မင်္ဂလာပါဗျာ ဝေယံအိမ်သစ်လေးမှ ကြိုဆိုပါတယ် ဒီကနေ့ဟာပျော်ရွှင်စရာနေ့လေးဖြစ်ပါလို့ဆုတောင်းလိုက်ပါတယ် ကျွန်တော့အိမ်သစ်ကလေးဟာ တော်လို့တတ်လို့ ပြုလုပ်ထားခြင်းမဟုတ်ပါ လေ့လာသင်ယူရင်းနဲ့ ဖြန့်ဝေမူများလုပ်နေခြင်းဖြစ်ပါသည် အားလုံးကိုကျေးဇူးတင်ပါတယ်

Tuesday, October 16, 2012

Hack to -->XP Genuine Notifications


          "This copy of windows is not genuine and you have not yet resolved this issue. This computer is no longer eligible to receive select security upgrades from Microsoft." ဒီလိုမျိုး ချိမ်းခြောက်တာလိုလို အသနားခံတာလိုလို စာတွေပါတယ့် အောက်မှာဖေါ်ပြထားသော Pop up Window လေးကို တရားမဝင် Copy Window လေးတွေကိုပဲ အားထားနေရတယ့် ကျွန်တော်တို့ မြန်မာနိုင်ငံသားများ အားလုံးလိုလို ကြုံဖူး တွေ့ဖူးကြမှာပါ.....မတွေ့ဖူးသေးသူများလည်း အခုတစ်ခါတည်း ကြည့်သွားကြပါနော်....
Wgan-copy-1.jpg
            ကိုယ်ကွန်ပျူတာဖွင့်လိုက်တယ့်အချိန် ဒီဟာလေးပေါ်လာရင် တော်တော်စိတ်ညစ်စရာကောင်းမှန်း ကျွန်တော်ကိုယ်တိုင် ကိုယ်တွေ့ကြုံဖူးပါတယ်။ တစ်ချိန်ကဆိုရင် ကျွန်တော်ကွန်ပျူတာအကြောင်း ဘာမှမသိသေးတယ့်အချိန် ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိနဲ့ တော်တော်ကို ရွာလည်ခဲ့ဖူးပါတယ်။ ဒါကြောင့် အခုမှ ဒီလောကထဲ ဝင်လာတယ့် (သိုင်းလောက မဟုတ်ပါ) သူများအတွက် ရည်ရွယ်ပြီး ဒီ Post ကိုကျွန်တော်ရေးတာပါ။ သိပြီးသားကိုကို မမ များကတော့ ....အို.... သိပြီးသားလည်း ပိုမှတ်မိ ပိုသိသွားအောင်နောက် တစ်ခေါက်လောက် ဖတ်ကြည့်လိုက်ပါ ဗဟုသုတပေါ့။... ဟုတ်ကဲ့ ကျွန်တော်ပြောတယ့် အတိုင်း အပေါ်ကလို Pop up Window လေးပေါ်လာရင် ဒီနည်းတွေနဲ့ ဖြေရှင်းလို့ရပါတယ်... XP Only နော် တခြား Vista တို့ Seven တို့မရဘူး။



 
ကဲစပြောပြီနော်
(၁) အရင်ဆုံး Command Prompt Window ကိုဖွင့်လိုက်ပါ၊ Start ကနေ Run ကိုဖွင့်ပြီး CMD လို့ရိုက်ထည့်ပြီး OK ကို နှိပ်ပေးလိုက်ရင်လည်းရပါတယ်။
 
(၂) ပြီးရင် အမဲရောင်နောက်ခံနဲ့ Command Prompt Window ကြီးပွင့်လာပါလိမ့်မယ် အဲဒီထဲမှာ (cd \windows\system32) လို့ရိုက်ပြီး Enter ခေါက်ပေးလိုက်ပါ။
 
(၃) ပြီးရင်Notepad တစ်ခုကိုဖွင့်ပြီး အောက်က စာကြောင်းလေးတွေကို အရင် ကူးထည့်ထားလိုက်ပါ...
  • taskkill -IM wgatray.exe
  • del wgatray.exe
  • del wgalogon.old
(၄) နောက်ပြီး ကိုယ်ကူးထည့်ထားတယ့် စာကြောင်းလေးတွေကို Copy လုပ်ပြီး ခုဏက ဖွင့်ထားတယ့် Command Prompt ထဲကို ကူးထည့်ပြီး Enter ခေါက်ပေးလိုက်ပါ။ ပြီးရင် ကိုယ့်ကွန်ပျူတာကို Restart လုပ်ပေးလိုက်ပါ ပြန်ပွင့်လာတယ့် အချိန်ကျရင် အရင်တစ်ခေါက်ကလို Pop up Window လေးမပေါ်တော့ပဲ လျှောလျှော လျှူလျှူ ပွင့်လာပါလိမ့်မယ်။...
 
ဒါပေမယ့်တစ်ချို့ Window XP တွေမှာ ပေါ်ကနည်းတွေနဲ့ အဆင်မပြေတာတွေလည်း ရှိပါတယ်။ အပေါ်က နည်းတွေ လုပ်ကြည့်ပြီးလို့မှ အဆင်မပြေရင် အခုကျွန်တော်ထပ်ပြောပြမယ့် နည်းနဲ့ လုပ်ကြည့်ပါ ဒါက 100% အဆင်ပြေတယ့်နည်းပါ။ အပေါ်က နည်းက ရှင်းပြီးလုပ်ဆောင်ရ လွယ်ကူပါတယ် ဘာအန္တရယ်မှလည်း မရှိပါဘူး။ ဒါကြောင့် အရင်ဆုံး အပေါ်က နည်းကို စမ်းကြည့်စေချင်ပါတယ်။ အခုအောက်မှာ ကျွန်တော်ထပ်ပြောပြမယ့် နည်းက နဲနဲရှုပ်ပါတယ် system32 ထဲမှာဝင်ကလိရတာပါ။ ကဲ အပေါ်က နည်းနဲ့ အဆင်မပြေတယ့် ကံထူးရှင်များအတွက် နောက်ထပ်နည်းလမ်းတစ်ခုကို ထပ်ပြောပြပါ့မယ်။
 
(၁) အရင်ဆုံး Start ထဲက Run ကိုနှိပ်ပြီးတော့ ကျလာတယ့် Box ကလေးထဲမှာ System32 လို့ရိုက်ထည့်ပြီး OK နှိပ်ပေးလိုက်ပါ။
 
(၂) သူပွင့်လာတယ့် Window menu bar မှာ Tools ထဲက Folder Options ကိုနှိပ်လိုက်ပါ။ ပြီးရင် Folder Options Window ထဲက View ဆိုတယ့် Tab မှာ "Hide extensions for known file types" ဆိုတယ့်နေရာမှာ အမှန်ခြစ်လေး ရှိနေရင် အဲဒီအမှန်ခြစ်ကို ဖြုတ်ပေးလိုက်ပါ။(မရှိရင်တော့ ဘာမှမလုပ်ရဘူးပေါ့နော် ... ;P)
 
(၃) ပြီးရင် File တွေအများကြီးရှိနေတယ့် System32 Window ထဲပြန်သွားလိုက်ပါ သူက File တွေကို အက္ခရာ အစဉ်လိုက် စီပေးထားတာဖြစ်ပါတယ်။
 
(၄) အဲဒီ File တွေထဲက WgaLogon.dll ဆိုတယ့် File လေးကိုရှာပြီး Wgalogon.dll.bak ဆိုပြီး Rename လုပ်ပေးလိုက်ပါ။
Wgarenme.png
(၅) နောက်ပြီး System32 Window ထဲက နေရာလွတ်တယ့် နေရာမှာ Right Click နှိပ်လိုက်ပါ ပြီးရင် New > Text Document ကိုရွေးပြီး ရလာတယ့် Text Document လေးကို WgaLogoon.dll လို့နာမည်ပေးလိုက်ပါ။ Crtebnkwga.png
ကွန်ပျူတာကနေ "If you change a file name extension, the file may become unusable. Are you sure want to change it?" လို့စာတန်းပါတယ့် warning ပေးပါလိမ့်မယ် ဒါပေမယ့် လောလောဆယ် Yes ကိုပဲ ရွေးထားပေးလိုက်ပါ
Wgawanignoyeas.PNG
(၆) အခုလာမယ့် နောက်ထပ်နှစ်ဆင့်ကတော့ မြန်မြန် လုပ်ဆောင်ရမှာပါ အရင်ဆုံး System32 ထဲက WgaTray.exe ကိုအရင်ရှာထားပါ။ ပြီးနောက် Task bar ပေါ်မှာ Right Click နှိပ်ပြီး task manager ကိုဖွင့်ထားပါ ပြီးရင် Process ဆိုတယ့် Tab လေးကိုရွေးထာလိုက်ပါ။
 
(၇) အားလုံးအဆင်သင့်ဖြစ်ပြီဆိုရင် System32 ထဲက ခုဏက ရှာထားတယ့် WgaTray.exe ဆိုတယ့် File လေးကို Shift+Delete နှိပ်ပြီး ဖျက်လိုက်ပါ ပြီးတာနဲ့ ချက်ချင်း ခုဏက ဖွင့်ထားတယ့် Task manager ထဲကိုဝင်ပြီး WgaTray.exe လေးကိုရှာပြီး သူ့အပေါ်မှာ Right Click ပေးပြီး End Processes ကိုရွေးပေးလိုက်ပါ။
 
(၈) ပြီးတာနဲ့ System32 Window ထဲကိုပြန်သွားပြီး ခုဏက WgaLogon.dll လို့နာမည်ပေးခဲ့တယ့် Text document လေးကို ဖျက်ပစ်ပြီး WgaLogon.dll.bak လို့နာမည်ပြောင်းပေးခဲ့တယ့် File လေးကိုတော့ အရင်နာမည်အတိုင်း Wgalogon.dll ဆိုပြီးပြန်ပြောင်းပေးလိုက်ပါ။ (အဆင့် ၇ နဲ့ ၈ ကို လုပ်ဆောင်ဖို့ အချိန် ငါးစက္ကန့်ပဲ ကြာရမှာဖြစ်ပါတယ် ဒါပေမယ့် ငါးစက္ကန့်ဆိုတာ လုံလောက်တဲ့ အချိန်အတိုင်းအတာတစ်ခုပါ ကျွန်တော့တုန်းကလည်း ၄ ခေါက်မြောက် ကြိုးစားမှ ဒီနောက်ဆုံး နှစ်ဆင့်ကို အောင်မြင်ခဲ့ပါတယ်။)
 
အားလုံးပြီးသွားပြီဆိုရင်တော့ ကိုယ့်စက်လေးကို Restart ပေးလိုက်ပါ ပြန်ပွင့်လာတယ့်အခါ Window က Activate ဖြစ်နေတာကို ဝမ်းသာစွာ တွေ့ရမှာဖြစ်ပါတယ်။
 
Window XP မှာ Window Geniune ပြဿနာ ရှိတယ့်သူများ အဆင်ပြေကြပါစေ။
စေတနာများစွာဖြင့်(လဝန်းညို)

No comments:

Post a Comment