မင်္ဂလာပါဗျာ ဝေယံအိမ်သစ်လေးမှ ကြိုဆိုပါတယ် ဒီကနေ့ဟာပျော်ရွှင်စရာနေ့လေးဖြစ်ပါလို့ဆုတောင်းလိုက်ပါတယ် ကျွန်တော့အိမ်သစ်ကလေးဟာ တော်လို့တတ်လို့ ပြုလုပ်ထားခြင်းမဟုတ်ပါ လေ့လာသင်ယူရင်းနဲ့ ဖြန့်ဝေမူများလုပ်နေခြင်းဖြစ်ပါသည် အားလုံးကိုကျေးဇူးတင်ပါတယ်

Wednesday, December 19, 2012

ဟတ်ဟတ်သေချာဖတ်ကြည့် နော်ပြီးမှကောင်းတယ်မလုပ်နဲ့ အွန့် 





ဒီဂျစ်တယ် ခေတ်ကြီးမှာ မှတ်တမ်းမှတ်ရာတွေကို သိမ်းဆည်းရတာ လွယ်ကူလာပါတယ်.. သို့ပေမဲ့လဲ Digital Devices တွေတိုင်းမှာ သူ့ရဲ့ သက်တမ်းရှိပါတယ်.. အချက်အလက်တွေကို Digital နည်းအားဖြင့် သိမ်းဆည်းထားမယ်ဆိုရင် အဲ့ဒီ Device/Media ဟာ သူ့သက်တမ်း ကုန်သွားမယ်ဆိုရင် ဘယ်လိုမှ ပြန်လည် ရရှိအောင် လုပ်ယူလို့မရနိုင်တော့ပါဘူး.. နည်းလမ်း ပေါင်းစုံနဲ့ ပြန်ရအောင် လုပ်မယ်ဆိုရင်လဲ ၁၀၀%အကုန် ပြန်ရဖို့ဆိုတာ ငွေကုန်ကြေးကျ များနိုင်သလို.. သေချာမှုလဲ မရှိပါဘူး..
ယနေ့ ကျွန်တော်တို့တွေ အများဆုံး သိမ်းဆည်းနေကြတဲ့ CD/DVD တွေ၊ HDD/Flash Memory တွေဟာလဲ သက်တမ်းအားဖြင့် အလွန်တိုတောင်းပါတယ်။ ၁၀စုနှစ် တစ်ခုလောက်တောင် သိမ်းထားနိုင်စွမ်း မရှိပါဘူး။ 
HDD တစ်ခုရဲ့ သက်တမ်းဟာ ၃နှစ်မှ ၇နှစ်
DVD တစ်ချက်ရဲ့ သက်တမ်းဟာ ၆လ
Flash Drive တစ်ခုရဲ့ သက်တမ်းဟာ ၅နှစ်မှ ၈နှစ်
Tape Drive ရဲ့ သက်တမ်းဟာ ၁၅နှစ်အောက် ဆိုပြီး အသီးသီးသက်တမ်းရှိကြပါတယ်။
သို့ဆိုရင် ၁၀စုနှစ် နှစ်ခု၊ သုံးခု တည်တံ့နိုင်အောင် သိမ်းဆည်းဖို့ လိုအပ်တဲ့ ဘ၀ရဲ့ အမှတ်တရတွေ၊ အချက်အလက်တွေ မပျောက်မပျက်အောင် မည်သို့ သိမ်းဆည်းကြပါမည်နည်း။
နည်းပညာသစ်ဖြင့် ပြုလုပ်ထားတဲ့ Mellenniata က ထုတ်တဲ့ M-Disc ဆိုတဲ့ DVD ဟာ တစ်ခါရေးမှတ်ထားရင် နှစ်ပေါင်း ၁၀၀၀ ကျော် ကြာရှည်ခံနိုင်တယ်လို့ ဆိုပါတယ်။ ထောင်စုနှစ်တစ်ခုလောက်တော့ မပျက်မဆီးပဲ တည်ရှိနိုင်တယ်လို့ အာမခံထားပါတယ်။
အဘယ်သို့ သိမ်းဆည်းမည်နည်း?
သာမာန် DVD တစ်ချက်ဟာ Laser ရောင်စဉ်တမ်းကို အသုံးပြုပြီး Organic Dye Layer တွေပေါ်မှာ အမှတ်အသားတွေ ပြုလုပ်ပါတယ်။ အဆိုပါ Layer တွေဟာ အလင်း၊ အပူ၊ ဓာတ်ပစည်းတွေကြောင့် အချိန်ကြာလာတာနဲ့အမျှ ပျက်စီးပြီး၊ မှတ်သားထားတာတွေ ပျောက်ကွယ်သွားနိုင်ပါတယ်။ ဘယ်လိုပဲ သေချာစွာ သိမ်းဆည်းထားပါစေ၊ ဓာတ်ပြုပြောက်ကွယ်သွားနိုင်တဲ့ Organic Layer တွေကြောင့် မိမိရဲ့ အချက်အလက်တွေဟာ အချိန် အပြောင်းအလဲမှာပင် သုံးမရဘဲ ဆုံးရှုံးပျက်စီးသွားနိုင် ပါတယ်။
M-Disc တွေမှာတော့ ဓာတ်မပြုနိုင်နဲ့ Inorganic Layer တွေကို အသုံးပြုထားပြီး၊ အားကောင်းတဲ့ Laser ရောင်စဉ်တမ်းတွေနဲ့ ရေးမှတ်ပြီး၊ အဲ့ဒီရေးမှတ်ထားတဲ့ အမှတ်အသားတွေ (တကယ်တော့ On/Off 0/1 တွေကို အပေါက်လေးတွေ ဖောက်ပြီးမှတ်သားထားခြင်း ဖြစ်ပါတယ်။ ဥပမာ 1 ကို အပေါက်တစ်ခု၊ 0 ကို အပေါက်မဟုတ်တာ တစ်ခု) မပျောက်ပျက်သွားအောင် Layer တစ်ခုနဲ့ ကာကွယ်ပေးထားပါတယ်။ 
US National Standards Institute ကနေ စမ်းသပ်ချက်အရ နှစ်ပေါင်း ၁၀၀၀ လောက် အနည်းဆုံး မပျက်မစီးဘဲ တည်တံ့နိုင်မယ်လို့ ဆိုပါတယ်။ များစွာသော စမ်းသပ်ချက်တွေ အရ US Military Standard ပြည့်မီတဲ့ အရည်သွေးရှိတယ်လို့ ဆိုပါတယ်။
Price and Devices!!
လက်ရှိအချိန်မှာ M-Disc တွေကို ၅ချပ်၊ ၁၀ချပ် ၁၅ချပ်ဆိုပြီး ၀ယ်ယူနိုင်ပြီဖြစ်ပါတယ်။ ဈေးနှုန်းတွေ ကတော့ 20$,30$ နဲ့ 72$ အသီးသီးရှိပါတယ်။ 
Millenniata နဲ့ Optical Storage Media တွေထုတ်လုပ်တဲ့ RITEK Corporation တို့ပူးပေါင်းပြီး M-Disc တွေ ထုတ်လုပ်ဖို့ သဘောတူညီချက် ရရှိထားပြီး M-Disc တွေကို ထုတ်လုပ်နေပြီဖြစ်ပါတယ်။
M-Disc တွေကို ရေးဖို့ အတွက် Drive တွေကို LG ကနေ ထုတ်လုပ်ပေးလျက်ရှိပြီး၊ ဖတ်ဖို့ကတော့ သာမန် Disc Drive တွေ အသုံးပြုလို့ရမှာ ဖြစ်ပါတယ်။ M-Disc တွေဟာ Read Only/Write Once ဖြစ်တဲ့အတွက် တစ်ခါရေးပြီးနောက်တစ်ခါ ထပ်ရေးလို့ရမှာ မဟုတ်ပါဘူး။ ReWritable Disc တွေတော့ လက်ရှိမှာ မထုတ်လုပ်ထားသေးပါဘူး။ Dell Inc ကလည်း Europe နိုင်ငံတွေအတွက် M-Disc Drive တွေ ထုတ်လုပ်ပေးဖို့ ယခုလပိုင်းက သဘောတူညီချက်ရရှိထားပါတယ်။ 
M-Disc တွေကို လွန်ခဲ့တဲ့ နှစ်နှစ်လောက်က မိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ ယခုအချိန်မှာတော့ ၀ယ်ယူအသုံးပြုလို့ရနေပြီ ဖြစ်ပါတယ်။ M-Disc တွေဟာ သာမာန် Disc တွေနဲ့ မတူပဲ ကွဲပြားပါတယ်။ Disc တွေဟာ ဟိုဘက်ဒီဘက် ထုတ်ခြင်းပေါက် မြင်နိုင်ပြီး၊ သာမာန် Disc တွေကဲ့သို့ ရောင်ပြန် အလွှာမပါဝင်ပါဘူး။ သိမ်းဆည်းနိုင်တဲ့ Data ပမါဏကတော့ ပုံမှန် DVD တစ်ချက်ကဲ့သို့ 4.7GB ရှိပါတယ်။ 
သားစဉ်မြေးဆက် ထိန်းသိမ်းသွားဖို့အတွက် အဖိုးတန်တဲ့ အချက်အလက်တွေကို သိမ်းဆည်းသွားချင်တယ် ဆိုရင်တော့ ထောင်စုနှစ်တိုင် မပျောက်မပြက်ဘဲ တည်တံ့နိုင်မဲ့ M-Disc တွေကို ရွေးချယ် အသုံးပြုနိုင်ဖို့ သတင်းပေးလိုက်ရပါတယ်။
အနော်ပိုစ်ဟုတ်ဖူးကိုရန်လင်းပိုစ်လေ့လာချင်ရင်http://friendsoftwarebyyanlin.blogspot.com လာခဲ့နော်မျှော်နေမယ်

No comments:

Post a Comment