မင်္ဂလာပါဗျာ ဝေယံအိမ်သစ်လေးမှ ကြိုဆိုပါတယ် ဒီကနေ့ဟာပျော်ရွှင်စရာနေ့လေးဖြစ်ပါလို့ဆုတောင်းလိုက်ပါတယ် ကျွန်တော့အိမ်သစ်ကလေးဟာ တော်လို့တတ်လို့ ပြုလုပ်ထားခြင်းမဟုတ်ပါ လေ့လာသင်ယူရင်းနဲ့ ဖြန့်ဝေမူများလုပ်နေခြင်းဖြစ်ပါသည် အားလုံးကိုကျေးဇူးတင်ပါတယ်

Wednesday, October 31, 2012

Hack ချင်ရင်

You-Have-been-hacked.jpg
          လာပြန်ပြီနော် နောက်ထပ် Hacking tool Pack လေးပါ။ သူ့ထဲမှာ Hacking အတွက် လိုအပ်တယ့် ကိရိယာ တန်ဆာပလာ တွေအားလုံးအစုံ ပါပါတယ်။ အသုံးပြုပုံကတော့ မရေးပေးတော့ဘူး ကျွန်တော်လည်း စမ်းကြည့်နေတုန်းပဲ ရှိသေးပါတယ်။ စမ်းကြည့်ရ သလောက်ကတော့ တော်တော်လေးကောင်းတယ်လို့ ပြောလို့ရပါတယ်။ ဒါပေမယ့် ဒီကောင်လေးက မသုံးတတ်ရင် အန္တာရယ် တော့အလွန်များပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဒီကောင်လေးထဲမှာ Victim ဆီကိုပို့ပေးရမယ့် Server.exe ဆိုတယ့် Trojan Virus ပြုလုပ်တယ့် Tool လေးတွေပါ ရှိပါတယ် ကိုယ်က မတော်တဆ ကိုယ့်ကွန်ပျူတာထဲမှာ ဒီကောင်လေး သွား Run မိပြီဆိုရင် ကိုယ့်စက်ရဲ့ Window OS တစ်ခုလုံးကို ထိခိုက်နိုင်တယ့်အထိ အန္တာရယ် ကြီးမားပါတယ်။ ဒါကြောင့် ကိုယ့်ကွန်ပျူတာကို ကိုယ်တိုင်ကိုယ်ကျ ပြင်ဆင်နိုင်ခြင်း Window တင်နိုင်ခြင်းမရှိသေးသူများကို အသုံးမပြုစေလိုပါဘူး။ နောက်ပြီးတော့ ဒီ Hacking Pack Program လေးကို Run တယ့်အချိန် မှာကိုယ့်စက်ထဲမှာ ရှိတယ့် Anti-Virus Program တွေကို ပိတ်ထားရမှာဖြစ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ Hacking Tool တွေအားလုံးကို Anti-Virus Program တွေက Virus အနေနဲ့ပဲသိကြတာပါ။ ဒီ Tool လေးကိုယူမယ်ဆိုရင်လည်း လဝန်းညို ကိုယုံကြည်မှ ယူပါ ပြီးမှ Virus ကြီးကို Share လုပ်တယ်ဘာတယ်နဲ့ ပြောခံရမှာ ကြောက်ကြောက်။ ကျွန်တော်ထပ်သတိပေးပါရစေ ဒီ Hacking Pack ကလေးဟာ Hacking အကြောင်းကို အတန်အသင့် နားလည် သဘောပေါက်ထားပြီးသော သူများအတွက် ရည်ရွယ်ပြီး မျှဝေပေးခြင်း ဖြစ်ပါတယ်။ ဒီ Program လေးအသုံးပြုပြီး ဘယ်သူ့ကိုမှ တိုက်ခိုက်ခြင်း နစ်နာအောင် ပြုလုပ်ခြင်းများ မဖြစ်ကြစေလိုပါ။ ဗဟုသုတ အဖြစ် ပညာရပ်တစ်ခု အဖြစ်လေ့လာစေ ဖို့ပဲ ရည်ရွယ်ပါတယ်။ လိုချင်တယ့်သူများ ကတော့ ထုံးစံအတိုင်း အောက်မှာ အဝဆွဲလိုက်ကြပါ။
     Download Link <-- ဒီမှာဒေါင်းကြဗျို့။
(လဝန်းညို)

No comments:

Post a Comment