မင်္ဂလာပါဗျာ ဝေယံအိမ်သစ်လေးမှ ကြိုဆိုပါတယ် ဒီကနေ့ဟာပျော်ရွှင်စရာနေ့လေးဖြစ်ပါလို့ဆုတောင်းလိုက်ပါတယ် ကျွန်တော့အိမ်သစ်ကလေးဟာ တော်လို့တတ်လို့ ပြုလုပ်ထားခြင်းမဟုတ်ပါ လေ့လာသင်ယူရင်းနဲ့ ဖြန့်ဝေမူများလုပ်နေခြင်းဖြစ်ပါသည် အားလုံးကိုကျေးဇူးတင်ပါတယ်

Friday, November 30, 2012

ZawGyi Myanmar Font for Gtalk, Window 7 32 and 64bit

အရင်တုန်းက Internet Browser နဲ့ Gtalk တွေမှာ မြန်မာစာကို ဖတ်နိုင်အောင် လုပ်ဖို့ အခက်အခဲတွေ ရှိခဲ့တယ်။ ဘာလို့လဲဆိုတော့ အသစ်ထွက်တဲ့ Browser Version နဲ့ Myanmar Font package နဲ့တွဲသုံးဖို့အတွက် Compatible သိပ်မဖြစ်တာ များပါတယ်။ တစ်ချို့ဆိုရင် Firefox နဲ့ Gtalk တွေမှာ မြန်မာ font သွင်းပြီးတဲ့ခါမှာ ဖတ်လို့ ရပေမယ့် ရိုက်လို့မရတဲ့ပြသာနာမျိုးတွေဖြစ်တတ်ပါတယ်။ အဖြစ်များတာက Window 7 64bit မှာပါ။

ဒါပေမယ့် အခု အွန်လိုင်းမှာ မြန်မာ Programmer တွေအသစ်ထုတ်လိုက်တဲ့ Zaw Gyi font တစ်ခုကြောင့် အားလုံး အဆင်ပြေစွာနဲ့ပဲ Window 7 က 32 bit နဲ့ 64 bit မှာကော ကောင်းစွာပဲ ဖတ်နိုင်/ရိုက်နိုင်ပါပြီ။

ZawGyi Font အသစ်ကို အောက်ပါ link မှာ နှိပ်ပြီး Download လုပ်ပြီး Install လုပ်ပြီး သုံးစပ်ကြည့်ပါ။ကျွန်တော့်စက်က Myanmar font ပြသာနာက ဒီ font နဲ့မှာ အိုကေသွားပါတယ်။
မှတ်ချက်။ ။ အောက်တွင်ပေးထားသော ခလုတ်ကိုနှိပ်ပြီးသောအခါတွင် စာမျက်နှာအသစ်တစ်ခုပေါ်လာမည်။ ၎င်းစာမျက်နှာပေါ်တွင် "Click Here To Start Download from Sendspace" ဆိုသော အပြာရောက်စာတန်းလေးကိုသာနှိပ်လိုက်ပါ။

No comments:

Post a Comment