deptsystem2010, Gtalk မှာ လာမေးထားတယ့် မေးခွန်းလေးပါ။ Internet
Browser Firefox နဲ့ပဲဖြစ်ဖြစ် Internet explorer နဲ့ပဲဖြစ်ဖြစ် Gmail ကို
Sign
in ဝင်လိုက်ရင် ဘယ်ဖက်ဘေးမှာရှိနေကျ ဖြစ်တယ့် Gralk သုံးလို့မရလို့
ပြောပြပါဦး ဆိုလို့ လိုက်ရှာကြည့်မိတာ ခေါင်းပါမူးသွားတယ်။ ဟားဟား
တွေ့မယ့်တွေ့တော့လည်း လွယ်လွယ်လေးဗျ။ ဒီနည်းလေးက သိပြီးသားလူတွေ
အတွက်တော့ ဘာမှ မဖြစ်လောက်ပါဘူး ဒါပေမယ့် မသိသေးသူများအတွက် ဗဟုသုတ
တိုးစေရန်အတွက် ဖော်ပြလိုက်ရပါတယ် သိပြီးသား ကိုကို မမ များကတော့
သီးခံပေးပေါ့နော်။ ကဲကဲ ပြောပြမယ်နော် ကိုယ်ကိုယ်တိုင် သွားကလိလို့ပဲ
ဖြစ်ဖြစ် ဒါမှ မဟုတ် မတော်တဆပဲ ဖြစ်ဖြစ် ကိုယ့် Gmail Homepage
မှာရှိတယ့် Gtalk Function လေး ပျောက်သွားပြီး အောက်မှာ ပြထားတယ့်
ပုံလေးအတိုင်းဖြစ်နေပြီဆိုရင် ဘယ်လိုလုပ်ရမယ်ဆိုတာ
တစ်ဆင့်ချင်းရှင်းပြပါ့မယ်။
ဒါက ကျွန်တော့ မေးလ် အကောင့်ကို ဥပမာအနေနဲ့ ပြထားတာပါ။ ကဲ
ကိုယ်က Gmail ကိုလည်း Sign In ဝင်ထားပြီးပြီ ဒါပေမယ့် ကိုယ့် Mail Box
ဘယ်ဖက်ဘေးမှာရှိတယ့် Gtalk Chat Box ကလေးက
ဒီလိုပြနေတယ်ဆိုရင်.............
ဟိုးအောက်ဆုံးရောက်တယ့် အထိ Scroll Down လုပ်ပြီး
ဆင်းသွားလိုက်ပါ။ ပြီးရင်ကျွန်တော် မှင်နီလေးနဲ့ ဝိုင်းပြထားတယ့် နေရာက
Turn on chat
ဆိုတာလေးကို Click တစ်ချက်ပေးလိုက်ပါ။ ပြီးရင်တော့ ဘော်ဒါတို့ရဲ့ ခုဏက
Disable ဖြစ်နေတယ့် Chat Box လေးကိုသွားပြန်ကြည့်လိုက်ပါ။
Enable ပြန်ဖြစ်သွားပြီး ဒီလိုလေး ပေါ်နေတာကို
ဝမ်းသာစွာတွေ့ရမှာဖြစ်ပါတယ်။ ဒါဆိုရင်တော့ ကိုယ့် Gmail ကနေ Gtalk
ကိုပြန်ပြီးသုံးလို့ ရသွားပါပြီ။
ကိုယ်မသုံးချင်တော့လို့ ပိတ်ထားချင်ရင်လည်း ခုဏကနေရာလေးမှာပဲ
နောက်တစ်ခေါက် Click ပေးပြီး ပြန်ပိတ်ထားနိုင်ပါတယ်။
အားလုံးအဆင်ပြေကြပါစေ။
စေတနာများစွာဖြင့် (လဝန်းညို) ဆိုဒ်မှပြန်လည်တင်ပြပေးပါသည်
No comments:
Post a Comment