မင်္ဂလာပါဗျာ ဝေယံအိမ်သစ်လေးမှ ကြိုဆိုပါတယ် ဒီကနေ့ဟာပျော်ရွှင်စရာနေ့လေးဖြစ်ပါလို့ဆုတောင်းလိုက်ပါတယ် ကျွန်တော့အိမ်သစ်ကလေးဟာ တော်လို့တတ်လို့ ပြုလုပ်ထားခြင်းမဟုတ်ပါ လေ့လာသင်ယူရင်းနဲ့ ဖြန့်ဝေမူများလုပ်နေခြင်းဖြစ်ပါသည် အားလုံးကိုကျေးဇူးတင်ပါတယ်

Wednesday, December 5, 2012

Dota ဂိမ်းများကို ပြည်တွင်း၌ အွန်လိုင်းမှ တစ်ဆင့် တိုက်ရိုက်ကစားနိုင်

ပြည်တွင်း၌ လူကြိုက် အလွန် များသော Dota ဂိမ်းများကို ပြည် တွင်း၌ပင် အွန်လိုင်းမှ တစ်ဆင့် တိုက်ရိုက် ကစား နိုင်နေပြီ ဖြစ်ကြောင်း သိရသည်။ ရတနာပုံဝက်(ဘ်)ပေါ် တယ်၏ ဖွံ့ဖြိုးတိုးတက်ရေး စီမံ ကိန်းတစ်ရပ်အနေဖြင့် ရတနာပုံ တယ်လီပို့ကုမ္ပဏီနှင့် Elite Tech IT Services ကုမ္ပဏီတို့ပူးပေါင်း၍ ပြု လုပ်ခြင်းဖြစ်ကြောင်း သိရသည်။ Dota Online Deta ကို နိုဝင်ဘာ လ ၁ ရက်နေ့ကနေစပြီး အွန်လိုင်း မှာ စတင်ကစားနေနိုင်ပါပြီ။ လော လောဆယ်တော့ နြအေ အဆင့်ဖြစ် ပြီး Register လုပ်ရန်လိုအပ်ကြောင်း သိရသည်။ Dota ဂိမ်းကစားရန်အ တွက် ဝက်(ဘ်)လိပ်စာမှာ http://ent.yatanarpon.com.mm ဖြစ်ကြောင်း သိရသည်။ Dota ဂိမ်းကိုကစားနည်း ချိတ်ဆက်ကစားပုံများကိုလည်း အထက်ပါလင့်တွင်ပင် ဖော်ပြထား ကြောင်း သိရသည်။ ကစားနေစဉ် အတွင်း အင်တာနက်လိုင်းကျမှု ကြောင့် ကစားမှုကို ထိခိုက်ခြင်းမရှိ နိုင်ကြောင်းလည်း သိရသည်။ ရ တနာပုံဝက်(ဘ်)ပေါ်တယ်၏ Dota Online Beta ကိုကစားနိုင်ရန်အတွက် Adsl, Broadband, IT star, McWill, WiMax အပါအဝင် CDMA ဖုန်းများမှ ရရှိ သော EVDO စနစ်အစရှိသည့် အင် တာနက်စနစ်တစ်ခုခု ရှိရန်လိုအပ် ကြောင်း သိရသည်။ အဆိုပါ Dota online Beta ကို ပြည်တွင်း၌ ပြည်နယ်နှင့်တိုင်းဒေ သကြီးများ၏ အင်တာနက်ချိတ် ဆက်ထားသည့် မည်သည့်နေရာ မှမဆို ချိတ်ဆက်ကစားနိုင်ပြီဖြစ် ကြောင်းလည်း Elite Tech IT Services မှ တာဝန်ရှိသူတစ်ဦးကပြောကြား ခဲ့သည်။

No comments:

Post a Comment