(၁) Notepad လေးတစ်ခုဖွင့်လိုက်ပါ... Start-> Run-> ကနေ Notepad လို့ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ။
(၂) အဲဒီ Notepad ထဲမှာ start start start start start ဆိုပြီး ရိုက်ထည့်လိုက်ပါ Start တစ်ခုနဲ့ တစ်ခုကြားမှာ Space လေးခြားထား ပေးရပါမယ်။ များလေကောင်းလေပါပဲ start အရေအတွက် အနဲဆုံး အခေါက်သုံးဆယ်လောက်ရှိ ရင်ပိုကောင်းပါတယ်။
(၃) ပြိးရင် File ထဲက save as ဆိုတယ့်နေရာမှာ save လုပ်ပေးလိုက်ပါ File name ကိုကိုယ်ကြိုက်တယ့်နာမည် ပေးနိုင်ပါတယ် ဒါပေမယ့် နာမည်ရဲ့နောက်မှာ .bat ဆိုတာလေးတော့ ထည့်ပေးရပါမယ်... ဥပမာ ကိုယ်က Photo လို့နာမည်ပေးမယ်ဆိုရင် Photo.bat ဆိုပြီးပေးရပါမယ်။
(၄) ပြီးရင် အောက်က Save as type ဆိုတယ့်နေရာမှာ သူ့ File type ကို All File ပြောင်းပေးလိုက်ပါ.. ပြီးရင် ကိုယ် သိမ်းချင်တယ့် နေရာကိုရွေးပြီး သိမ်းပေးလိုက်နိုင်ပါပြီ။
(၅) နောက်ဆုံးအဆင့်ကတော့ လွယ်ပါတယ် ကိုယ်သိမ်းထားတယ့် ဖိုင်လေးကိုရှာပြီး Run ပေးလိုက်ပါ။
CMD ဆိုတယ့် Window အမဲရောင်ကြီးတွေ အထပ်လိုက်ကျလာမှာ ဖြစ်ပါတယ် ဒါက အရင် ကိုယ် notepad ထဲမှာ ရိုက်ခဲ့တယ့် start အရေတွက်အတိုင်း ပွင့်မှာဖြစ်ပါတယ် ကိုယ်က start ကိုအခါတစ်ရာ ရိုက်ထားရင် CMD window အခုတစ်ရာပွင့်မှာပါ။ တစ်ကယ့် virus အစစ်တော့မဟုတ်ပါဘူး ဒါပေမယ့် မသိတယ့်သူတွေကတော့ တော်တော်လန့်သွားမှာ ကျွန်တော်လည်း ဒီဟာနဲ့ခပ်ဆင်ဆင် တစ်ခေါက်ခံရဖူးတယ် ကွန်ပျူတာလေး မတောက်တခေါက်နဲ့ အွန်လိုင်းပေါ်တက်လာခါစ တုန်းကပေါ့ ကိုယ့်ထက်ဝါရင့်တယ့်သူတွေက ဝိုင်းပညာပေးတယ်လို့ခေါ်မလား ကျီစယ် တယ်လို့ခေါ်မလားပဲ .... အေးလေ ချစ်လို့ ကျီစယ်တယ်ပဲ သဘောထားပေးလိုက်ပါတယ်။ ဒါပေမယ့် အဲဒီတုန်းက တော့ဒုက္ခပဲ ငါ့ Laptop လေးပျက်များ ပျက်သွားပြီလားဆိုပြီး ဟိုလူ့ဆရာခေါ်ရမလို ဒီလူ့ဆရာခေါ်ရမလိုနဲ့ တော်တော်လေး ကသိကအောင့် ဖြစ်ခဲ့ရဖူးပါတယ်။ အခုကျွန်တော်မျှဝေပေးနေတယ့် ပညာတွေက သူတစ်ပါးကို ဒုက္ခပေးဖို့ စိတ်ညစ်အောင်လုပ်ဖို့မဟုတ်ပါဘူး။ မသိသေးသူများ ဗဟုသုတ ရစေချင်လို့ ပြီးတော့ ကျွန်တော်တို့မြန်မာလူငယ်တွေ ကျွန်တော့လို စိတ်ဒုက္ခ ဆင်းရဲမရောက်စေချင်လို့ပဲ ပဲဖြစ်ပါတယ်။ အားလုံးလည်း နားလည်ပေး နိုင်လိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။
(လဝန်းညို)
No comments:
Post a Comment