မင်္ဂလာပါဗျာ ဝေယံအိမ်သစ်လေးမှ ကြိုဆိုပါတယ် ဒီကနေ့ဟာပျော်ရွှင်စရာနေ့လေးဖြစ်ပါလို့ဆုတောင်းလိုက်ပါတယ် ကျွန်တော့အိမ်သစ်ကလေးဟာ တော်လို့တတ်လို့ ပြုလုပ်ထားခြင်းမဟုတ်ပါ လေ့လာသင်ယူရင်းနဲ့ ဖြန့်ဝေမူများလုပ်နေခြင်းဖြစ်ပါသည် အားလုံးကိုကျေးဇူးတင်ပါတယ်

Wednesday, December 5, 2012

*’Gmail ကို လုံခြုံမှုရှိရန်နည်းလမ်းလေးပါ’*

*’Gmail ကို လုံခြုံမှုရှိရန်နည်းလမ်းလေးပါ’*
ဂျီမေးလ် အကောင့်လေး စိုးရိမ်တက်သူများအတွက်
ရေးပေးလိုက်တာပါ ဘာပညာမှတော့
ထူးထူးဆန်းဆန်းမပါပါဘူး ပညာရှင်များအတွက်တော့ ဟာသဖြစ်နေမှာပါ ဒါပေမယ့်
ကျနော်လို ဘာမှ မသိသေးသူများအတွက် ရည်ရွယ်ပြီး ရှင်းပြလိုက်တာပါ
ပထမအဆင့် *Protocol Secure*
ကိုယ့်အကောင့်ကို *Changing the HTTPS setting* သို့ပြောင်းပါ HTTPS
*(Hypertext Transfer Protocol Secure) *ဆိုတာက *HTTP (Hypertext Transfer
Protocol)* ထက် ပိုပြီး လုံခြုံရေးအဆင့်တခုရှိနေပါတယ် သူက *secure protocol*ပါ
လုပ်ရတာလွယ်ပါတယ်
(၁) မိမိအကောင့်ကို *Sign up *လုပ်ဝင်လိုက်ပါ
(၂) *yourmail@gmail.com *ဘေးနားမှ *Settings* ထဲကို ၀င်လိုက်ပါ
(၃) *General* မှာ *Browser connection * မှ *Always use https* ကို
မှတ်ပေးလိုက်ပါ


(၄) အောက်ဆုံးမှာသွားပြီး *Save Changes* လုပ်လိုက်ရင် ပြီးပါပြီ
ကိုယ်မေးလ်အကောင့် ကို ၀င်လိုက်တိုင်း *http:// *မဟုတ်တော့ပါဘူး *https://*
ဖြစ်နေတာကိုတွေ့ရမှာပါ ဒုတိယအဆင့် Password
မိမိ အကောင့် *password *ကို ရိုးရိုးကြီး မပေးထားပါနှင့် ဥပမာ*( password
)*ဆိုတာမျိုးထက*်( pAssWord123SeCurE )*လို့ပေးနိုင်ရင် အကောင်းဆုံးလို့
Google ဆိုထားပါတယ် နောက်ပြီး အကောင့် *password ကို တနှစ်မှာ အနည်းဆုံး
နှစ်ကြိမ်ပြောင်းရန် Google တိုက်တွန်းထားပါတယ် Microsoft အဆိုအရ password
တခုဟာ (၇၂) ရက်ထက်ပိုပြီး မလုံခြုံပါဘူးလို့ ပြောထားတာလည်း ရှိပါတယ်*
မိမိနှစ်သက်သလို ရွေးချယ်ပါ
တတိယအဆင့် Password recovery options
အရေးအကြောင်းရှိလို့ ကိုယ့်အကောင့် *password *မေ့သွားရင် ဖြစ်ဖြစ် ဒါမှမဟုတ်
အခြားသူတယောက်က မိမိအကောင့်ကို *password recovery *လုပ်ပြီးအခိုးမခံရအောင်
မိမိအကောင့်စဖွင့်တဲ့အချိန်က ပေးထားသော *recovery *အကောင့်ကို
များသောအားဖြင့် သူငယ်ချင်း တယောက်ယောက်ရဲ့ အကောင့်ပေးထားလေ့ရှိပါတယ်
အဲဒီလို ပေးထားရင် အကောင်းဆုံးက အမြန်ဆုံးပြောင်းလိုက်ပါ မိမိရဲ့ အကောင့်
*Recovery* ကိုလည်း စိတ်တိုင်းကျ ပြောင်းရအောင်
(၁) မိမိအကောင့်ကို *Sign up *လုပ်ဝင်လိုက်ပါ
(၂) *yourmail@gmail.com *ဘေးနားမှ *Settings *ထဲကို ၀င်လိုက်ပါ
(၃) *Account and Import *မှ အောက်ဆုံးမှာရှိသော *Google Account setting* မှ
*Visit your Google Account setting *ကလစ်နှိပ်ဝင်ပါ
(၄) *Personal Settings *အောက်မှ *Change password recovery options* ကို
ကလစ်နှိပ်ဝင်ပြီး မိမိစိတ်တိုင်းကျ လုံခြုံစိတ်ချရအောင်ပြောင်းနို
င်ပါသည်။
ဒီလောက်လုပ်ပြီးရင်တော့ တော်တော်လေးစိတ်ချရပါပြီ *Google နှင့်
အဆင့်မြင့်နည်းပညာသုံး ပညာရှင်များသာလျှင်*
မိမိအကောင့်ကိုခိုးနိုင် ဖတ်နိုင်ပါလိမ့်မည်။
ဒီနည်းလေးတွေကဖတ်ဖူးတာကိုပြန်လည်မျှဝေတာနော်။အဆင်ပြေကြပါစေသူငယ်ချင်းတို့။
မှတ်ချက်။ ။
*အထက်ပါ အကြောင်း အရာများသည် နည်းလမ်းတစ်ခုသာဖြစ်ပါသည်။ လုံးဝ စိတ်ချယုံကြည်
နေရမည်ဟု မဆိုလိုပါ။
အဆင်မြင့် နည်းပညာများသည် အမြဲဆက်လက် တည်ရှိနေဦးမည် ဖြစ်သောကြောင့်*………..
**.ရတနာပုံနေပြည်တော်သတင်းစာ

No comments:

Post a Comment