မင်္ဂလာပါဗျာ ဝေယံအိမ်သစ်လေးမှ ကြိုဆိုပါတယ် ဒီကနေ့ဟာပျော်ရွှင်စရာနေ့လေးဖြစ်ပါလို့ဆုတောင်းလိုက်ပါတယ် ကျွန်တော့အိမ်သစ်ကလေးဟာ တော်လို့တတ်လို့ ပြုလုပ်ထားခြင်းမဟုတ်ပါ လေ့လာသင်ယူရင်းနဲ့ ဖြန့်ဝေမူများလုပ်နေခြင်းဖြစ်ပါသည် အားလုံးကိုကျေးဇူးတင်ပါတယ်

Thursday, November 1, 2012

Photo Shop Cs5

Photo Shop Cs5 လေးပါ ယူသွားလိုက်ပါဦး သူက Portable လေးပါFile Size 121Mb ကျော်ကျော်လေးပဲ ရှိပါတယ် ကျွန်တော် စမ်းသုံးကြည့်တာ တော်တော်လေး အဆင်ပြေပါတယ် ကျွန်တော် အခုသုံးနေတယ့် Vista မှာတော့ ကောင်းကောင်း အလုပ်လုပ်တယ် Window 7 မှာတော့ မစမ်းကြည့်ရသေးဘူး။ အဆင်မပြေတယ့်သူများ Comment လေးတွေပေးခဲ့ကြပါ ကျွန်တော်ထပ်တင်ပေးပါ့မယ်။ သူ့ကို Portable အနေနဲ့ ဘယ်လို အသုံးပြုရမယ်ဆိုတာ အောက်မှာပုံလေးတွေနဲ့ ပြန်ရှင်းပြထားပါတယ်။
          ပထမဦးဆုံး Download လုပ်လို့ရလာတယ့် .rar File လေးကို ကိုယ်အဆင်ပြေတယ့်နေရာမှာ ဖိုင်ပြန်ဖြေလိုက်ပါ။ ပြီးရင် Adobe.Photoshop.CS5.raven.exe ဆိုတယ့် ဖိုင်လေးကို နှစ်ချက်နှိပ်ပြီးဖွင့်လိုက်ပါ။
photo-shop1.1.jpeg
 
          ဒီကောင်လေးကို ဖွင့်လိုက်ပြီးရင် နောက်ထပ် Window တစ်ခု ထပ်ပေါ်လာပါလိမ့်မယ်။
 
photo-shop1.2.jpeg
 
          ဒီမှာ Install ဆိုတယ့် Button လေးကိုပဲ နှိပ်ပေးလိုက်ပါ ပြီးရင် သူ့ဟာသူ အလုပ်လုပ်သွားပါလိမ့်မယ်။ သုံးမိနစ်လောက် နေလို့ အားလုံးပြီးသွားရင် Adobe Photoshop CS5 ဆိုတယ့် Folder လေးသူ့ဟာသူ အလိုလို ပေါ်လာပါလိမ့်မယ်။



 
Photo-shop.jpeg
 
          အဲဒီ Folder လေးကိုတွေ့ပြီဆိုရင် ကလစ်နှစ်ချက်ပေးပြီးဖွင့်လိုက်ပါ ပွင့်လာရင် Folder တွေ File တွေ အများကြီး တွေ့ရမှာ ဖြစ်ပါတယ် အဲဒီ ထဲမှာ အောက်က ကျွန်တော်ပြထားတယ့် .exe Icon လေးကို ရှာပြီးဖွင့်လိုက်ပါ။
 
Photo-shop2.jpeg
 
           ပြီးရင် ကိုယ့်ကွန်ပျူတာမှာ Photo Shop cs5 ကိုအသုံးပြုလို့ရသွားပါပြီ။ ကိုယ်ဘယ်သွားသွား ဘယ်စက်မှာသုံးသုံး အဆင်ပြေပြေ ကိုယ့် USB လေးထဲထည့်ထားပြီး သုံးချင်တယ်ဆိုရင်တော့ အဲဒီ Adobe Photoshop CS5 ဆိုတယ့် Folder လေးကို ကိုယ့် USB ထဲကူးထည့်ထားလိုက်ကြပါ ဘယ်ကိုရောက်ရောက် ဘယ်စက်မှာပဲသုံးသုံး ကိုယ်တစ်ကယ်လိုအပ်တယ့် အချိန်ရောက်မှ ဟာ.... ဒီစက်မှာ Photo Shop မှထည့်ထားရဲ့လား ဆိုပြီး စိုးရိမ်ရတယ့် ဒုက္ခကင်းဝေးရတာပေါ့။ ဟုတ်ဘူးလား လိုရမယ်ရ ဆိုပြီးတော့ပဲ ဖြစ်ဖြစ် ကိုယ့်အတွက်တစ်ကယ်လိုအပ်လို့ပဲဖြစ်ဖြစ် လိုချင်သူများ အောက်မှာ ဒေါင်းသွားလိုက်ကြပါ.....
     Download Link <-- ဒီမှာဒေါင်းရမှာနော်။
(လဝန်းညို)

No comments:

Post a Comment