဆိုရင်
Permissions for query.exe ဆိုတယ့် Window လေးပေါ်လာပါလိမ့်မယ် ပြီးရင်
Administrators ဆိုတယ့် ကောင်လေးကို ရွေးပေးပြီးရင် အောက်က
Permissions for Administrators ဆိုတယ့် Title အောက်မှာ Full control,
Modify, Read & execute စတယ့် Function လေးတွေအားလုံးကို Allow ဆိုတယ့်
အကွက်လေးတွေပေါ်မှာ အမှန်ခြစ်လေးတွေ လိုက်ပေးလိုက်ပါ။
ပြီးရင် Group or user names ဆိုတယ့်နေရာလေးမှာ Users ဆိုတာလေးကို
ပြန်ရွေးပေးပြီး အောက်က Box လေးမှာခုဏက အတိုင်း
အမှန်ခြစ်လေးတွေလိုက်ပေးလိုက်ပါ။ အားလုံးပြီးသွားရင်တော့ Apply
ကိုနှိပ်ပြီး အဆင့်ဆင့်
ပြန်ထွက်သွားပါ။ ပြီးရင် ကိုယ့်စက်ကို Restart ပေးလိုက်ပါ။
ပြီးနောက်
စက်ပြန်ပွင့်လာတယ့်အချိန်ကျရင် Network and Sharing Center
ကိုသွားကြည့်လိုက်ပါ။ အောက်မှာပြထားတယ့် ပုံလေးအတိုင်းပေါ်နေတာကို
ဝမ်းသာစွာတွေ့ရမှာဖြစ်ပါတယ်။
ဒါဆိုရင်တော့ ဘော်ဒါတို့ စက်မှာ အင်တာနက် စသုံးလို့ရသွားပါပြီ။
အားလုံး အဆင်ပြေကြပါစေ။
စေတနာများစွာဖြင့် (လဝန်းညို) ဆိုဒ်မှပြန်လည်တင်ပြပေးပါသည်
No comments:
Post a Comment