ကျနော်တို့တွေ ဟာ အင်တာနက်ပေါ်မှာမကောင်းမှုလုပ်ချင်ရင်ဖြစ်ဖြစ် .... မိမိအမှန်တကယ်သုံးနေတဲ့နေရာ
ကိုမသိစေချင်တာဖြစ်ဖြစ်၊ဟက်ကင်းတွေလုပ်လိုတာပဲဖြစ်ဖြစ်၊ဆိုက်တွေကိုကျော်ခွချင်တာဖြစ်ဖြစ် Proxy
တွေ ကျော်ခွဆိုက်တွေ သုံးကြရမှာပါ။တချို့ကလဲ (သတင်းသမားတွေ)မိမိတို့လုံခြုံစိတ်ချရဖို့ Real IP ကိုဖျောက်ထားရပါတယ်။
ဒီအခါမှာ Proxy Number တွေ ပရောက်ဇီ ဆော့ဝဲတွေ အစရှိသဖြင့်သုံးကြပါတယ်။
ဒါတွေဟာမိမိတို့  အိုင်ပီကိုတကယ်ဖျောက်ပေးလားဆိုရင် မဖျောက်ပေးပါလို့ပြောပါ ရစေ
Real Hide Ip software ,Auto Hide ip အစရှိသဖြင့်နာမည် ကျော် ဆော့ဝဲတွေဟာလဲတကယ်တမ်းဖျောက်မပေးနိုင်
ပါဖူး ဒါပေမယ့် ကျနော် ကို ၊အကိုတော်တစ်ယောက်က Tor Browser သုံးဖို့ လမ်းညွှန်လာပါတယ်။
ကျနော် သုံးကြည့်တော့  မဆိုး ဖူး IP ကို တကယ်ဖျောက်ပေးပြောင်းပေးနိုင်တာတွေ့  ရတယ်။
၁၀၀ ရာနှုန်း အလုပ် ဖြစ်မဖြစ်ကိုတော့  ဆရာ့ ဆရာ ကြီးများကသာ သိပါလိမ့်မယ်။ဘာပဲဖြစ်ဖြစ်
နဲနဲတော့အလုပ်ဖြစ်မှာမို့  စမ်းသုံးကြည့် ရအောင် ....
Tor Browser က မောက် ဇီလာ နဲ့ဆင်တူ ပါ တယ် ။ဘယ်ဆိုက်မှာ ပိတ်မထား ဖူး အကုန် ကြည့်လို့  ရတယ်။
ပြီးတော့  အိုင် ပီကို ခဏခဏ ချိန်း ပေးတယ်။ကျနော် တို့  စမ်းကြည့်ရအောင်
https://www.torproject.org/download/download.html.en ကနေ မိမိတို့စက်နဲ့ကိုက်ညီမယ့်ဗားရှင်းကို
ဒေါင်းလုပ်ဆွဲနိုင်ပါပြီ ....
ပုံမှာ ပြထား တဲ့ အတိုင်း မိမိတို့ အိုင်ပီကိုအမှန်မပြပဲ ။အခြားအိုင်ပီပြတာတွေ့ မှာ ပါ ။
မိမိအိုင်ပီသိချင်ပါက www.whatismyip.com မှာ ၀င်ကြည့်နိုင်ပါသည်။
Saturday, December 1, 2012
အင်တာနက်သုံးရင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment